တပ်မမှူးနှင့် ဗျူဟာမှူးနှစ်ဦးကို AA က ဖမ်းမိထားပြီး နှစ်ဦးသေဆုံးဟု AA ပြော
Dawei Watch
February 15, 2024ရခိုင်ပြည်နယ်တွင် သုံးလကျော် တိုက်ပွဲကာလအတွင်း တပ်မမှူးတစ်ဦးနှင့် ဗျူဟာမှူးတစ်ဦးကို ဖမ်းမိထားပြီး တပ်မမှူးတစ်ဦးနှင့် ဗျူဟာမှူးတစ်ဦး သေဆုံးကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ကျောက်တော်မြို့အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၉ လက်အောက်ခံနည်းဗျူဟာ (၃) မှ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ညီညီဝင်းကို ဇန်နဝါရီလ ၁၆ ရက်တွင် ဒဏ်ရာများဖြင့် ဖမ်းမိခဲ့ကြောင်း ဖော်ပြသည်။ ဖမ်းမိချိန်တွင် ဦးခေါင်းနှင့် ရင်ဘတ်တွင် ဒဏ်ရာများဖြင့် သေလုမျောပါးဖြစ်နေပြီး လက်ရှိတွင် ကျန်းမာနေပြီဖြစ်ကြောင်း ဆိုသည်။ ကျောက်တော်မြို့နယ်၌ ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်တို့က စစ်သင်္ဘောသုံးစင်းတိုက်ခိုက်နစ်မြှုပ်ခံရသည့် ဖြစ်စဉ်တွင် ထွက်ပြေးလာသည့် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် တပ်ဖွဲ့ဝင်အချို့ကို ဖမ်းမိထားကြောင်း AA က ထုတ်ပြန်သည်။ […]


