ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေး-ထားဝယ်ကားလမ်းတွင် မူးယစ်ဆေးဝါးသယ်လာသည့် ကုန်ကားတစ်စီး ဗထူးတပ်ဖမ်းဆီး

Dawei Watch

February 13, 2024

ရေဖြူမြို့နယ် ရေး-ထားဝယ်ကားလမ်းတွင် မူးယစ်ဆေးဝါး သယ်လာသည့်ကုန်တင်ကားတစ်စီးကို ဖေဖော်ဝါရီလ ၉ ရက်ကဖမ်းဆီးထားကြောင်း ဗထူးတပ်မတော်က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရန်စောင့်ဆိုင်းနေစဥ် ရေးမြို့ဘက်မှလာသော ၁၂ဘီးကုန်တင်ယာဥ်တစ်စီး အား ရပ်တန့်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးများ ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ အဆိုပါကုန်တင်ကားတွင် ကာလတန်ဖိုး ကျပ်သိန်းကိုထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား နှစ်သိန်းရှစ်သောင်းကျော် နှင့် ငွေသား ကျပ်ဆယ့်တစ်သိန်းကျော် သိမ်းဆည်းခဲ့ကြောင်း ဗထူးတပ်ထံကသိရသည်။ ကုန်တင်ကားနှင့် မူးယစ်ဆေးဝါးအပါအဝင် သယ်ဆောင်လာသည့်ကုန်ပစ္စည်းအားလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက် ၂ဦးကို ဆက်လက်ဖမ်းဆီးထားကြောင်း ဗထူးတပ်မတော် ပြန်ကြာရေး တာဝန်ခံ ကိုထက်မြက်ကပြောသည်။ အဆိုပါဖမ်းဆီးထားသူ နှစ်ဦးအား အရေးယူမှုနှင့်ပတ်သက်၍ မေးမြန်ရာ “လက်ရှိစစ်ဆေးနေတဲ့အခြေအနေမှာပဲရှိသေးတယ်။ အရေးယူဖို့က နောက်ထပ်အပိုင်း။ ဘယ်လိုအရေးယူမယ်ဆိုတာကပြောလို့မရသေးဘူး” ဟု ကိုထက်မြက် က ပြောဆိုသည်။ ယင်းကားကို ဖမ်းဆီးသည့် ရက်တွင် […]

စစ်သင်္ဘောတစ်စင်းကို ထပ်မံတိုက်ခိုက်နစ်မြှုပ်ခဲ့ကြောင်း AA ပြော

Dawei Watch

February 13, 2024

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်သင်္ဘောတစ်စင်းကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် ထပ်မံတိုက်ခိုက်နစ်မြှုပ်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်နေ့တို့တွင် ကျောက်တော်မြို့နယ်တွင် စစ်သင်္ဘောသုံးစီးကို တိုက်ခိုက်နစ်မြှုပ်ပြီးနောက် မင်းပြားမြို့နယ်တွင် နောက်ထပ်စစ်သင်္ဘောတစ်စင်းကို နစ်မြှုပ်နိုင်ခဲ့ခြင်ဖြစ်ကြောင်း ဖော်ပြသည်။ ယခုသီတင်းပတ်အတွင်း ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား ရေကြောင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မင်းပြားမြို့နယ်တွင် ရေကြောင်းအပြင် လေကြောင်း တိုက်ခိုက်မှုလည်းရှိနေပြီး ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းက လေကြောင်းဖြင့် ပစ်ခတ်သဖြင့် ထုတ်ပင်လယ်ရွာက အရပ်သား လေးဦး အပြင်းအထန် ဒဏ်ရာရကြောင်း AA က ဆိုသည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြောရွာအနီးတွင်လည်း တိုက်ပွဲများ […]

တနင်္သာရီ မော်တုန်းရွာက သက်ကြီးပိုင်း အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

Dawei Watch

February 12, 2024

တနင်္သာရီမြို့နယ် ၊ မော်တုန်းကျေးရွာက အသက် ၆၂ နှစ်အရွယ် ဦးဟာဂျီ ဆိုသူသည် ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၈နာရီဝန်းကျင်၌ မြို့ဟောင်းရွာတွင် မြေမြှုပ်မိုင်းနင်းမိ၍ ဆေးကုသနေစဉ် အသက်ဆုံးရှုံးသွားကြောင်း ဒေသခံများကပြောသည်။ နာရေးကူညီမှုအသင်းအတွက် အလှူငွေသွားရောက်ကောက်ခံပြီး နေအိမ်ရှိရာ မော်တုန်းရွာသို့ မြို့ဟောင်းရွာမှ ပြန်လာစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ဦးဟာဂျီ မိုင်းနင်းမိသည့် နေရာနှင့်စစ်ကောင်စီ၏ အမှတ် (၃၀၆) အမြောက်တပ်ရင်းသည် ၂ ဖာလုံခန့်ကွာဝေးကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါမိုင်းသည် လူနေအိမ်များ၏အနောက်ဘက်တွင် ထောင်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ မိုင်းနင်းမိပြီးနောက် အမှတ် (၃၀၆) အမြောက်တပ်ရင်အား ဆက်သွယ်အကူအညီတောင်းခံခဲ့သော်လည်း တယ်လီဖုန်းဖြင့်သာ မိုင်းရှိသည့်နေရာများ ညွှန်ကြား၍ ကိုယ်တိုင်လာရောက် ကူညီပေးခြင်းမရှိခဲ့ကြောင်း သွားရောက်ကူညီရာတွင်ပါဝင်ခဲ့သူများကပြောပြသည်။ “မိုင်းနင်းမိတော့ မိုင်းကွင်းဖြစ်နေမှာစိုးလို့ […]

သရက်ချောင်းမြို့နယ်၊ ကြာအင်းရွာက အမျိုးသမီးတစ်ဦး ရော်ဘာခြစ်သွားစဉ် မိုင်းနင်းမိ

Dawei Watch

February 12, 2024

သရက်ချောင်းမြို့နယ်၊ ကြာအင်းရွာက အမျိုးသမီးတစ်ဦးသည် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းက ရော်ဘာခြစ်သွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ မိုင်းနင်းမိသည့် အသက် ၄၀ ကျော်အရွယ် ဒေါ်မြင့်သန်း၏ ရော်ဘာခြံမှာ ကြာအင်းရွာအနီးက ပန်းတော့ရွာအလွန်တွင် တည်ရှိကြောင်း ကြာအင်းကျေးရွာက အမျိုးသားတစ်ဦးက ဆိုသည်။ “ခြေဖဝါးရှေ့က တစ်ပိုင်းတော့ ပြတ်ထွက်သွားတယ်။ ခြေနင်းမိုင်းပါ၊ ဆေးရုံ ပို့ထားတယ်” ဟု ၎င်းက ပြောသည်။ မြေမြှုပ်မိုင်းမှာ ပန်းတော့ရွာအနီး ရော်ဘာခြံသွားသည့် လူသွားလမ်းတွင် နင်းမိခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က ထောင်ထားသည့် မိုင်းဖြစ်သည်ကိုမူ မသိကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၂ရက် နေ့လယ်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းလာရှင်းပေးရာ မိုင်းတစ်လုံး ထပ်တွေ့ကြောင်း ဒေသခံအချို့က ဆိုသည်။ […]

MoU မြန်မာလုပ်သားများ အလုပ်မရသည့်အပြင် ပွဲစားကအလုပ်ရှာဖွေခ ထပ်တောင်း

Dawei Watch

February 12, 2024

ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်ရှိ တရားဝင် MoU မြန်မာအလုပ်သမားများသည် စတင်ဝင်ရောက်ပြီး တစ်လကျော်ကြာအထိ အလုပ်မရသည့်အပြင် အလုပ်ရှာဖွေရန်အတွက် ငွေကြေးများ ထပ်မံပေးဆောင်ထားရကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG မြန်မာအလုပ်သမားများထံမှ သိရသည်။ မြန်မာအလုပ်သမား ၁၁ ဦးကို မြန်မာအေဂျင်စီ SMZ Employment Services Agency က ထိုင်းနိုင်ငံ ချွန်ဘူရီရှိ တာယာပေါင်းဆေးစက်ရုံတွင် လုပ်ကိုင်ရန် နှစ်နှစ်စာချုပ်အဖြစ် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စေလွှတ်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။ MoU နှင့် လာရောက်ရန်အတွင် အေဂျင်စီကို ၂၈ သိန်းအထိ ပေးချေခဲ့ရပြီး အချိန် ၆ လကျော်ကြာအောင် စောင့်ဆိုင်းခဲ့ပြီးမှ ထိုင်းသို့ လာရောက်ရခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရောက်လာသောအခါ စာချုပ်ပါကုမ္ပဏီမဟုတ်ဘဲ နခွန်ပထုံ နေရာတစ်ခုရှိ […]

စစ်သင်္ဘောသုံးစင်း တိုက်ခိုက်ခံရမှုတွင် တပ်မိသားစုဝင်များ သေဆုံးသည်ဆိုသည့်အပေါ် AA တုံ့ပြန်

Dawei Watch

February 12, 2024

စစ်ကောင်စီတပ် စစ်သင်္ဘောသုံးစင်းကို တိုက်ခိုက်နစ်မြှုပ်ခဲ့ရာတွင် ရေးကူးပြီး အသက်ရှင်လွတ်မြောက်လာသူများကို ကယ်တင်ထားကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ကျောက်တော်မြို့မှ စစ်တွေမြို့သို့ ပြောင်းရွှေ့လာချိန် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ် မိသားစုဝင်နှင့် ဝန်ထမ်း မိသားစုဝင် ရာနှင့်ချီသေဆုံးပြီး ရေကူးကာ လွတ်မြောက်သူများလည်း လိုက်လံသတ်ဖြတ်ခံရကြောင်း စစ်ကောင်စီတပ်ဘက် က တယ်လီဂရမ်ချန်နယ်တို့တွင် ဖော်ပြပြီးနောက် AA ဘက်က ယင်းသို့ တုံ့ပြန်လာခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်နေ့တို့တွင် ရေကြောင်းတိုက်ပွဲ၌ စစ်သင်္ဘောသုံးစင်းကို နစ်မြှုပ်နိုင်ခဲ့သလို ယင်းသင်္ဘော သုံးစင်းကို ကယ်တင်ရန်လာသည့် နောက်ထပ်စစ်သင်္ဘောလေးစင်းကိုလည်း ထိခိုက်အောင်တိုက်ခိုက်ခဲ့ကြောင်း AA က ဖေဖော်ဝါရီလ ၁၁ ရက်က ထုတ်ပြန်ရာတွင် ဖော်ပြသည်။ စစ်သင်္ဘောသုံးစင်းစလုံး ချက်ကောင်းထိမှန်ပြီး နစ်မြုပ်ချိန်တွင် လက်နက်ချရန် ပြောဆိုသော်လည်း လက်နက်မချဘဲ တိုက်ခိုက်သည့်အပြင် […]

ကျိုက်မရောရှိ ကျေးရွာစာသင်‌ကျောင်းတွင် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းတွေ့

Dawei Watch

February 12, 2024

ကျိုက်မရောမြို့နယ်၊ မယ်တရိုကျေးရွာစာသင်‌ကျောင်း အတွင်းတွင် မပေါက်ကွဲသေးသည့် မြေမြုပ်မိုင်းတွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ချောင်းနှစ်ခွနယ်မြေ မယ်တရိုကျေးရွာတွင် တိုက်ပွဲမဖြစ်ပွားသည်မှာ၂ လခန့်ရှိပြီဖြစ်သော်လည်း ဒေသအတွင်း မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းများရှိနေ၍ စစ်ရှောင်အများစု နေရပ်မပြန်ရဲသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။ စာသင်ကျောင်းတွင် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကျန်များ ပြီးခဲ့သည့် ရက်ပိုင်းကတွေ့သဖြင့် ရွာသားများ စိုးရိမ်နေကြသည်ဟု မယ်တရိုကျေးရွာနေသူတစ်ဦးကပြောသည်။ အန္တာရာယ်မဖြစ်စေရန် ဆားဖြူးထားကာ နေရာပြထားခြင်း နှင့် သစ်သားများဖြင့် ကာရံထားခြင်းများ လုပ်ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။ စာသင်ကျောင်းတွင် မြေမြှုပ်မိုင်းတွေ့ရှိသဖြင့် လာရောက်ဖယ်ရှားပေးရန် စစ်ကောင်စီတပ်ကို အကူအညီ တောင်းခံထားသော်လည်း လာရောက်ဖယ်ရှားပေးခြင်းမရှိဟု ဒေသခံတစ်ဦးကပြောသည်။ တိုက်ပွဲကြောင့် ချောင်းနှစ်ခွကျေးရွာအပါအဝင် နီးစပ်ရာရွာများဖြစ်သည့် လှကဇိုင်၊ မယ်တရို့ကျေးရွာနှင့် တောင်ကလေးကျေးရွာတို့တွင်လည်း စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ ကျန်ရှိနေသေးသည်ဟု ဒေသခံများကဆိုသည်။ လက်ရှိတွင်ချောင်းနှစ်ခွဒေသကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး နေရပ်ပြန်စစ်ဘေးရှောင်းများကို […]

ချောင်းဆုံမြို့နယ် အဓိပတိ ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဖမ်းဆီးခံရ

Dawei Watch

February 12, 2024

မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ အရှေ့ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းတွင် ဖွင့်လစ်ထားသော အဓိပတိ ကိုယ်ပိုင်အထက်တန်းကျောင်း၏ တည်ထောင်သူ ဖမ်းဆီးခံရကြောင်း ဒေသခံတစ်ဦးကပြောသည်။ ဖမ်းဆီးခံရသည့် ချောင်းဆုံမြို့နယ် ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်လှစ်ထားသူမှာ အသက် ၄၄ နှစ်အရွယ်ရှိ ဦးချစ်ကိုကိုဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စစ်ကောင်စီက အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးသွားကြောင် ဒေသခံတစ်ဦးကပြောသည်။ ဦးချစ်ကိုကိုသည် စစ်ကောင်စီလက်အောင်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်ကြရန် ၎င်း၏လူမှုကွန်ရက် Facebook စာမျက်နှာတွင် ရေးသားခဲ့မှုကြောင့်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးသွားကြောင်း သိရသည်။ ဦးချစ်ကိုကိုကို ချောင်းဆုံမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်းပြီး (ပ) ၁၁/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ အမှုဖွင့်ဖမ်းဆီးထားကြောင်း နီးစပ်သူများထံမှ သိရသည်။ ဆရာဦးချစ်ကိုကိုက အဓိပတိကိုယ်ပိုင် အထက်တန်းကျောင်းတည်ထောင်သူ အင်္ဂလိပ်စာ […]