သပိတ်မျှောပွဲကာလအတွင်း လောင်းလုံးတွင်လူငယ် ၅ ဦးကို စစ်မှုထမ်းရန်ဖမ်းဆီး၊ ၂ ဦးသာပြန်လွတ်
Dawei Watch
October 7, 2025ထားဝယ်ရိုးရာ သပိတ်မျှောပွဲကျင်းပရန် ပြန်နေချိန်ကာလအတွင်း လောင်းလုံးဒေသခံလူငယ် ၅ ဦးကို စစ်အာဏာရှင်တပ်က စစ်မှုထမ်းခိုင်းစေရန်အတွက် ဖမ်းဆီးသွားခဲ့ပြီး ၂ ဦးသာပြန်လွတ်လာသည်ဟု စုံစမ်းသိရှိရသည်။ ထားဝယ်မြို့ ကမ်းနားသဲကွင်း၌ ထားဝယ်ရိုးရာသပိတ် မျှောပွဲကျင်းပရန် ပြင်ဆင်နေချိန်ဖြစ်သည့် အောက်တိုဘာလ ၄ ရက်နေ့ နံနက်စောစောတွင် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်၌ စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစုဆောင်းရေးအဖွဲ့က လူငယ် ၅ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့်လူငယ် ၅ ဦးမှာ လောင်းလုံးမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံလူငယ်များဖြစ်ပြီး ထားဝယ်မြို့တွင် အလုပ်လုပ်ရန်သွားရောက်ချိန် စစ်ဆေးဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “အသက် ၁၅ နှစ်အရွယ်လူငယ် တစ်ယောက်နဲ့ နောက်တစ်ယောက် လွတ်လာတယ်။ ကျန်တဲ့ ၃ ယောက်က မလွတ်သေးဘူး”ဟု ၎င်းဒေသခံကပြောသည်။ ယင်း ၃ ဦးကို စစ်မှုထမ်းသင်တန်းတက်ရောက်ရန် ထားဝယ်မြို့မှ […]


