BREAKING
November 5, 2025

သတင်း

ပဲ့ဒိုင်ရွာ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဝင်ရောက်မီးရှို့

Dawei Watch

June 8, 2023

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပဲ့ဒိုင်ကျေးရွာက ပျူစောထီးခေါင်းဆောင် ဦးကြီးလှ၏ နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၇ ရက် နံနက် ၇ နာရီခွဲဝန်းကျင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စက်လှေသုံးစီးဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဝင်ရောက်စီးနင်းရာတွင် ပျူစောထီးများက ဘုရားတောင်ပေါ် ကတုတ်ကျင်းမှ ပြန်လည်ပစ်ခတ်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “(PDF) သူတို့လာချိန် ပြည်သူ့စစ်ခေါင်းဆောင် ဦးကြီးလှက မြိတ်ရောက်နေတယ်။ သူ့အိမ်ကို ရှို့တာ နံဘေးအိမ်ပါ မီးနည်းနည်းကူးသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ပျူစောထီးတပ်ဖွဲ့ဝင်များ၏ နေအိမ်အချို့ကိုလည်း ဝင်ရောက်ရှာဖွေခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့ လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာတာဝန်ခံနှင့် ကျောင်းအုပ်ဆရာကြီးတို့ […]

ထိုင်းအမျိုးသမီး ၁၄၀ ဦး ရှမ်းပြည်နယ်တွင် လိင်လုပ်သားအဖြစ် လူကုန်ကူးခံရ

Dawei Watch

June 8, 2023

ထိုင်းနိုင်ငံသား အမျိုးသမီး ၁၄၀ ဦးသည် ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်တွင် လိင်အလုပ်သမများအဖြစ် လူကုန်ကူးခံရကြောင်း ထိုင်းသတင်းဌာန၏ ဖော်ပြချက်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းကောင်စစ်ဝန်ရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။ လိင်လုပ်သားများအဖြင့် လူကုန်ကူးခံရသော ထိုင်းအမျိုးသမီး ၁၄၀ ဦးကို ကယ်တင်နိုင်ရန် လုပ်ဆောင်နေကြောင်း Paveena Foundation for Children and Women က ထုတ်ဖော်ပြောကြားထားသည်။ ယင်းဖောင်ဒေးရှင်းသည် ထိုင်းနိုင်ငံအတွင်းရှိ အမျိုးသမီးများနှင့် ကလေးငယ်များ လူကုန်ကူးခံရမှု၊ အဓမ္မပြုကျင့် ခံရမှုများကို ကူညီဆောင်ရွက်ပေးနေသော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အမျိုးသမီးများသည် လိင်လုပ်သမအဖြစ် လုပ်ကိုင်ရန် အတင်းအကျပ်စေခိုင်းခံရပြီး မူးယစ်ဆေးများ သုံးစွဲရန်လည်း အတင်းအကျပ် စေခိုင်းခံနေကြရကြောင်း ထိုင်းသတင်းဌာန The Thaiger တွင် ဖော်ပြသည်။ ထိုင်းအမျိုးသမီးများသည် လစာမက်လုံးဖြင့် ဖြားယောင်းသွေးဆောင်ခံရပြီး လက်တွေ့လုပ်ကိုင်ရသည့်အချိန်တွင် […]

မင်းထိန်ရွာ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခံရ၊ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရ

Dawei Watch

June 7, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာတွင် ယနေ့ လက်နက်ကြီးကျည် ထပ်မံကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ညနေ ၅ နာရီကျော်က ပုလောမြို့ဖက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် မင်းထိန်ရွာအတွင်းသို့ကျရောက်ပေါက်ကွဲခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ကျည်စထိမှန်ကာ အသက် ၅၀ ကျော်အရွယ် ဦးဖိုးချောင်း သေဆုံးခဲ့ပြီး အသက် ၄၀ ကျော်အရွယ် ဒေါ်စီစီ ဒဏ်ရာအပြင်းအထန် ရကြောင်း ဒေသခံများက ဆိုသည်။ “ရွာထဲတစ်လုံးလာကျပြီး ထိသွားတာ။ နှစ်ယောက်စလုံးကို ဆေးရုံပို့ချိန် (ဦး) ဖိုးချောင်း က ဆေးရုံရောက်ပြီးမှ သေသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လက်နက်ကြီးကျည်များ ရွာအပြင်လယ်ကွင်းအတွင်းသို့လည်း ကျရောက်ခဲ့သေးကြောင်း ဒေသခံများက ပြောဆိုသည်။ “ဘာတိုက်ပွဲမှမရှိဘဲ အကြောင်းမဲ့ ပစ်တာ။ အခုဆိုရင် […]

မြိတ်တွင် တစ်နှစ်သားကလေးတစ်ဦး ကိုဗစ်ဖြင့်သေဆုံး

Dawei Watch

June 7, 2023

မြိတ်မြို့တွင် ဇွန်လ ၇ ရက် ယနေ့ နံနက်ပိုင်းက အသက် တစ်နှစ်ကျော်ရှိ မိန်းကလေးငယ်တစ်ဦး ကိုဗစ်ရောဂါဖြင့် သေဆုံးကြောင်း နာရေးကူညီမှုအသင်းတို့မှ သိရသည်။ ထားဝယ်ခရိုင်တွင် ဧပြီလ ၁၉ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အတွင်း အမျိုးသမီးသုံးဦး၊ အမျိုးသားတစ်ဦး စုစုပေါင်း လေးဦး ကို‌ဗစ်ရောဂါဖြင့် သေဆုံးခဲ့သဖြင့် တိုင်းအတွင်း သေဆုံးသူ ငါးဦးအထိရှိလာသည်။ “ကလေးက ရွာဘက်ကပါ။ နေမကောင်းလို့ ဆေးခန်းလာပြတာ။ ဆေးခန်းကနေ ဆေးရုံကြီးပို့လိုက်တာပါ” ဟု နာရေးကူညီမှုအသင်းတစ်ခုမှ တာဝန်ခံက ပြောသည်။ အဆိုပါက‌လေးမှာ မောနေသောကြောင့် မြိတ်မြို့ရှိ ဒက္ခိဏဆေးရုံသို့ တင်ပို့ခဲ့ရာ ကိုဗစ်ရောဂါပိုးတွေ့ရှိသဖြင့် ယင်းဆေးရုံမှ မြိတ်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းတင်ပို့ခဲ့ကြောင်း ၎င်းက ဆိုသည်။ ယင်းနောက် ဆေးရုံကြီးတွင် ဆေးဝါးကုသခံယူနေစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း အထက်ပါ […]

မြိတ်-ကျွန်းစုမြစ်ကူးတံတား ယခုနှစ်ကုန်တွင် ပြီးစီးမည်ဟုဆို

Dawei Watch

June 7, 2023

ပေ ၁၈၀၀ အရှည်ရှိသော မြိတ်-ကျွန်းစုမြစ်ကူးတံတား ယခုနှစ်ကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း တံတားစီမံကိန်းနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။ မြိတ်မြို့နယ် မင်းသန်းရွာနှင့် ကျွန်းစုမြို့နယ် မောင်းလှော်ရွာတို့အား ဆက်သွယ်ထားသည့် မင်းသန်း-မောင်းလှော် မြစ်ကူးတံတားဖြစ်သည်။ ယင်းတံတားကို NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်က ကျပ်သန်းပေါင်း ၁၆၀၀ သုံးစွဲကာ တံတားဦးစီးဌာနက စတင်အကောင်အထည်ဖော်သည့် တနင်္သာရီမြစ်ကူး တံတားတစ်စင်းလည်းဖြစ်သည်။ “ဒီနှစ်နောက်ဆုံးလမှာ အပြီးသတ်ပါမယ်” ဟု တံတားစီမံကိန်းနှင့် နီးစပ်သူတစ်‌ဦးက ပြောသည်။ လက်ရှိတွင် တံတားမှာ ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။ မြစ်အတွင်း တံတားအောက်မှ လှေများဖြစ်သန်းသွားလာနိုင်မည်ဖြစ်ပြီး တံတား အလည်ရှိ ရေလည်တိုင်တစ်ခွင်နှင့် လက်ရမ်းတန်း၊ လူသွားလမ်းတို့ လုပ်ရန် ကျန်ရှိနေသေးကြောင်း ၎င်းက ပြောဆိုသည်။ မြစ်ကူးတံတားပြီးစီးပါက မြိတ်နှင့် ကျွန်းစုမြို့နယ်အတွင်းရှိ […]

လောင်းလုံး ကျေးရွာအချို့တွင် ညဖက်ကင်းလှည့်၊ ကင်းပုန်းဝပ်မှုများကြောင့် ဒေသခံများစိုးရိမ်မှုမြင့်တက်

Dawei Watch

June 7, 2023

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဇွန်လ ၁ ရက်ကစပြီး စစ်ကောင်စီတပ်က ညဖက်ကင်းလှည့်ခြင်း ကင်းပုန်း ဝပ်ခြင်းများ နေ့စဉ်ဆက်တိုက်လုပ်ဆောင်လာသောကြောင့် ဒေသခံများကြား စိုးရိမ်မှုမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြစ်ကမ်းဘေးတွင်ရှိသည့် သာယာကုန်း၊ သဲပုံ၊ အင်းဝန်း၊ ကမြောကြီး ကျေးရွာတို့တွင် ယင်းသို့ လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ မေလ ၃၁ ရက်တွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထားဝယ်မြို့ရှိ တနင်္သာရီတိုင်း စစ်ကောင်စီ ဝန်ကြီးများအိမ်ရာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အထက်ပါရွာများတွင် ကင်းလှည့်ခြင်း၊ ကင်းပုန်းဝပ်ခြင်းများ လုပ်ဆောင်လာကြောင်း ဒေသခံတို့က ဆိုသည်။ “သူတို့ ကညဖက်ဆို မြေတင်ကားတွေနဲ့လာတယ်။ အရင်က ကိုယ်ရွာနဲ့ကိုယ်ဆိုတော့ ညဖက်အပြင်ထွက်ရင် ထွက်လို့ရသေးတယ်။ အခုက ထွက်လို့မရဲတော့ဘူး။ သူတို့က ရွာထဲမှာတော့ ဖမ်းတာဆီးတာမျိုးမလုပ်ဘူး။ တစ်ခါတလေ […]

သရက်ချောင်းက ကျေးရွာလေးရွာထက်မနည်းကို စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ရှာဖွေ

Dawei Watch

June 7, 2023

သရက်ချောင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့တွင် ကျေးရွာ လေးရွာထက်မနည်းကို ဆက်လက်ဝင်ရောက်ရှာဖွေစစ်ဆေးကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လ ၆ ရက် နံနက် ၅ နာရီခန့်က သရက်နှစ်ခွရွာမှ ဥတ္တူရွာဘက်ကို စစ်ကြောင်းထိုးလာကြောင်း ဒေသခံတို့က ဆိုသည်။ ဥတ္တူရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းသတင်းကို Dawei Watch က ဇွန်လ ၆ရက်က သတင်းဖော်ပြပြီးဖြစ်သည်။ ထိုမှတစ်ဆင့် ယနေ့ ဇွန်လ ၇ရက်တွင် ကျောက်လှေကား၊ ဟင်းဘုတ်ချောင်း၊ အင်းပြား၊ ကြာအင်းကျေးရွာများကို ရွာစဉ်တစ်လျှောက် ဆက်လက်ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယနေ့ နံနက် ၇ နာရီခွဲခန့်က အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကြာအင်းရွာသို့ […]

ထားဝယ်တွင် ကျောင်းအပ်သူများ၍ ပြင်ပဈေးကွက်တွင် ပုံနှိပ်စာအုပ်ဈေးနှစ်ဆတက်

Dawei Watch

June 7, 2023

ထားဝယ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်း ကျောင်းများတွင် ယခုပညာသင်နှစ်(၂၀၂၃-၂၀၂၄)တွင် ကျောင်းအပ်သူ များပြားလာသည့်အတွက်ကြောင့် ပြင်ပဈေးကွက်တွင် အတန်းစုံအခြေခံပညာ ပုံနှိပ်စာအုပ်များ ဈေးနှစ်ဆ တက်လာသည်ဟု ထားဝယ်မြို့ရှိ ကျောင်းသုံးစာအုပ် အရောင်းဆိုင်များထံမှသိရသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် KG မှ G 12 အထိ အခြေခံပညာ ပုံနှိပ်စာအုပ်များ၏တန်ဖိုးမှာ အတန်းပေါ်မူတည်ပြီး ကျပ်သုံးထောင်မှ ကျပ်တစ်သောင်းခွဲ နီးပါးအထိသာရှိရာမှ ယခုနှစ် ၂၀၂၃ -၂၀၂၄ ပညာသင်နှင့်တွင် ကျပ် ခုနှစ်ထောင်မှ ကျပ်သုံးသောင်းအထိ ရှိလာသည်ဟု ထားဝယ်မြို့ရှိ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ အရောင်းဆိုင် ပိုင်ရှင်အမျိုးသမီးတစ်ဦးကပြောသည်။ “ဈေးတက်တယ် ထက်ဝက်လောက်ကိုတက်တယ်။ ဒီနှစ်က ကျောင်းတက်တဲ့သူတွေ တော်တော်များတယ်”ဟု သူမကပြောသည်။ အခြေခံပညာကျောင်းများတွင် ပုံနှိပ်စာအုပ်များ အခမဲ့ပေးလေ့ ရှိသော်လည်း ထားဝယ်ဒေသတွင် ကျောင်းမဖွင့်မီကတည်းကပင် ကျောင်းသားအများစုက ပုံနှိပ်စာအုပ်များဝယ်ယူ၍ ပြင်ပ ဆရာများထံတွင် ကြိုတင်သင်ကြားလေ့ရှိသည်။ ယခုပညာသင်နှစ်တွင် ယခင်နှစ်များနှင့်မတူဘဲ […]