BREAKING
November 5, 2025

သတင်း

မြိတ်တွင် ၁၄နှစ်အရွယ် ယောက်ျားလေးနှစ်ဦး ရေနစ်သေဆုံး

Dawei Watch

June 11, 2023

မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာအနီး ရေကန်တွင် ယနေ့ အသက် ၁၄နှစ်အရွယ် ယောက်ျားလေးနှစ်ဦး ရေနစ်ပြီး သေဆုံးကြောင်း ယင်းရွာနေသူတို့ထံမှ သိရသည်။ ကွမ်းသီးချောင်းကျေးရွာရှိ မေဃဝတီဘုန်းကြီးကျောင်း ပရဝဏ်အတွင်းရှိ ရေကန်အတွင်းတွင် ရေဆင်းကူးရာမှ ယနေ့ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း အဆိုပါကျေးရွာသားများက ပြောသည်။ အဆိုပါရေကန်သည် လွန်ခဲ့သည့် နှစ် ၂၀ ခန့်က တူးဖေါ်ထားခြင်းဖြစ်ပြီး ရေအနက် ၁၀ ပေကျော်ရှိကြောင်း ၎င်းတို့က ဆိုသည်။ “ဒီလိုမိုးကောင်းတဲ့အချိန်တွေဆို ရေလာကူးနေကြတာပဲ” ဟု ကွမ်းသီးချောင်းရွာသားတစ်ဦးက ပြောဆိုသည်။ မိုးတွင်းကာလတွင် အနီးဝန်းကျင် ကျေးရွာနေသူတို့နှင့် မြို့ပေါ်နေသူတို့ လာရောက် ရေကူးလေ့ရှိခြင်းဖြစ်သည်။ အဆိုပါ ယောက်ျားလေးနှစ်ဦးမှာ ရေဆင်းကူးသည်ဟုသာ သိရှိပြီး မည်သည့်အကြောင်းအရင်းကြောင်း ရေနစ်မြုပ်သွားသည်ကိုမူ မသိရှိရသေးကြောင်း […]

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့အချို့ရေကြီး

Dawei Watch

June 11, 2023

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဇွန်လ ၈ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် အချို့သော မြို့ကြီးများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ကာ လမ်းများနှင့် အဆောက်အအုံအချို့ နစ်မြုပ်သွားကြောင်း သိရသည်။ “Dragon Boat Water” ဟု လူသိများသော နွေရာသီတွင်း ပထမဆုံးသော ပြင်းထန်သော မိုးသည်းထန်မှုကြောင့် ကွမ်းရှီဒေသ ပေဟိုင်မြို့၌ မိုးရေချိန် ၄၅၃ မီလီမီတာ အထိ ရောက်ရှိခဲ့သည်။ အဆိုပါ ပမာဏ သည် ဇွန်လအတွက် ဒေသဆိုင်ရာ နေ့စဉ် မိုးရေချိန် စံချိန်တစ်ခု ဖြစ်လာကြောင်း တရုတ်မိုးလေဝသဌာန က ထုတ်ပြန်ခဲ့သည်။ မိုးသည်းထန်မှုကြောင့် ပေဟိုင်မြို့ရှိ လမ်းများတွင် ကားများ ကိုယ်ထည် တစ်ဝက် နစ်မြုပ်မှုများ ရှိခဲ့သည်။ အထပ်ပေါင်းများစွာ မြင့်သည့် အဆောက်အအုံတစ်ခုတွင် မီးသတ်သမားများက […]

ကနက်သီရိကျေးရွာက ဒေသခံလေးဆယ်ကျော်ပြန်လွတ်

Dawei Watch

June 11, 2023

သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံ ၄၀ ကျော်ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဇွန်လ ၈ ရက်နှင့် ၉ ရက်က ကျွဲမင်းကုန်းရွာက ဒေသခံ ၃ ဦးခန့်အပါအဝင် ကနက်သီရိရွာက ဒေသခံ ၅၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ယင်းကျေးရွာရှိ ဘုရားကိုးဆူဘုန်းကြီးကျောင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ လမ်းတွင်တွေ့သူ ဒေသခံများနှင့် တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်ရောက်ရှာဖွေစစ်ဆေးစဉ် ဖမ်းခေါ်ခံရသည့် ဒေသခံများတွင် အသက်လေးနှစ်ကျော်မှ ဆယ်ကျော်သက်အထိ ကလေးများပါဝင်သလို ကလေးမိခင်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသားများပါဝင်သည်ဟု ပြန်လည်လွတ်မြောက်လာသူ အမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀ ခန့်တွင် ကလေးဆယ်ဦးကျော်နှင့် အမျိုးသမီးဆယ်ဦးကျော်ပါဝင်သည်ဟု ၎င်းက ပြောသည်။ ဖမ်းဆီးထိန်းသိမ်းထားသူများကို ရိုက်နှက်ခြင်းမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ရှိသည်ကို သိလျက်နှင့် […]

ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်  ဗြိတိန်ပါတီမန် မှ ရုတ်တရက် နုတ်ထွက်

Dawei Watch

June 11, 2023

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်သည် ၎င်းအနေနှင့် ပါလီမန်မှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း ဇွန်လ (၉)ရက်နေ့တွင် ထုတ်ပြန်စာ တစ်ရပ်နှင့်အတူ ကြေညာလိုက်သည်။ ယခုလို ဂျွန်ဆင်၏ ရုတ်ခြည်းနုတ်ထွက်မှုကြောင့် လာမည့်နှစ်တွင် ကျင်းပသွားမည့် ရွေးကောက်ပွဲ မတိုင်မီ အခွင့်အလမ်းကို အတိုက်အခံ လေဘာပါတီ ရလာဟန်ရှိပြီး လက်ရှိ အာဏာရ ကွန်ဆာဗေးတစ်ပါတီတွင်မူ အကွဲအပြဲဟောင်းများ ပြန်လည်ပေါ်ပေါက်လာသည်။ ၎င်းအနေနှင့် ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလ ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု မြင့်မားနေချိန်အတွင်း ဗြိတိန်နိုင်ငံတဝှမ်း အသွားအလာကန့်သတ်ပိတ်ပင်မှု (lockdown) ချမှတ်ထားသော်လည်း ဒေါင်နင်းလမ်းရှိ ဝန်ကြီးချုပ်ရုံးတွင်မူ အဆိုပါ ချမှတ်မှုများကို ဆန့်ကျင်သည့် ပွဲအခမ်းအနားများ ကျင်းပခဲ့သည်။ ဤအခြေအနေများနှင့် ဆက်စပ်ကာ ဝန်ကြီးချုပ်တစ်ဦး၏ အပြုအမူများအပေါ် မူဝါဒ ချမှတ်ရေးအဖွဲ့များ၏ စုံစမ်းစစ်ဆေးမှုကို ကန့်ကွက်သည့်အနေဖြင့် ဂျွန်ဆင်သည် ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ […]

ပုလောမြို့နယ် ပြည်ထောင်စုလမ်းပိုင်း ညဘက်မသွားလာရန် သတိပေး

Dawei Watch

June 11, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းကို ညဖက်သွားလာခြင်း မပြုကြရန် ပုလောဒေသကာကွယ်ရေးအဖွဲ့က ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်နေခြင်းကြောင့် ည ၇ နာရီမှ နံနက် ၄ နာရီအတွင်း ယာဥ်များမောင်းနှင်သွားလာခြင်း မပြုကြရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ယင်းအပြင် စစ်ကောင်စီတပ်များမှာ ပြည်သူများနှင့် ရောနှောပုံဖျက်ကာ ရိက္ခာသယ်ခြင်း၊ တပ်ပြောင်းရွှေ့ခြင်း၊ စစ်လက်နက်သယ်ယူခြင်းများလည်း ပြုလုပ်နေသည့်အတွက် တိုက်ပွဲဖြစ်ပါက ပြည်သူများ မတော်တဆ ထိခိုက်မှုမရှိစေရန် အချိန်ကန့်သတ်ရခြင်းဖြစ်သည်ဟု ရေးသားထားသည်။ ပုလောပြည်ထောင်စုလမ်းပေါ်တွင် မကြာခဏ တိုက်ပွဲဖြစ်နေပြီး တိုက်ပွဲအတွင်း ခရီးသည်ကားအချို့ မှားယွင်းပစ်ခတ်ခံရကာ ပြည်သူအချို့ အသက်ဆုံးရှံးခဲ့ရသည့် ဖြစ်စဥ်များ ရှိခဲ့သည်။ ပုလောမြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မကြာခဏတိုက်ပွဲများ ဖြစ်ပေါ်နေသည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

June 10, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၄ ရက်မှ ၁ဝ ရက်အထိ စာသင်ကျောင်းတွေ လေကြောင်းတိုက်ခိုက်ခံရ ကျောင်းဖွင့်ကာလမှာ စာသင်ကျောင်းတွေ လေကြောင်းကနေတိုက်ခိုက်ခံရတာတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရှုခင်းသာကျေးရွာ စာသင်ကျောင်းကို ဇွန်လ ၅ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပါတယ်။ ကျောင်းဖွင့်ဖို့ကိစ္စအတွက် ရွာလူကြီးတွေ စာသင်ကျောင်းမှာအစည်းအဝေးလုပ်နေချိန် အခုလို လာရောက်ပစ်ခတ်တာ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ CNO Upper Chindwin Region – UCR က ထုတ်ပြန်ထားပါတယ်။ လက်နက်ကြီး၊ စက်သေနတ်တွေနဲ့ ၅မိနစ်ကြာပစ်ခတ်ခဲ့ပြီး အဲဒီပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီးတော့ လေးဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။ စာသင်ကျောင်းလည်း ပျက်စီးခဲ့ပြီး ဒါဟာ […]

တနင်္သာရီတိုင်းတွင် ယခုနှစ် ကျောင်းအပ်နှံသူ နှစ်သိန်းကျော်ရှိဟုဆို

Dawei Watch

June 10, 2023

တနင်္သာရီတိုင်းတွင် ယခု ၂၀၂၃ -၂၄ ပညာသင်နှစ် ကျောင်းအပ်နှံသူဦးရေမှာ နှစ်သိန်းကျော်(၂၁၂၅၇၅ ဦး) ရှိကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ယင်းမှာ တိုင်းအတွင်းရှိ အခြေခံကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ အာလုံး၏ ဇွန် လ ၉ ရက်နေ့အထိ ကျောင်းအပ်နှံစာရင်းဖြစ်သည်။ အာဏာမသိမ်းခင်ကမူ တိုင်းအတွင်းကျောင်းအပ်နှံသူ သုံးသိန်းကျော် (၃၁၀၀၀၀ ကျော်)ရှိသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းသည့်နှစ်တွင် ကျောင်းအပ်သူတစ်ရှိန်ထိုးကျဆင်းသွားပြီး သုံးသိန်းကျော်တွင် တစ်သိန်းသုံးသောင်းနီးပါး( ၁၂၉၂၃၆ ဦး) သာကျောင်းအပ်နှံခဲ့သည်။ အာဏာမသိမ်းခင်က ကျောင်းသားဦးရေနှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်တွင် ၂၀ ရာခိုင်းနှုန်းကျော်သာ ကျောင်းအပ်နှံပြီး ၂၀၂၂ ခုနှစ်တွင်မူ နှစ်သိန်းနီးပါး( ၁၉၀၅၇၇ ဦး) ရာခိုင်နူန်းအားဖြင့် ၆၁ ရာနှုန်းကျော်ရှိလာခဲ့သည်။ ယခု ၂၀၂၃ […]

ဖလားသုံးလုံးချန်ပီယံဖြစ်သွားမှာက မန်စီးတီးလား၊ အင်တာမီလန်လား?

Dawei Watch

June 10, 2023

ဒီည သန်းခေါင်ယံကျော် မြန်မာစံတော်ချိန်အရ ဇွန်လ ၁၁ ရက် မနက် ၁ နာရီခွဲအချိန်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးကို ကျင်းပပါတော့တယ်။ ထိပ်တိုက်တွေ့နေတဲ့နှစ်သင်းက မန်စီးတီးနဲ့ အင်တာမီလန်တို့ပါပဲ။ မန်စီးတီးက ဖလားသုံးလုံးလမ်းကြောင်းထက်မှာ ရှိနေသလို အင်တာမီလန်ကလည်း အီတလီစူပါဖလားကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် ဖလားသုံးလုံးလမ်းကြောင်းထက်မှာ ရှိနေတဲ့အသင်းပါပဲ။ ဘယ်အသင်းက ချန်ပီယံလိဂ်ချန်ပီယံဖြစ်သွားလေမလဲဆိုတာကို ဒီညမှာ ရင်ခုန်ကြရပါတော့မယ်။