ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

NCA လက်မှတ်ထိုးထားသည့် ပအိုဝ်းတပ် စစ်ကောင်စီကို တိုက်ခိုက်တော့မည်ဟုကြေညာ

Dawei Watch

January 27, 2024

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA/PNLO) သည် ညီနောင်မဟာမိတ်များနှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်တော့မည်ဖြစ်ကြောင်း PNLO က ဇန်နဝါရီလ ၂၆ရက်တွင် ကြေညာသည်။ အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးတွင် လက်နက်စွဲကိုင်တော်လှန်ကြသော်လည်း PNLO က ပါဝင်ခြင်း မရှိဘဲ NCA အတိုင်း ရပ်တည်ကာ စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။ သို့သော် အာမခံချက်ရှိသည့် နိုင်ငံရေးရလဒ် တစ်စုံတစ်ရာ မရရှိကြောင်း PNLO က ဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်တွင်မူ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စံဖူး(လုံးဟီး) ကျေးရွာတွင် ပအိုဝ်းတပ် ယာဉ်တန်းကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO ပိတ်ဆို့ ဟန့်တားရာမှ တိုက်ပွဲစတင်ဖြစ်ပွားကြောင်း ဖော်ပြသည်။ စစ်မီးဆက်လက် မကူးစက်စေရန် စစ်ကောင်စီနှင့် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

January 26, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဟိန္ဒူဘုရားကျောင်းသစ်ကို အိန္ဒိယဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး အိန္ဒိယနိုင်ငံ အယုဒ္ဓရမြို့က သမိုင်းဝင်ဗလီ တည်ရှိခဲ့တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ ဟိန္ဒူဘုရားကျောင်းသစ်ကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဇန်နဝါရီလ ၂၂ ရက်နေ့က ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဟိန္ဒူဘာသာဝင်တွေယုံကြည်ကိုးကွယ်ရာ ရာမဘုရား အတွက်ဆောက်လုပ်တဲ့ ဘုရားကျောင်းပါ။ လာမယ့်ရွေးကောက်ပွဲမှာ ဟိန္ဒူမဲဆန္ဒရှင်တွေကို ဆွဲဆောင်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ ဝန်ကြီးချုပ် မိုဒီ ကိုယ်တိုင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်တဲ့ ဒီဘုရားကျောင်းဖွင့်ပွဲကို ဟိန္ဒူဘုန်းတော်ကြီးတွေက ဦးဆောင်ကျင်းပခဲ့ပါတယ်။ ဘုရားကျောင်းသစ် တည်ဆောက်တဲ့ နေရာမှာ ယခင်က […]

သရက်ချောင်းတွင် စစ်ကောင်စီစစ်ကြောင်းဖြတ်သွားချိန် ကျေးရွာများကိုပစ်ခတ်

Dawei Watch

January 26, 2024

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း ဖြတ်သန်းသွားလာစဉ် ပိတိုင်၊ ပြင်းဖြူကြီး၊ ချောက်ချောင်းရွာများကို ဘက်ကိုလက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် စစ်ကားသုံးစီးနှင့် အင်အား ၃၀ ခန့်ပါသည့် ခြေလျင်စစ်ကြောင်းတို့သည် ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် သရက်ချောင်းမြို့မှ မြို့နယ်အောက်ဘက်ပိုင်းသို့ သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းသို့ သွားလာချိန် ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ချောက်ချောင်းရွာက နေအိမ်တစ်လုံး လက်နက်ကြီးကျည်စထိမှန်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ တိုက်ပွဲဖြစ်သလိုပဲ ပစ်ပြီးဆင်းလာကြတာ။ ပစ်နေတဲ့အချိန် အိမ်အောက်မှာ ပုန်းနေကြရတယ်။ ဘာလို့ပစ်မှန်းတော့မသိဘူး” ဟု ပြင်းဖြူကြီးကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ လက်နက်ကြီးကျည်စထိမှန်သည့် နေအိမ်အနည်းငယ်ထိခိုက်မှုရှိပြီး အဝတ်ဗီဒိုမီးစွဲလောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူတို့ပစ်ခံရရင်လည်း […]

ဆီဆိုင်မြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ခတ်

Dawei Watch

January 26, 2024

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်တွင် ယနေ့ ဇန်နဝါရီလ ၂၆ ရက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် လာရောက်ပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြချက်အရ သိရသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ကရင်တပ် KNDF နှင့် PDF တို့ပူးပေါင်းကာ ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ်၊ ရဲစခန်းတို့ကို ဇန်နဝါရီလ ၂၅ ရက်တွင် တိုက်ခိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဘက်က ဆီဆိုင်မြို့နှင့် ကျေးရွာလေးရွာကို ယင်းနေ့တွင် ဂျက်တိုက်လေယာဉ်အပါအဝင် Y12 လေယာဉ်ဖြင့် အကြိမ် ၂၀ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PNLA က ထုတ်ပြန်ထားသည်။ ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံး တစ်ရာကျော် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ယင်းသို့ ဗုံးချတိုက်ခိုက်သဖြင့် ဆီဆိုင်မြို့မစျေးမီးလောင်သွားကြောင်း ဒေသတွင်း သတင်းအချို့တွင် ဖော်ပြသည်။ တော်လှန်ရေးတပ်များက […]

တနင်္သာရီ ညောင်ပင်ကွင်းတွင် ကျည်ထိမှန်သေဆုံးသည့် အရပ်သားနှစ်ဦးနှင့် ဒဏ်ရာရသူသုံးဦးအထိရှိလာ

Dawei Watch

January 26, 2024

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအုပ်စုပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ဇန်နဝါရီလ ၁၅ ရက်စ၍ ဇန်နဝါရီလ ၂၅ ရက် အထိ နှစ်ဖက်ပစ်ခတ်မှုများရှိနေပြီး ယင်းကာလအတွင် အရပ်သား နှစ်ဦး ကျည်ထိမှန်သေဆုံးကာ သုံးဦးဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ညောင်ပင်ကွင်းရွာသား ကိုဆောင်းချိုဆိုသူ တနင်္သာရီမြို့နယ်၊ ချောင်းဝရွာရှိ ဥယျာဥ်ခြံတစ်ခုအတွင်းရှိနေစဥ် စစ်ကောင်စီစစ်ကြောင်းနှင့်တွေ့ကာ ပစ်ခတ်ခံရပြီး သေဆုံးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “ကိုဆောင်းချိုမှာ ညာဘက်လက်မောင်းနဲ့ ညာဘက်ကျောမှာ သေနတ်ဒဏ်ရာ နှစ်ချက်တွေ့တယ်။ ပစ်ခံရတဲ့နေ့က ညနေ ၄နာရီလောက် မိသားစုက နာရေးအဖွဲ့တွေနဲ့ အလောင်းသွားကောက်ပြီး ချောင်းဝသုသာန်မှာပဲ မြေမြုပ်လိုက်တယ်” ဟု ၎င်းက ပြောသည်။ အလားတူ ဇန်နဝါရီလ ၂၃ ရက်တွင် […]

ထားဝယ် ကျောက်ထုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ရှစ်ဦးဖမ်းမိ

Dawei Watch

January 26, 2024

ထားဝယ်မြို့နယ် ဘန်းချောင်းဒေသက ကျောက်ထုစစ်ဆင်ရေးအခြေကုတ်စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းများနှင့် အတူ စစ်ကောင်စီတပ်သား ရှစ်ဦးကို အရှင်ဖမ်းမိကြောင်း KNLA တပ်ရင်း (၂၇)နှင့် တပ်ရင်း (၁၂) က တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ ကျောက်ထုစခန်းကို ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် စတင်တိုက်ခိုက်ခဲ့ပြီး တစ်ရက်အကြာ ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ကျောက်ထုစခန်းမှာ တနင်္သာရီတိုင်းတွင် တော်လှန်ရေးတပ်များက ပထမဆုံးအကြိမ် သိမ်းယူနိုင်ခဲ့သည့် စခန်းဖြစ်သည်။ “စကစဘက်က ၁၅ ယောက်သေဆုံးတယ်။ ကျွန်တော်တို့ ဖမ်းမိတာကတော့ ၈ ယောက်ပေါ့။ သူ့ရဲ့ မိန်းမတယောက်ပါဆို ၉ ယောက်ပေါ့။ လက်နက်ခဲယမ်းကတော့ ကျွန်တော်တို့ […]

ကော့သောင်းတွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး

Dawei Watch

January 26, 2024

ကော့သောင်းမြို့ တွင် ရေနစ်သေဆုံးသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက တွေ့ရှိကြောင်း ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။ ကော့သောင်းမြို့၊ မြေနီလမ်း၊ ဦးအေးမောင်ဂိုဒေါင်အနီးကမ်းနားတွင် ယနေ့ ဇန်နဝါရီ ၂၆ ရက် နံနက် ၇ နာရီခန့်က တွေ့ရှိခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရေနစ်သေဆုံးသူမှာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းရွာ‌တွင် နေထိုင်သည့် အသက် ၄၆ နှစ်အရွယ်ရှိ ဦးမြင့်ကို ဆိုသူဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။ “သူက (သေဆုံးသူ) ပိုက်လှေငယ်လိုက်နေတယ်။ သူရဲ့ နာမည် ဇာတိနဲ့ လိပ်စာကို သူ့ လှေကနေ သိရတာ” ဟု ၎င်းက ပြောဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် ရေနစ်မြုပ်သေဆုံးခဲ့သည်ကိုမူ တိတိကျကျ မသိရသေးပေ။ သေဆုံးသူ၏ […]

မလေးရှားတွင် မြေပြိုမှုကြောင့် မြန်မာနိုင်ငံသား ၁ ဦးသေပြီး ၄ ဦးပျောက်ဆုံးနေ

Dawei Watch

January 26, 2024

မလေးရှားနိုင်ငံ၏ ခရီးသွားဒေသတစ်ခုဖြစ်သော Cameron Highlands တွင် ယနေ့ နံနက်ပိုင်းက မြေပြိုမှုကြောင့် မြန်မာနိုင်ငံသား ၅ ဦး ပိသွားခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကာ ၄ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြထားသည်။ Cameron Highlands ဒေသ၏ တောင်ပြာတန်း မြို့ငယ်လေးတွင် ယနေ့ နံနက် ၂ နာရီခန့်က မြေပြိုမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများ နေထိုင်သည့်အိမ်အပေါ် ပြိုကျလာခြင်းဖြစ်သည်။ မြေပြိုမှုဖြစ်ပွားနေကြောင်း ယနေ့ နံနက် ၂ နာရီ ၁၀ မိနစ်ခန့်က ကယ်ဆယ်ရေးအဖွဲ့များ သတင်းရရှိခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သတင်းတွင်ဖော်ပြထားသည်။ သေဆုံးသူသည် အသက် ၃၆ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး ကျန်သော အမျိုးသား ၃ ဦးနှင့် အမျိုးသမီး […]