BREAKING
November 5, 2025

သတင်း

ဘုတ်ပြင်းမှ လူနာတစ်ဦး ကိုဗစ်ပိုးတွေ့၍ မြိတ်ဆေးရုံကြီးသို့လွှဲပြောင်း

Dawei Watch

June 1, 2023

ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့မှ လူနာအမျိုးသားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် မေလ ၃၁ ရက် ညပိုင်းအချိန်က မြိတ်ပြည်သူ့ဆေးရုံကြီးအား လွှဲပြောင်းခဲ့ကြောင်း သိရသည်။ အဆိုပါ အသက် ၂၀ နှစ်ရှိ အမျိုးသားသည် လေညာရွာနေသူဖြစ်ပြီး အမောဖောက်သဖြင့် မေလ ၃၀ ရက်နေ့က ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဆေးရုံသို့ တင်ပို့ခဲ့ရာ ကိုဗစ်ပိုး‌တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ တာဝန်ခံတစ်ဦးက ပြောပြသည်။ “လူနာက အမောဖောက်ရောဂါအခံရှိတဲ့သူပါ” ဟု ၎င်းက ပြောသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့သူသည် မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ဧပြီလ ၁၉ ရက်မှ မေလ ၃၁ ရက်‌နေ့အထိ ကိုဗစ်ရောဂါပိုးတွေ့သူ တစ်ရာနှစ်ဆယ်ကျော်ရှိကြောင်း တိုင်းကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည်။ ၎င်းတို့အနက် ထားဝယ်ခရိုင်မှ အမျိုးသမီးနှစ်‌ဦးနှင့် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရပြီးဖြစ်သည်။ လက်ရှိ […]

ရေဝိုင်းရွာတွင် နေအိမ်နှစ်လုံး မီးရှို့ခံရ၊ ခေါင်တိုင်ပြင်ရွာတွင် ဘုန်းကြီးကျောင်းမီးလောင်

Dawei Watch

June 1, 2023

စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်လာသည့် ရေဝိုင်းရွာတွင် နေအိမ်နှစ်လုံး မီးရှို့ခံရပြီး ခေါင်တိုင်ပြင်ရွာတွင် ဘုန်းကြီးကျောင်းဆောင် တစ်ဆောင် မီးလောင်ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။ မေလ ၂၈ ရက် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေဝိုင်းရွာထဲသို့ ရောက်ရှိလာပြီး နေအိမ်အချို့ကို ရှာဖွေစစ်ဆေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် နေအိမ်နှစ်လုံးကို မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ မီးရှို့ခံရသည့် အကြောင်းအရင်းကို သေသေချာချာ မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။ ရေဝိုင်းရွာတွင် နေအိမ်မီးရှို့ခံနေရကြောင်း Dawei Watch အနေဖြင့် မေလ ၂၈ ရက်ကတည်းက ကြားသိရသော်လည်း ဒေသခံအချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် ဖုန်းဆက်သွယ်မရခဲ့ပေ။ ရေဝိုင်းရွာသို့ ရောက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် နေ့လယ်ပိုင်းတွင် ကပ်လျက်ရှိသည့် ခေါင်တိုင်ပြင်ရွာဖက်သို့ ထွက်ခွာသွားသည်ဟု ဒေသခံတို့က ဆိုသည်။ စစ်ကောင်စီတပ်သားများ ခေါင်တိုင်ပြင်ရွာထဲရောက်နေချိန်တွင် […]

မင်းထိန်ရွာနေအိမ်ပေါ် လက်နက်ကြီးကျည်ကျပြီး အဘွားအိုနှင့် သမီးဖြစ်သူတို့သေဆုံး

Dawei Watch

June 1, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာတွင် နေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၉၀ အရွယ် အဘွားအိုနှင့် အသက် ၅၀ ကျော်အရွယ်အမျိုးသမီးကြီးတစ်ဦး သေဆုံးကာ မိသားစုဝင်သုံးဦးခန့် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့ဖက်က ပစ်ခတ်သည့် လက်နက်ကြီးကျည် လေးလုံး မင်းထိန်ရွာအတွင်းသို့ ယနေ့ ဇွန်လ ၁ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၅၀ ကျော် အရွယ် ဒေါ်ငွေရှင်နှင့် ၎င်း၏ မိခင်ဖြစ်သူတို့ သေဆုံးကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးကျည် ကျပြီးနောက် တစ်နာရီဝန်းကျင်ခန့် အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည်ဟု သတင်းကြားရကြောင်း ဒေသခံများက ဆိုသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက […]

ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သ‌ဖြင့် အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

June 1, 2023

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဇွန်လ ၁ ရက် နေ့လယ်ပိုင်းတွင် ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင်စေတီ တောင်တက်လမ်း အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “အရက်ကြောင်ပြီး (ကလိန်အောင်) တံတားဂိတ်ကို ဆိုင်ကယ်ဖြတ်သွားတုန်း အော်ဆဲလို့ ဂိတ်က ပစ်တာမထိဘူး။ ပြီးတာနဲ့ ဆိုင်ကယ်ကို ဘုရားတောင်ပေါ် မောင်းသွားတယ်။ စစ်တပ်ကလည်း လိုက်သွားတယ်” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။ တောင်ပေါ်က ဆင်းလာချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆက်လက်ကြားသိရကြောင်း ၎င်းက ပြောဆိုသည်။ သေဆုံးသူမှာ ကိုနိုင်ဦးဆိုသူဖြစ်ပြီး မွန်ပြည်နယ် ရေးမြို့နယ်မှဖြစ်ကာ ကလိန်အောင်ဆံတော်ရှင်ဘုရား တောင်ခြေရှိ အင်းပြားရွာတွင် […]

၃ နှစ်တာ အတွင်း Elon Musk  ၏ ပထမဆုံး တရုတ်ပြည် ခရီးစဉ်

Dawei Watch

June 1, 2023

Tesla ၏ အမှုဆောင်အရာရှိချုပ် Elon Musk သည် သုံးနှစ်တာအတွင်း ၎င်း၏ပထမဆုံးခရီးစဉ်အဖြစ် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည်။ မေလ ၃၀ ရက်နေ့တွင် ဘေဂျင်းသို့ ရောက်ရှိခဲ့ပြီးနောက် Musk သည် ရှန်ဟိုင်းရှိ Tesla ၏ ထုတ်လုပ်ရေး စက်ရုံကြီး သို့ သွားရောက်လည်ပတ်ရန် မျှော်လင့်ထားသည်။ ဘီလျံများစွာ ကြွယ်ဝသော နည်းပညာလုပ်ငန်းရှင် ဖြစ်သည့် Musk သည် တရုတ်နိုင်ငံ သို့ ဆိုက်ရောက် ပြီး နာရီပိုင်းအတွင်း နိုင်ငံခြားရေးဝန်ကြီး Qin Gang နှင့် ဦးစွာ တွေ့ဆုံခဲ့သည်။ အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုများ ပိုမိုမြင့်တက်နေသည့်အကြား ဤသို့ စတင်လိုက်သော ခရီးစဉ်နှင့် ပတ်သက်၍ Musk က လူသိရှင်ကြား […]

ထားဝယ်မြို့အနီးတွင် မနေ့ညက လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ

Dawei Watch

June 1, 2023

ထားဝယ်မြို့ ကမြောကင်းလမ်းနှင့် ကမြောကင်းတံတားအနီးတွင် မနေ့ည (မေ ၃၁)က လက်နက်ကြီး ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့သည်ဟု ထားဝယ်မြို့ခံများထံမှသိရသည်။ မေလ ၃၁ ရက် ည ၁၀ နာရီ ခွဲကျော်ခန့်စပြီး ပစ်ခတ်ပေါက်ကွဲသံ များထွက်ပေါ် လာသည်ဟု ထားဝယ်မြို့ခံတစ်ဦးကပြောသည်။ “အိမ်ပါတုန်သွားတယ် လက်နက်ကြီးက ဆယ်ချက်ထက်မနည်းဘူး။ ကမြောကင်း တံတားဘက်ကရော မြို့ထဲကရောပဲ”ဟု ၎င်းဒေသခံကပြောသည်။ အဆိုပါလက်နက်ကြီးကို မြို့ထဲကင်းလှည့်နေသည့် စစ်ကောင်စီတပ် နှင့် ကမြောကင်းတံတား ဂိတ်ဘက်က ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။ အထက်ပါပြောဆိုချက်အပေါ်  Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ အဆိုပါလက်နက်ကြီးကျဉ်ဆန်အချို့မှာ ထားဝယ်မြစ်ကမ်းဘေးရှိ လောင်းလုံးဘက်ခြမ်းမှ ကျေးရွာအချို့ကိုလည်းကျရောက်ခဲ့ ကြောင်း  ထားဝယ်မြစ်၏ တစ်ဖက်ကမ်းမှ ဒေသခံများကပြောကြသည်။ “ပေါက်ကွဲသံကတော်တော်ပြင်းတယ်။ ကလေးတွေတောင်လန့်တယ်။ မနည်း ချော့ယူထားရတယ်။ ပေါက်ကွဲသံထွက်ပြီးတာနဲ့ အိမ်ခေါင်မိုးပေါ် ခဲလုံး […]

ပုလော နန်းပရုပ်ရွာအနီး တိုက်ပွဲဖြစ်

Dawei Watch

May 31, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာအနီး မေလ ၃၀ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်က နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်ထံမှ သိရသည်။ နန်းပရုပ်ရွာအနီး ကင်းပုန်းဝပ်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) တပ်ရင်းတို့ မိနစ် ၃၀ အကြာ တိုက်ပွဲဖြစ်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၁) တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က ညနေ ၅ နာရီအထိ လက်နက်ကြီးဖြင့် အများအပြား ပစ်ခတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကမူ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။ ပုလောမြို့နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တိုက်ပွဲများ ပိုမိုပြင်းထန်လာသဖြင့် ပုလော မြို့နယ် […]

ရေး-သံဖြူဇရပ်ကားလမ်းတွင် တိုက်ပွဲဖြစ်၊ အရပ်သားတစ်ဦး သေဆုံး

Dawei Watch

May 31, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား ကားလမ်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံအရပ်သားတစ်ဦး ကျည်ထိမှန်သေဆုံးသွားကြောင်းသိရသည်။ မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်က သံဖြူဇရပ်မြို့ဘက်မှ ရေးမြို့ဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကား ၄ စီးနှင့် ရိက္ခာတင်ကား ၅ စီးပါ ယာဥ်တန်းကို ပိန္နဲတောကျေးရွာနှင့် ရွာသာအေးကျေးရွာကြားတွင် တစ်ကြိမ်၊ ဘေးလမိုင်းကျေးရွာအနီးတွင် တစ်ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းအပြင် ရွာသာအေးကျေးရွာတွင် စစ်ကောင်စီ ယာဥ်တန်းအား လမ်ကင်းယူပေးနေသည့် လမ်းကင်းအဖွဲ့ကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ “ရေးဘက်ကို ဆင်းလာတဲ့ စစ်ကားတွေကို PDF တွေက စောင့်ပြီး ပစ်တာတဲ့။ စစ်တပ်ဘက်ကလည်း ပြန်ပစ်တယ်။ ဒီလမ်းမှာ စစ်ကားတွေ ခဏခဏတိုက်ခိုက်ခံနေရတယ်” […]