တနင်္သာရီတိုင်း နယ်လုံဝန်ကြီးနှင့် ကော့သောင်းဗျူဟာမှူး အပါအဝင် စစ်အရာရှိ ၇ ဦးကို တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် စစ်ကော်မရှင်ကြေညာ
Dawei Watch
February 13, 2026စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပပြီးဖြစ်ရာ လွှတ်တော်များခေါ်ယူရန် လုပ်ဆောင်နေရာတွင် တနင်္သာရီတိုင်း လွှတ်တော်အတွက် စစ်အရာရှိ ၇ ဦးကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် စစ်ကော်မရှင်က ကြေညာခဲ့သည်။ ယင်း ၇ ဦးမှာ စစ်အာဏာရှင် ကြည်းတပ်မှ ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ ရေတပ်မှ ဗိုလ်ကြီး ၁ ဦး၊ လေတပ်မှ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦးတို့ ဖြစ်ကြသည်။ စစ်အာဏာရှင် ကြည်းတပ်မှ တိုင်းဒေသကြီးလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ကြေညာခံရသည့် ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် ဗိုလ်မှူးကြီး အောင်ကိုလတ်တို့မှာ တနင်္သာရီတိုင်းရှိ လက်ရှိ စစ်အာဏာရှင်တပ်၌ […]


