ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လေကြောင်း တိုက်ခိုက်ပြီးနောက် ဂါဇာတွင် အပစ်ရပ်ရေး ပြန်စနေပြီဟု အစ္စရေး ပြော

Dawei Watch

October 20, 2025

ဂါဇာတွင် အောက်တိုဘာလ ၁၉ ရက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် အပစ်ရပ်သဘောတူညီချက်ကို ပြန်လည် စတင်အကောင်အထည်ဖော်နေပြီဟု အစ္စရေးက ဆိုသည်။ အစ္စရေးက တနင်္ဂနွေနေ့တွင် ဂါဇာ၌ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အပစ်ရပ်သဘောတူညီချက်ကို ဟားမတ်စ်အဖွဲ့က ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲကာ ဂါဇာသို့ အကူအညီများ ပေးပို့မှုကို ရပ်ဆိုင်းကြောင်း အစ္စရေးဘက်က ကြေညာပြီးနောက်တွင် ယင်းသို့ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ အစ္စရေး၏ အဆိုပါ တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် လူပေါင်း ၄၄ ဦး သေဆုံးခဲ့ရကြောင်း BBC သတင်းတွင် ဖော်ပြသည်။ တနင်္ဂနွေနေ့က ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့တွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက လက်နက်ငယ်၊ တင့်ကား ဖျက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် […]

ချွန်ဘူရီတွင် အလုပ်ရှာခ ဘတ်တစ်သောင်းကျော်ပေးပြီး အလုပ်ဝင်သည့် မြန်မာ ၁၅၀ အလုပ်ရပ်နားခံရ

Dawei Watch

October 20, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၁၅၀ ဦးသည် အလုပ်စမတ်ကြေး (အလုပ်ရှာဖွေခ) ဘတ်တစ်သောင်းကျော်ပေး၍ အလုပ်ဝင်ထားသော်လည်း အလုပ်ရပ်နားခံရကြောင်း ၎င်းတို့ကို ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သော ဧပြီလနောက်ဆုံးအပတ်က မြန်မာအလုပ်သမား ၁၅၀ ဦးသည် စီရချာဒေသရှိ ရေပူရေအေးခွက်စက်ရုံတွင် အလုပ်စမတ်ကြေး ဘတ် ၈၀၀၀ နှင့် အလုပ်ရှင်ပြောင်းခ ဘတ် ၄၅၀၀ ပေး၍ ဘတ်ငါးသန်းကုမ္ပဏီအကျိုးဆောင်မှတစ်ဆင့် အလုပ်ဝင်ထားကြကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အလုပ်စမတ်ကြေးဆိုသည်မှာ အလုပ်သမားများက အကျိုးဆောင်များကတစ်ဆင့် အလုပ်ရှာဖွေသည့်အခါ ပေးရသည့် အခကြေးငွေ ဖြစ်သည်။ အလုပ်ဝင်ပြီးနောက် စက်တင်ဘာလနှင့် အောက်တိုဘာလအတွက် လုပ်အားခများကို အလုပ်ရှင်က မြန်မာအလုပ်သမားများကို မထုတ်ပေးတော့ကြောင်း ဆိုသည်။ အလုပ်ရှင်က လုပ်အားခများကို ထုတ်ပေးမည်ဟု ကတိပေးထားသော […]

ထိုင်း-မြန်မာနယ်စပ်လမ်းရှိ သိန်ခွန်းရွာတွင် ငါးရက်ဆက်တိုက်ပွဲဖြစ်

Dawei Watch

October 20, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာကို စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီးနောက် စစ်ကြောင်းထိုးလာသဖြင့် ငါးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်တပ်များနှင့် နီးစပ်သူများထံမှ သိရသည်။ သိန်ခွန်းရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က အင်အားငါးရာနီးပါးဖြင့် စစ်ကြောင်းလေးကြောင်းခွဲကာ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် အောက်တိုဘာလ ၁၄ ရက်မှ ၁၈ ရက်နေ့ အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း တော်လှန်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲက နေ့တိုင်းကြမ်းနေတယ်။ ရန်သူအင်အား ငါးရာဝန်းကျင်နဲ့ ထိုးစစ်ဆင်လာတယ်” ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။ စစ်အာဏာရှင်တပ်၏ အမှတ် ၄၃၁ ခြေမြန်တပ်ရင်း၊အမှတ် ၂၈၀ ခြေလျင်တပ်ရင်း၊ အမှတ် ၁၀၃ ခြေလျင်တပ်ရင်း၊ အမှတ် ၂၆၇ ခြေလျင်တပ်ရင်း ၊အမှတ် ၂၆၅‌ ခြေလျင်တပ်ရင်းနှင့် အမှတ် ၁၀၁ ခြေလျင်တပ်ရင်းတို့ ပူးပေါင်း၍ ထိုးစစ်ဆင်နေကြောင်း […]

မြိတ်၊ မဇောကျေးရွာအုပ်စုတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးနေ၍ တိုက်ပွဲဖြစ်

Dawei Watch

October 20, 2025

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ သကန်ရွာဟောင်းကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်‌ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ အောက်တိုဘာ ၁၈ရက် ညနေ ၄ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်သား ၃၀ ဝန်းကျင်သည် တုံးဗျောကျေးရွာမှ မဇောကျေးရွာအုပ်စု၊ တောင်ပုရွာလမ်းဆုံံမှတစ်ဆင့် သကန်ရွာဟောင်းဘက်ကို စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ “စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ကြတယ်။တိုက်ပွဲက မိနစ်သုံးဆယ်ကြာ ထိတွေ့မှုဖြစ်ပြီး သူတို့ဘက်က ပြန်လည်ဆုတ်ခွာသွားကြတယ်။ တိုက်ပွဲအတွင်း လက်နက်ကြီးတွေ နှစ်ဖက်စလုံး အပြန်အလှန်ပစ်ခတ်တယ်”ဟု ၎င်းက ပြောသည်။ တိုက်ပွဲဖြစ်ပြီးနောက် ည ၇ နာရီခွဲဝန်းကျင်တွင် စစ်အာဏာရှင်တပ်သားများသည် တောင်ပုရွာရှိ ပြည်ထောင်စုလမ်းမကြီးသို့ ပြန်လည်ရောက်ရှိလာပြီး တောင်ပုရွာ ဘုရားတောင်ဘက်သို့ ခြေလျင် ထွက်ခွာသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူတို့က […]

ကမ္ဘောဒီးယားမှ ပြန်ပို့လိုက်သည့် နိုင်ငံသားများကို တောင်ကိုရီးယား အာဏာပိုင်များ ဖမ်းဆီးထား

Dawei Watch

October 18, 2025

အွန်လိုင်းငွေလိမ်စင်တာများတွင် ပါဝင်ပတ်သက်မှု သံသယဖြင့် ကမ္ဘောဒီးယား အာဏာပိုင်များက ဖမ်းဆီးထိန်သိမ်းကာ နိုင်ငံပြန်ပို့လိုက်သည့် တောင်ကိုရီးယားနိုင်ငံသား ၆၄ ဦးကို တောင်ကိုရီးယား အစိုးရကလည်း ဖမ်းဆီးစစ်ဆေးနေပြီဖြစ်သည်။ အဆိုပါနိုင်ငံသားများကို ကမ္ဘောဒီးယားက ယနေ့ အောက်တိုဘာလ ၁၈ ရက်တွင် မိခင်နိုင်ငံသို့ ပြန်ပို့လိုက်ခြင်းဖြစ်ပြီး တောင်ကိုရီးယားအာဏာပိုင်များကလည်း ရာဇဝတ်မှု စွဲချက်များဖြင့် စုံစမ်းစစ်ဆေးရန် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ အဆိုပါ တောင်ကိုရီးယားနိုင်ငံသား ၆၄ ဦးမှာ ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာများတွင် ပါဝင်ပတ်သက်နေကြောင်း၊ ငွေလိမ်စင်တာများတွင် မိမိဆန္ဒအလျောက် ပါဝင်ပတ်သက်ခဲ့ကြသူများရော၊ မိမိဆန္ဒနှင့် ဆန့်ကျင်၍ ပါဝင်ပတ်သက်ခဲ့ရသူများပါ ပါဝင်ကြောင်း တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေး Wi Sung-lac က ပြောသည်။ ၎င်းတို့ကို မိခင်နိုင်ငံသို့ ပြန်လွှဲပြောင်းပေးရန် သဘောတူညီမှုသည် “အွန်လိုင်းငွေလိမ်မှုများကို နှိမ်နှင်းရာတွင် တောင်ကိုရီးယားနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ကောင်းမွန်သော […]

လက်ရှိထိန်းချုပ်နယ်မြေအတိုင်း ယူကရိန်းစစ်ကို ရပ်တန့်ရန် ထရမ့်ပြော

Dawei Watch

October 18, 2025

ယူကရိန်းစစ်ပွဲကို လက်ရှိတိုက်ပွဲထိန်းချုပ်နယ်မြေအတိုင်း လက်ခံပြီး ရပ်တန့်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၁၇ ရက်နေ့က ပြောကြားလိုက်သည်။ သောကြာနေ့က အိမ်ဖြူတော်တွင် ယူကရိန်းသမ္မတဇလန်းစကီးနှင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်တွင် ထရမ့်က လူမှုကွန်ရက်ပေါ်တွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ နာရီများစွာ ကြာမြင့်ခဲ့သည့် အဆိုပါ အိမ်ဖြူတော်တွေ့ဆုံမှုအတွင်း သမ္မတထရမ့်နှင့် သမ္မတဇလန်းစကီးတို့အကြား ယူကရိန်းစစ်ပွဲ၏ အနာဂတ်နှင့် ပတ်သက်၍ သဘောထားကွဲလွဲခဲ့ကြကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ ဆွေးနွေးပွဲမှာ တဲ့တိုးပြောဆိုမှုများနှင့် တင်းမာမှု ရှိခဲ့ပြီး ရံဖန်ရံခါ စိတ်ကသိကအောက်ဖြစ်စရာများ ကြုံခဲ့ရသည့် ဆွေးနွေးပွဲတစ်ခု ဖြစ်ကြောင်း နီးစပ်သူများ၏ ပြောကြားချက်ကို ကိုးကား၍ CNN က ဖော်ပြသည်။ လက်ရှိအချိန်တွင် ယူကရိန်းအနေဖြင့် ၎င်းတို့ တောင်းဆိုထားသည့် ရုရှားအတွင်းပိုင်းအထိ ပစ်ခတ်နိုင်သည့် တိုမာဟော့ခ်တာဝေးပစ်မစ်ဆိုင်းဒုံးများကို […]

ယူကရိန်းစစ် အဆုံးသတ်ရေး ဆွေးနွေးရန် ပူတင်နှင့် ဟန်ဂေရီတွင်တွေ့မည်ဟု ထရမ့်ပြော

Dawei Watch

October 17, 2025

ယူကရိန်းစစ် အဆုံးသတ်ရေး ဆွေးနွေးရန် လာမည့်ရက်သတ္တပတ်နှစ်ပတ်ခန့် အတောအတွင်း ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဟန်ဂေရီတွင် တွေ့ဆုံသွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၁၆ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ကြာသပတေးနေ့တွင် ပူတင်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ထရမ့်က ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ပူတင်နှင့် ဖုန်းပြောဆိုမှုမှာ အကျိုးဖြစ်ထွန်းမှုရှိကြောင်းလည်း ထရမ့်က ပြောသည်။ သမ္မတထရမ့်သည် ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ယူကရိန်းသမ္မတဇလန်းစကီးနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံသွားရန် ရှိသည်။ လက်ရှိအချိန်တွင် ယူကရိန်းနှင့် ရုရှားအကြား အပြန်အလှန် အကြီးအကျယ် တိုက်ခိုက်နေကြပြီး နေတိုးအဖွဲ့မှာလည်း ရုရှား၏ လေကြောင်းကျူးကျော်မှုတွေကို တုံ့ပြန်ရန် ရုန်းကန်နေရသည်။ အဆိုပါ နောက်ခံအခြေအနေများအကြားတွင် ယူကရိန်းသမ္မတအနေဖြင့် အမေရိကန်ထံမှ စစ်ရေးအထောက်အပံ့ပိုမိုရရှိရေး တွန်းအားပေးတောင်းဆိုရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိမ်ဖြူတော်တွင် ယနေ့ […]

ရေးမြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ပြည်သူများ စစ်ရေးသတိရှိကြရန် တိုက်တွန်း

Dawei Watch

October 17, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းဘက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိပြီး ပြည်သူများအနေဖြင့် စစ်ရေး သတိရှိရှိဖြင့် နေထိုင်သွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် ရေးမြို့နယ်မြောက်ပိုင်းဒေသဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက် လာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ အောက်တိုဘာလ ၁၀ ရက်ကစပြီး ယနေ့ အောက်တိုဘာ လ ၁၇ ရက်အထိ နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်းက ကျေးရွာများနှင့် ကားလမ်းတစ်ဖက်တစ်ချက်ရှိ ရော်ဘာခြံများထဲတွင် ပြောက်ကျားပုံစံဖြင့် ကင်းပုန်းဝပ်နေကြကြောင်း ဒေသခံများက ဆိုသည်။ “ရေးမြောက်ပိုင်းဘက်မှာ ကားလမ်းအရှေ့ဘက်ရော အနောက်ဘက်ရော စစ်သားတွေ ချထားတယ်။ သူတို့ ပြောက်ကျား ပုံစံနဲ့ ရော်ဘာခြံတွေမှာ အပြည့်ပဲနေနေတာ။ ရွာတိုင်းလို့ ပြောလို့ရတယ်။ တပ်တွေချထားတာ အများကြီးပဲ၊ မနက်ပိုင်း တစ်ချက်ပဲ ကားလမ်းဘက်ထွက်ပြပြီးတော့ ရော်ဘာခြံထဲမှာ […]