ဟိုတယ်ထားဝယ်ပိုင်ရှင် ထွန်းမင်းလတ်ကို ထိုင်းတရားရုံးက တရားသေလွှတ်
Dawei Watch
January 30, 2024မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုစသော အမှုများဖြင့် ဖမ်းဆီးခံထားရသော ဟိုတယ်ထားဝယ်ပိုင်ရှင် ထွန်းမင်းလတ်ကို ထိုင်းတရားရုံးက ယနေ့(ဇန်နဝါရီ ၃၀) တရားသေ ပြန်လွှတ်ပေးလိုက်ကြောင်း REUTERS သတင်းဌာနတွင်ဖော်ပြထားသည်။ ထိုင်းမှုခင်းတရားရုံးက လုံလောက်သော သက်သေအထောက်အထားများ မရှိဟုဆိုကာ ဖမ်းဆီးခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် တရားသေ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စီးပွါးဖက်ဖြစ်သော အသက် ၅၄ နှစ်အရွယ် ထွန်းမင်းလတ်ကို ပြီးခဲ့သော၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ကက ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုများဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လက်နက်ပွဲစားလည်းဖြစ်သူ မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်ကို အနည်းဆုံးထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ်အထိ ချမှတ်နိုင်သော မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု နှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတို့ဖြင့် ၂၀၂၂ ဒီဇင်ဘာလ […]


