ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ
Dawei Watch
June 5, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကြဲချခဲ့ပြီး အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်စန်းဝေ ဆိုသူ ဗုံးစထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “အိမ်မှာ ဘုရားပန်းအိုးလဲနေတုန်း လာထိတာ။ အခုအရေးပေါ် ဆေးကုသမှုခံယူနေပါတယ်”ဟု ကျောင်းနိမ့်ရွာ ဒေသခံအမျိုးသား ကပြောသည်။ စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးပစ်ချခဲ့ပြီးနောက် လက်နက်ကြီး လေးလုံးလည်း ထပ်မံပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများ ကပြောသည်။ “ဘာတိုက်ပွဲမှလည်းဖြစ်တာမရှိဘဲ အလကားနေပစ်တာ”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။ နန်းတောင်၊ကျောင်းနိမ့်၊ မှော်မိ၊ဂျင့်ဂါ စသည့်ကျေးရွာ ဒေသခံအများစုသည် တိုက်ပွဲများကြောင့် မကြာခဏ ထွက်ပြေးနေကြရပြီး တိုက်ပွဲငြိမ်သက်သည့်အချိန်တွင် ရွာအတွင်း ပြန်လည်နေထိုင်နေကြရသည်ဟု ဒေသခံများကပြောသည်။ […]


