ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘတ်အသစ်‌ အမည်စာရင်းလျှောက်ထားခွင့် ထိုင်းအစိုးရ ရက်ရွှေ့

Dawei Watch

October 16, 2025

ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ရန် အမည်စာရင်း (Name List) လျှောက်ထားခွင့်ကို ရက်ရွှေ့လိုက်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။ အောက်တိုဘာလ ၁၅ ရက်မှစ၍ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် စတင်လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာထားရာမှ ယနေ့တွင် ရက်ရွှေ့လိုက်ပြီဖြစ်ကြောင်း ကြေညာသည်။ နယ်စပ်အခြေအနေ ပြဿနာများကြောင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ပေးမည့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြသည်။ မည်သည့်ရက်တွင် ပြန်လည်စတင်ပြုလုပ်ပေးမည်ကိုလည်း မဖော်ပြထားဘဲ ထပ်မံအသိပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ရေးသားထားသည်။ ဘတ်အသစ်အတွက် အမည်စာရင်း တင်သွင်းခွင့်လည်း ရက်ရွှေ့လိုက်သဖြင့် အလုပ်လုပ်ခွင့်လက်မှတ်အတွက် ငွေသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ လဝကတွင် […]

စီအိုင်အေက ဗင်နီဇွဲလားတွင် အာဏာသိမ်းရန် ကြိုးပမ်းနေဟု သမ္မတမာဒူရို ပြော

Dawei Watch

October 16, 2025

အမေရိကန် စီအိုင်အေက ဗင်နီဇွဲလားတွင် အာဏာသိမ်းရန် ကြိုးပမ်းနေကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မာဒူရိုက ပြင်းပြင်းထန်ထန် အပြစ်တင်ဝေဖန်လိုက်သည်။ ဗင်နီဇွဲလားနိုင်ငံတွင် လျှို့ဝှက်စစ်ဆင်ရေးများ လုပ်ဆောင်ရန် စီအိုင်အေ (CIA) ကို ခွင့်ပြုလိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၁၅ ရက်တွင် ပြောကြားလိုက်ပြီးနောက် သမ္မတမာဒူရိုက ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ သမ္မတနီကိုလတ်စ်မာဒူရို၏ ဗင်နီဇွဲလားအစိုးရအပေါ် ထရမ့်အစိုးရက ဖိအားပေးမှု အရှိန်အဟုန် မြင့်တက်လာခြင်းကို ဖော်ပြနေကြောင်း The Guardian သတင်းစာက ဖော်ပြသည်။ ဗင်နီဇွဲလားပိုင်နက်တွင်း တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စဉ်းစားနေကြောင်းလည်း ထရမ့်က ထပ်မံ ပြောဆိုခဲ့သည်။ ယင်းမှာ မကြာသေးမီက ကာရစ်ဘီယန်ပင်လယ်အတွင်း ဗင်နီဇွဲလားလှေများကို မူးယစ်ဆေးဝါး တင်ဆောင်လာသည် စွပ်စွဲကာ လူသေသည်အထိ တိုက်ခိုက်မှုများထက် ပိုမိုပြင်းထန်လာသည့် ထရမ့်အစိုးရ၏ […]

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ ယာယီအပစ်ရပ်

Dawei Watch

October 16, 2025

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့အကြား ယာယီအပစ်အခတ်ရပ်စဲရန် အောက်တိုဘာလ ၁၅ ရက်က သဘောတူလိုက်ပြီဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်တိုက်ပွဲများကြောင့် အရပ်သား ၁၀ ဦးကျော် သေဆုံးပြီး ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် ယာယီအပစ်အခတ်ရပ်စဲရေးအတွက် သဘောတူခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း လူဒါဇင်နှင့်ချီ သေဆုံးခဲ့ရပြီးနောက် ဗုဒ္ဓဟူးနေ့တွင်လည်း နှစ်နိုင်ငံ အငြင်းပွား နယ်စပ်တလျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများသည် ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များ အာဏာရလာပြီးနောက်ပိုင်း အစ္စလာမ္မစ်နှစ်နိုင်ငံအကြား အဆိုးရွားဆုံး တိုက်ခိုက်မှုများ ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ ပါကစ္စကန်နိုင်ငံအတွင်း တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာသည့် စစ်သွေးကြွများအား ထိန်းကွပ်ရန် အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရအား ပါကစ္စတန်အစိုးရက တောင်းဆိုခဲ့သည်။ အဆိုပါ စစ်သွေးကြွများသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ခိုလှုံကာ […]

ထိုင်းတွင် ဘတ်အသစ်လျှောက်ရန် သတ်မှတ်ရက် ရောက်သော်လည်း အမည်စာရင်းတင်မရသေး

Dawei Watch

October 16, 2025

ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအားလုံး အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ရန် အမည်စာရင်း (Name List) တင်သွင်းနိုင်မည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားသော်လည်း အောက်တိုဘာလ ၁၆ ရက်နေ့အထိ အမည်စာရင်း မတင်နိုင်ကြသေးကြောင်း မြန်မာအကျိုးဆောင်များထံမှ သိရသည်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားခြင်းဖြစ်သည်။ သို့သော်လည်း ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းအထိ အမည်စာရင်း (Name List) တင်သွင်းခြင်းကို အစိုးရ၏ တရားဝင် website တွင် မပြုလုပ်နိုင်သေးကြောင်း ဘန်ကောက်ရှိ […]

အမေရိကန်နိုင်ငံကူး လက်မှတ်မှာ ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ် ၁၀ ခု အောက်သို့ကျဆင်း

Dawei Watch

October 16, 2025

အမေရိကန်နိုင်ငံကူးလက်မှတ်သည် ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ် ၁၀ ခုစာရင်းမှ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ ယင်းမှာ အမေရိကန်နိုင်ငံကူးလက်မှတ်၏ အင်အားဆက်လက်ကျဆင်းနေမှုကို ပြသနေကြောင်း စင်္ကာပူအခြေစိုက် CNA သတင်းဌာနက ဖော်ပြသည်။ ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၄) တွင် နောက်ဆုံးထုတ်ပြန်ခဲ့သော ဟန်လေနိုင်ငံကူးလက်မှတ် အညွှန်းကိန်း(Henley Passport Index)အရ အမေရိကန်နိုင်ငံကူးလက်မှတ်သည် ကမ္ဘာ့အဆင့် ၁၂ နေရာတွင် မလေးရှားနှင့် ပူးတွဲရပ်တည်လျက်ရှိပြီး နိုင်ငံ ၂၂၇ ခုအနက် ၁၈၀ သို့ ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ရှိသည်။ ဗီဇာမလိုဘဲ နိုင်ငံ ၁၉၃ ခုသို့ သွားရောက်နိုင်သည့် စင်ကာပူနိုင်ငံကူးလက်မှတ်မှာ ကမ္ဘာ့ထိပ်ဆုံးနေရာကို ရယူထားသည်။ တောင်ကိုရီးယားနိုင်ငံကူးလက်မှတ်က ဗီဇာမလိုဘဲ သွားရောက်နိုင်သည့် နိုင်ငံ ၁၉၀ ခုဖြင့် […]

ပုစွန်ဖမ်းဆီးရရှိမှုနည်းလာ၍ ပုစွန်ခြောက်ဈေးတက်

Dawei Watch

October 16, 2025

ပုစွန်ခြောက်ပြုလုပ်ရာတွင် အသုံးပြုသည့် ရေငန်ပုစွန် ဖမ်းဆီးရရှိမှုနည်းလာသည့်အတွက် ‌ပုစွန်ခြောက်ဈေး အနည်းငယ်တက်လာ‌ကြောင်း ကျွန်းစုမြို့နယ်နေ ပင်လယ်ရေလုပ်သားအချို့နှင့် ရေထွက်ပစ္စည်းရောင်းဝယ်‌ရေး ကုန်သည်အချို့ထံမှ သိရသည်။ ယခုနှစ်တွင် ပင်လယ်အတွင်း ပုစွန်ရှားပါးလာကာ ဖမ်းဆီးရရှိမှုနည်းလာခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ်နေ ရေလုပ်သားအချို့ကဆိုသည်။ ယခင်နှစ်က ပုစွန်ဖမ်းလှေငယ်များဖြင့်ဖမ်းဆီးပါက ပျမ်းမျှအားဖြင့် ပါကင်ခြင်း ၃ ခြင်းခန့်ဖမ်းဆီးရရှိရာက လက်ရှိတွင် တစ်ခြင်းသာဖမ်းမိတော့ကြောင်း ကျွန်းစုမှ ‌ပင်လယ်ရေလုပ်သားတစ်ဦးက ပြောသည်။ “ရှားလာတယ်ဆိုတာက သူတို့မှာသားပေါက်တဲ့ကာလတွေရှိတယ်။အဲဒီလိုအချိန်တွေမှာ ဖမ်းရင် ဖမ်းဆီးရမိတာ နည်းတယ်။မုန်တိုင်းအရှိန်ကြောင့် မိုးသက်(ကြီး)ရွာတယ်။ လှိုင်းလေတွေကြောင့်လည်း ပါတယ်”ဟု ၎င်းက ဆိုသည်။ ထို့အပြင် မုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် ပုစွန်‌ကိုနေလှန်းချိန်တွင်လည်း အခက်အခဲကြုံရကြောင်း အထက်ပါရေလုပ်သားကဆိုသည်။ ၂၀၂၅ ခုနှစ်အစောပိုင်းက ‌ပုစွန်ခြောက်အမျိုးအစားအပေါ် မူတည်ကာ တစ်ပိဿာလျှင် ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်း ကြားရှိရာက လက်ရှိတွင် ပုစွန်ခြောက်ရှယ်ကြီးသန့် တစ်ပိဿာလျှင် […]

အပစ်ရပ်သဘောတူညီချက်ကို မလေးစားလျှင် တိုက်ခိုက်မှု ပြန်စမည်ဟု အစ္စရေး ခြိမ်းခြောက်

Dawei Watch

October 16, 2025

ဂါဇာစစ်ပွဲကို ရပ်တန့်စေခဲ့သည့် အမေရိကန်ကျောထောက်နောက်ခံပြု အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်များကို ဟားမတ်စ်က လိုက်နာခြင်းမရှိပါက တိုက်ခိုက်မှုများကို ပြန်လည်စတင်မည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက အောက်တိုဘာလ ၁၅ ရက်တွင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ကာကွယ်ရေးဝန်ကြီးရုံး၏ အဆိုပါ ထုတ်ပြန်ချက်သည် သေဆုံးသွားသော အစ္စရေးဓားစာခံနှစ်ဦး၏ ရုပ်အလောင်းများကို ဟားမတ်စ်က ထပ်မံလွှဲပြောင်းပေးအပ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂါဇာမြို့အပျက်အစီးများကြားမှ နောက်ထပ်အလောင်းများကို အထူးကိရိယာများမပါဘဲ ထပ်မံရှာဖွေထုတ်ယူနိုင်မည် မဟုတ်ကြောင်း ဟားမတ်စ်ကပြောဆိုလိုက်ပြီး ယခုလွှဲပြောင်းသည့် အလောင်းနှစ်လောင်းမှာ အစ္စရေးဘက်သို့ လွှဲပြောင်းပေးမည့် နောက်ဆုံး ဓားစာခံများဖြစ်မည်ဟုလည်း ပြောကြားလိုက်သည်။ “ဟားမတ်စ်ဘက်က အပစ်ရပ်သဘောတူညီချက်ကို လိုက်နာဖို့ ငြင်းဆန်ရင် အစ္စရေးက အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းပြီး တိုက်ခိုက်မှုတွေကို ပြန်စတင်ပါမယ်။ ဂါဇာက မြေပြင်အခြေအနေကို ပြောင်းလဲပစ်ပါမယ်။ စစ်ပွဲရဲ့ ရည်မှန်းချက်အားလုံးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်” ဟု အဆိုပါ […]

တနင်္သာရီ ဘန်းလမွတ်ရွာကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့်ပစ်၍ အမျိုးသမီးနှစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရ

Dawei Watch

October 15, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်၏ အမှတ် ၃၀၆ အမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးကြီးနှစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများနှင့် မိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ အောက်တိုဘာလ ၁၄ ရက် ညနေ ၄ နာရီဝန်းကျင်တွင် မော်တုန်းရွာအခြေစိုက် အမှတ် ၃၀၆ အမြောက်တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးနှစ်လုံးပစ်ခတ်ရာ ဘန်းဘမွတ်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်အတွင်းရှိသူ ၃ ဦးဒဏ်ရာရသွားကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၈၀ ဝန်းကျင်အရွယ် အမျိုးသမီးကြီးတစ်ဦး၏ လက်တွင် လက်နက်ကြီး အစထိမှန်ဒဏ်ရာရသွားပြီး ဒဏ်ရာပြင်းထန်သဖြင့် တနင်္သာရီမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ပြောသည်။ “လက်နက်ကြီးက အိမ်နှစ်အိမ်ကြားမှာကျတယ်။ နှစ်အိမ်မှာ သုံးယောက်ထိသွားတယ်။အဘွားအိုနဲ့ ကလေးတစ်ယောက်ထိတယ်။ […]