လေးလကျော်အတွင်း ထိုင်းက မြန်မာလုပ်သား ၁၃၀၀ ကျော် လွှဲပေး
Dawei Watch
June 9, 2023ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်မှ ဇွန်လ ၉ ရက်ရက်အထိ လေးလကျော်ကာလအတွင်း ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းမြို့သို့ မြန်မာအလုပ်သမား ၁၃၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။ ကော့သောင်းအခြေစိုက် ယင်းအဖွဲ့သည် မြန်မာအလုပ်သမားများကို လက်ခံရာတွင် ပါဝင်ကူညီပေးနေသည့်အဖွဲ့ ဖြစ်သည်။ ဖေဖော်ဝါရီလ ၂ ရက်က မြန်မာအလုပ်သမား အမျိုးသား ၅၄၀ ဦးနှင့် အမျိုးသမီး ၁၃၈ ဦး စုစုပေါင်း ၆၇၈ ဦးအား ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့သည်။ ယင်းနောက် မတ်လ ၁၇ ရက်နေ့တွင် အမျိုးသား ၉၉ ဦး၊ အမျိုးသမီး ၃၂ ဦး စုစုပေါင်း ၁၃၁ ဦးတို့အား လွှဲပြောင်းပေးသည်။ ဧပြီလ ၂၄ ရက်နေ့တွင်မူ […]


