ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကားပေါ်၌ ကလေးမွေး

Dawei Watch

January 10, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း လယောင်ခရိုင်တွင် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတစ်ဦးသည် ဗိုက်နာလာသဖြင့် ဆေးရုံသို့ ကားဖြင့်သွားစဉ် လမ်း၌ ကလေးမွေးဖွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇန်နဝါရီလ ၉ ရက်၊ နံနက် ၈ နာရီခန့်က ပလိုဝက်ဒဲဒေသတွင် အသက် ၃၀ နှစ်အရွယ် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးသည် ဗိုက်နာလာသဖြင့် အလုပ်ရှင်၏ သမီးဖြစ်သူက ကားဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ဆေးရုံမရောက်မီ မြန်မာအမျိုးသမီးမှာ မခံမရပ်နိုင်အောင် ဗိုက်နာလာသဖြင့် လမ်းဘေး၌ ကားရပ်ပြီး အလုပ်ရှင်၏ သမီးဖြစ်သူက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာချိန်တွင် မြန်မာအမျိုးသမီးကို ကူညီပေးခဲ့ရာ ကားပေါ်တွင်ပင် ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။ မွေးဖွားလာသည့် ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး မိခင်နှင့် ကလေး နှစ်ဦးစလုံး […]

ရွေးကောက်ပွဲအကြိုနေ့တွင် တနင်္သာရီမြို့နယ်ထဲရှိ ရာဘာခြံများကို စစ်အာဏာရှင်တပ်က မီးရှို့နေ

Dawei Watch

January 10, 2026

တနင်္သာရီမြို့နယ်အတွင်းရှိ ရာဘာခြံများကို ဘန်းလမွတ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြို့နယ်တွင် မနက်ဖြန် ဇန်နဝါရီလ ၁၁ ရက်နေ့၌ ရွေးကောက်ပွဲအပိုင်း ၂ ကို ကျင်းပရန်ရှိနေပြီး မီးရှို့ခံနေရသည့် ဘန်းလမွတ်ကျေးရွာအုပ်စုမှာ ရွေးကောက်ပွဲမကျင်းပသည့် နယ်မြေတွင် ပါဝင်နေသည်။ ဇန်နဝါရီလ ၁၀ ရက်၊ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဘန်းလမွတ်ရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်စစ်ကြောင်းက ပနပ်ငယ်ရွာ၊ ဘန်းလမွတ်ရွာနှင့် လယ်ဦးရွာ (ဒေသအခေါ်) တို့ရှိ ရာဘာခြံများကို မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “လမ်းမတစ်လျှောက်က ရာဘာခြံတွေကို ခြေနဲ့ (လမ်းလျှောက်ပြီး)လိုက်ရှို့နေတာ။ မီးငြှိမ်းသတ်မယ့်သူတွေကလည်း သွားမရဲကြတော့ မငြှိမ်းသတ်နိုင်ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ စစ်အာဏာရှင်တပ်က ယနေ့ […]

ချွန်ဘူရီတွင် မြန်မာတစ်ဦး ရထားတိုက်ခံရပြီး သေဆုံး

Dawei Watch

January 10, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချွန်ဘူရီခရိုင်တွင် မြန်မာနိုင်ငံသားတစ်ဦး ရထားတိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။ ဇန်နဝါရီလ ၉ ရက်၊ ညနေ ၃ နာရီခန့်က ချွန်ဘူရီခရိုင်၊ ဘန်းလမောင်ဒေသတွင် မြန်မာနိုင်ငံသားတစ်ဦး ရထားကြိတ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိခဲ့သည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာသောအခါ ရထားကြိတ်ခံရမှုကြောင့် ခန္ဓာကိုယ်နှစ်ပိုင်းပြတ်၍ သေဆုံးနေသော အလောင်းနှင့်အတူ အနီးတွင် ကျုစေ့-ဘန်ကောက် ပြေးဆွဲနေသော ရထား ရပ်နားထားသည်ကို တွေ့ရကြောင်း သိရသည်။ သေဆုံးသူမှာ အသက် ၄၄ နှစ်အရွယ် ကိုမင်းသူဖြစ်ပြီး အနီးရှိ သက်သေအထောက်အထားများကို သိမ်းဆည်းခဲ့ဟုဆိုသည်။ သေဆုံးသူသည် ကုမ္ပဏီတစ်ခု၏ အမှိုက်သိမ်းအလုပ်သမားဖြစ်ပြီး ပြီးခဲ့သော ဇန်နဝါရီလ ၆ ရက်နေ့က သူငယ်ချင်းဖြစ်သူ ရုတ်တရက် သေဆုံးသွားသဖြင့် စိတ်သောကရောက်နေကြောင်း၊ ကိုမင်းသူက […]

တနင်္သာရီ၊ တကူနှင့် သာရဘွင်ရွာတို့တွင် ကွမ်းသီးခူးမည့် လုပ်သားရှား

Dawei Watch

January 10, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာနှင့် သာရဘွင်ကျေးရွာတို့တွင် ကွမ်းသီးခူးမည့် အလုပ်သမား ရှားပါးနေကြောင်း ဥယျာဥ်ခြံပိုင်ရှင်များနှင့် ဒေသခံများထံမှ သိရသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ အစမှစ၍ ကွမ်းသီးမှည့်များကို ခူးယူရန်အတွက် အလုပ်သမားများ ခေါ်ယူရန်ခက်ခဲနေသဖြင့် အခြားရွာများမှ လူများကို ငှားရမ်းရသော်လည်း အလုပ်သမား ရရှိရန် ခက်ခဲကြောင်း တကူရွာ ဥယျာဥ်ခြံပိုင်ရှင် ဒေသခံတစ်ဦးက ဆိုသည်။ “အလုပ်သမားတွေက တအားရှားလာတယ်။ တချို့ခြံတွေမှာ လူ မရလို့ ခြံပိုင်ရှင်တွေ ကိုယ်ဘာသာ ရသလောက် ဝင်ကောက် (ခူး) နေရတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ ဒေသတွင်း အလုပ်သမားများသည် ပြည်ပသို့ သွားရောက်လုပ်ကိုင်မှု များပြားခြင်း၊ ခဲလုပ်ကွက်များတွင် သွားရောက်လုပ်ကိုင်သူ များပြားခြင်းတို့ကြောင့် အလုပ်သမားရှားပါးခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ကွမ်းသီးခူးချိန် မခူးလျှင် […]

ထားဝယ်တွင် ကြာသပတေးနေ့ညက လူငယ်အများအပြား စစ်မှုထမ်းရန် စုဆောင်းခံရ

Dawei Watch

January 10, 2026

ထားဝယ်မြို့တွင် ဇန်နဝါရီလ ၈ ရက် (ကြာသပတေး)နေ့ညက အသက် ၂၀ ဝန်းကျင် လူငယ်အများအပြားကို စစ်အာဏာရှင်တပ်က စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးသွားကြောင်း ကာယကံရှင် မိသားစုဝင်များနှင့် မြို့ခံများထံမှ သိရသည်။ ည ၁၂ နာရီမှ မနက် ၁ နာရီအကြားတွင် ကားသုံးစီးဖြင့် မြို့ပတ်၍ နေအိမ်များအတွင်း ဝင်ရောက်ကာ စစ်မှုထမ်းရန် စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။ ကြက်စားပြင်၊ ဘုမ္မော်၊ ဝဲကျွန်း ရပ်ကွက်များရှိ နေအိမ်များကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများလည်း စစ်အာဏာရှင်တပ်သားများနှင့်အတူ ပါဝင်လာကြောင်း ဒေသခံများက ဆိုသည်။ ယင်းသို့ စုဆောင်းခံရသူများထဲတွင် ထားဝယ်မြို့၌ ပြီးခဲ့သည့်နှစ် သီတင်းကျွတ်ကာလမှစကာ တိုင်းစစ်ကော်မရှင်၏ အစီအစဉ်ဖြင့် ပြုလုပ်နေသည့် ပွဲလမ်းသဘင်များကို လူမှုကွန်ရက်တွင် မျှဝေလေ့ရှိသော ထားဝယ်မြို့အခြေစိုက် ပရဟိတအသင်းတစ်ခု၏ ဥက္ကဋ္ဌတစ်ဦးလည်း […]

ထိုင်းတွင် ကာကွယ်ဆေးမတိုးသော ရာသီတုပ်ကွေးမျိုးစိတ်သစ် ကူးစက်မှုများပြားနေ

Dawei Watch

January 9, 2026

ထိုင်းနိုင်ငံတွင် မျိုးဗီဇပြောင်း ရာသီတုပ်ကွေး ရောဂါပိုးသစ် (A H3N2) ကူးစက်မှု မြင့်တက်နေပြီး ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာနေကြောင်း ချူလာလောင်ကွန်းတက္ကသိုလ် ဆေးပညာဌာနမှ ဇန်နဝါရီလ ၈ ရက်နေ့က သတိပေးလိုက်သည်။ မျိုးဗီဇပြောင်း ရာသီတုပ်ကွေး ရောဂါပိုးသည် ကာကွယ်ဆေးများကို ခုခံနိုင်စွမ်းရှိနေသဖြင့် ကူးစက်မှုနှုန်း မြန်လာခြင်းဖြစ်ကြောင်း ဆေးပညာဌာနမှ ဗိုင်းရပ်စ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ပါမောက္ခ Yong Poovorawan က ပြောသည်။ K type ဟု သတ်မှတ်ထားသည့် A H3N2 တုပ်ကွေးဗိုင်းရပ်စ်သည် ကိုယ်ခံအားစနစ်ကို ကျူးကျော်ဝင်ရောက်ပြီး ကာကွယ်ဆေး၏ စွမ်းဆောင်ရည်ကို လျော့နည်းသွားအောင် လုပ်ဆောင်နိုင်ကြောင်း ပါမောက္ခက သတိပေးသည်။ လက်ရှိတွင် ကူးစက်မှုနှုန်း မြင့်တက်လာသော်လည်း ရောဂါပြင်းထန်မှုမရှိကြောင်း၊ လက်ရှိအသုံးပြုနေသည့် တုပ်ကွေးကာကွယ်ဆေးနှင့် ကုသဆေးများဖြင့်လည်း ကုသနိုင်ဆဲဖြစ်ကြောင်း ၎င်းက […]

တနင်္သာရီတိုင်းတွင် အမျိုးသားလွှတ်တော်နှစ်နေရာ ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲဖြင့်အနိုင်ရ

Dawei Watch

January 9, 2026

စစ်အုပ်စုရွေးကောက်အပွဲ ပထမပိုင်းတွင် တနင်္သာရီတိုင်းအမျိုးသားလွှတ်တော်နှစ်နေရာကို ကြံ့ခိုင်ရေးပါတီကပင် ထပ်မံအနိုင်ရရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီလ ၈ ရက်တွင် ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝင်သည့် တနင်္သာရီတိုင်း အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ကော့သောင်းခရိုင်နှင့် အမှတ် (၄) ဘုတ်ပြင်းခရိုင်မဲဆန္ဒနယ်တို့တွင် အနိုင်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ဘုတ်ပြင်းမြို့နယ်အား ဘုတ်ပြင်းခရိုင်အဖြစ် စစ်အုပ်စုက ပြောင်းလဲ သတ်မှတ်ထားခြင်း ဖြစ်သည်။ ထိုမဲဆန္ဒနယ်နှစ်ခုစလုံးတွင် ကြံ့ခိုင်ရေးပါတီသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အား ကြိုတင်မဲဖြင့် အနိုင်ရသွားခြင်းဖြစ်သည်။ မဲရုံ မဲရလဒ်အရ တစညပါတီ ကိုယ်စားလှယ်နှစ်ဦးစလုံးက အနိုင်ရခဲ့သော်လည်း ကြိုတင်မဲများ ထည့်ပေါင်းလိုက်ချိန် ကြံ့ခိုင်ရေးပါတီက နှစ်ဦးစလုံး အနိုင်ရသွားခြင်း […]

ဗင်နီဇွဲလားအပေါ် စစ်ရေးအရ အရေးယူမှုကို ကန့်သတ်ရန် အမေရိကန်အထက်လွှတ်တော်ဆုံးဖြတ်

Dawei Watch

January 9, 2026

ကွန်ဂရက်လွှတ်တော်၏ ခွင့်ပြုချက်မပါဘဲ ဗင်နီဇွဲလားအပေါ် စစ်ရေးအရ အရေးယူမှုကို ကန့်သတ်ရန် ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်အထက်လွှတ်တော် ဇန်နဝါရီလ ၈ ရက်က မဲခွဲဆုံးဖြတ်အတည်ပြုလိုက်သည်။ ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်၏ ထိန်းချုပ်ကြီးကြပ်မှုမှာ နှစ်ချီ ကြာမြင့်နိုင်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုထားသော်လည်း အထက်လွှတ်တော်က ယင်းသို့ မဲခွဲအတည်ပြုလိုက်ခြင်း ဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ့ ၅၂ မဲ ၊ ကန့်ကွက်မဲ ၄၇ မဲဖြင့် အတည်ပြုဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ အထက်လွှတ်တော်အတွင်း ဒီမိုကရက်အမတ်အားလုံးနှင့် ရီပတ်ဘလင်ကန်အမတ်အချို့က ထောက်ခံမဲ ပေးခဲ့ကြသည်။ အမေရိကန်အနေဖြင့် ဗင်နီဇွဲလားနိုင်ငံကို ကြီးကြပ်စီမံကာ ဗင်နီဇွဲလား၏ ရေနံဝင်ငွေများကို နှစ်ပေါင်းများစွာ ထိန်းချုပ်ထားနိုင်ကြောင်း New York Times နှင့် အင်တာဗျူးတွင် ထရမ့်က ပြောကြားထားသည်။ ဗင်နီဇွဲလား၏ အိမ်နီးချင်း […]