တနင်္သာရီတွင် ဥယျာဥ်ခြံလုပ်သည့် လူငယ် ၅ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး
Dawei Watch
June 10, 2023မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုမှ ဥယျာဥ်ခြံလုပ်သူ လူငယ် ၅ ဦးကိုစစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ ဇွန်လ ၉ ရက်နေ့တွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်က ဘန်းလမွှတ်ကျေးရွာအုပ်စု၊ ကျွဲသုံးပေါင်တောင်ကြောသို့ လက်နက်ကြီးပစ်ကာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။ ယင်းသို့ဝင်ရောက်ပြီးနောက် ဥယျာဥ်ခြံလုပ်ကိုင်နေသည့် ဒေသခံလူငယ် ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။ “လေးယောက်ကို ကျွဲသုံးပေါင်တောင် ဥယျာဥ်ထဲကဖမ်းသွားကြတယ်။ နောက်တစ်ယောက်ကတော့ ပနပ်ငယ်ရေတံခွန်နားမှာ အဖမ်းခံရတယ်လို့သိရတယ်။ စစ်တပ်ကတောင်ပေါ်က ပြန်အဆင်းမှာ ဖမ်းသွားတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ဖမ်းဆီးထားသူများကို စစ်ကောင်စီတပ်က မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးဟု ဒေသခံများ ကပြောသည်။ ဇွန်လ ၇ ရက်နေ့က ချောင်းညီကိုရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ် အလစ်အငိုက်ဝင်တိုက်ခံရပြီး ၆ ဦးသေဆုံးကာ […]


