BREAKING
November 3, 2025

သတင်း

သဗျာရွာက ကျောင်းဆရာမ မိသားစုဝင်သုံးဦး ရိုက်နှက်ခံရ

Dawei Watch

July 15, 2023

လောင်းလုံးမြို့နယ်၊ သဗျာရွာတွင် ကျောင်းဆရာမ အပါအဝင် မိသားစုဝင် သုံးဦးရိုက်နှက်ခံရကြောင်း ဒေသခံများက ပြောသည်။ ရိုက်နှက်ခံရသည့် မူလတန်းပြကျောင်းဆရာမမှာ သဗျာရွာသူ ဒေါ်စန်းစန်းလဲ့ဖြစ်ပြီး ၎င်းအပါအဝင် ခင်ပွန်းနှင့် မိသားစုဝင်တစ်ဦးတို့ နေအိမ်တွင်ရှိနေစဉ် ဇူလိုင်လ ၉ ရက် မွန်းလွဲပိုင်းက လူတစ်စုလာရောက် ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါဆရာမသည် သဗျာရွာတွင် တာဝန်ကျပြီး လက်ရှိတာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။ အဆိုပါမိသားစုဝင်သုံးဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ရိုက်နှက်သွားသည်ကို သေသေချာချာ မသိရသေးပေ။ ကာယကံရှင် ကျောင်းဆရာမ ဒေါ်စန်းစန်းလဲ့ကို Dawei Watch ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရသေးပေ။ ပြီးခဲ့သည့်လပိုင်းအတွင်းကလည်း လောင်းလုံးမြို့နယ်ရှိ မြို့ဟောင်းကျေးရွာအပါဝင် ကျေးရွာအချို့တွင်နေထိုင်သည့် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းအချို့ ရိုက်နှက်ခံရမှု ဖြစ်ပွားခဲ့ဖူးသည်။

ထားဝယ်ထောင်တွင် စစ်တပ်က ထောင်ဝင်စာများ တင်းတင်းကျပ်ကျပ် စစ်ဆေးနေဟုဆို

Dawei Watch

July 15, 2023

ထားဝယ်အကျဉ်းထောင် ဝန်ထမ်းအချို့ဆီက မူးယစ်ဆေးဝါးများ ဖမ်းမိပြီးနောက် စစ်ကောင်စီတပ်သားများကို ထောင်ဝင်းအတွင်း လုံခြုံရေးချထားကာ ထောင်ဝင်စာများကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအချို့က ပြောသည်။ ဇူလိုင်လ ၁၁ ရက်က ထားဝယ်အကျဉ်းထောင်ကို စစ်ကောင်စီခန့် တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းနှင့် စစ်ကောင်စီတပ်သားများ ဝင်ရောက်စစ်ဆေးမှုအပြီးတွင် ယင်းသို့တင်းကျပ်လိုက်ခြင်းဖြစ်သည်။ ယင်းသိုစစ်ဆေးရာတွင် မူးယစ်ဆေးဝါးအမှုဖြင့် အကျဉ်းကျနေသူများထံမှ မူးယစ်ဆေးများတွေ့ရှိသဖြင့် စစ်ဆေးဖော်ထုတ်ရာ ထောင်ဝန်ထမ်းများဆီမှ ဝယ်ယူကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ထောင်ထဲကို မူးယစ်ဆေးဝါးများ တင်သွင်းရောင်းချသည့် ဝန်ထမ်းခြောက်ဦးကို ယင်းနေ့ကတည်းက ဖမ်းဆီးသွားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတို့က ပြောသည်။ “မူးယစ်ဆေးဝါး လက်ဝယ်တွေ့တဲ့ ထောင်ဝန်ထမ်းခြောက်ယောက်ကို အဲ့ဒီနေ့တည်းက ဖမ်းသွားတယ်လို့တော့ ကြားတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ယင်းနေ့ကတည်းကပင် အကျဉ်းထောင်ဝင်းထဲ စစ်ကောင်စီတပ်က လုံခြုံရေးယူထားပြီး […]

ကံပေါက် သစ်တောရုံးလမ်းဆုံအနီး မိုင်းတွေ့၍ စစ်ကောင်စီ လုံခြုံရေးတင်းကျပ်

Dawei Watch

July 15, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ရွာ သစ်တောရုံးလမ်းဆုံအနီးတွင် မိုင်းတွေ့သဖြင့် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ဖောက်ခွဲရှင်းလင်းနေကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့(ဇူလိုင် ၁၅) နံနက် ရှစ်နာရီခန့်က စတင်ကာ လုံခြုံရေးတင်းကျပ်ထားသည်ကို တွေ့ရှိရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။ “အဝင်အထွက်ပိတ်ထားတယ် မနက်ကတည်းကပဲ ဝင်မရဘူး”ဟု ၎င်းကပြောသည်။ ယနေ့နေ့လယ် ၁နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်က မိုင်းတစ်လုံးဖောက်ခွဲရှင်းလင်းပြီးကြောင်း ဒေသခံများထံမှာသိရသည်။ ကံပေါက်ရွာကို မနက် ရှစ်နာရီဝန်းကျင်ခန့်မှစပြီး အဝင်အထွက်ပိတ်ထားပြီး ယခုအချိန် (နေ့လယ် ၂ နာရီဝန်းကျင်)အထိ သွားလာခွင့်မပြုသေးပေ။ ယင်းကြောင့် ခရီးသည်များနှင့် ဒေသခံပြည်သူများ ကံကော်တောင်ရွာအနီးတွင် ၆ နာရီ‌ ကျော်ကြာအထိ စောင့်ဆိုင်းနေရကြောင်း သိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း အနီးဝန်းကျင်ကို စစ်ကောင်စီ စစ်ကြောင်းထိုး၊ ဒေသခံဆယ်ဦးခန့်ဖမ်းထား

Dawei Watch

July 15, 2023

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ရှိရာ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒေသခံဆယ်ဦးခန့်ကိုလည်း ဖမ်းဆီးထားသည်။ ပြီးခဲ့သည့်ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယနေ့ လဲရှောင်ရွာ၊ ခမောင်းချောင်းရွာမှ ဒေသခံဆယ်ဦးကျော်ကို ဖမ်းဆီးထားကြောင်း၊ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ “အမျိုးသမီးတွေကိုတော့ ပြန်လွှတ်ခဲ့တယ်။ အမျိုးသားတွေကိုပဲဖမ်းသွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။ ယမန်နေ့ည ကဖမ်းဆီးလာသည့် လဲရှောင်ရွာသားသုံးဦးထဲမှ အမျိုးသမီးတစ်ဦးကိုလည်း ခမောင်းချောင်းရွာတွင် ပြန်လွှတ်ပေးခဲ့သည်ဟုသိရသည်။ ဖမ်းဆီးခံရသူများမှာ စစ်ကြောင်းဝင်လာသည့်သတင်းကြောင့် ထွက်ပြေးခဲ့သော်လည်း လမ်းတစ်နေရာတွင် စစ်ကြောင်းနှင့် တိုက်ရိုက်တိုးမိပြီး ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုဆိုသည်။ “သူတို့ရွာလမ်းအတိုင်းဝင်လာတာမဟုတ်ဘူး တောလမ်းအတိုင်းလာတာ “ဟု‌‌အခြားဒေသခံကဆိုသည်။ နဘုလယ်ဒေသသို့ စစ်ကြောင်းဝင်ပြီး နှစ်ရက်အကြာ ဇူလိုင်လ ၁၃ ရက်နေ့ကလည်း မရင်းကြီး၊ပရဒပ်၊ လဲရှောင်၊ထိန်ကြီးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်ဟုသိရသည်။ “ရွာမှာတော့ အိမ်တံခါးတွေ ဖွင့်ထားပါ ထွက်မပြေးနဲ့ သူတို့ကို […]

မြိတ်တွင် ယိုးဒယားရွှေများ အရောင်းရပ်

Dawei Watch

July 15, 2023

မြိတ်မြို့တွင် ယိုးဒယားရွှေများ ( ထိုင်း‌နိုင်ငံမှ တင်သွင်းသည့် ၉၆၅၊ ၉၉၉၉ အမျိုးအစား လက်ဝတ်ရတနာများ)ကို ဝင်ရောက်ဖမ်းဆီးစစ်ဆေးမည်ဆိုသော သတင်းကြောင့် ယင်းရွှေများအရောင်းရပ်ထားကြောင်း ‌ရွှေအရောင်းဆိုင်တို့မှ သိရသည်။ ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးမည့်သတင်းမှာ ဇူလိုင်လ ၁၂ ရက်နေ့က စတင်ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းနေ့မွန်းလွှဲပိုင်းမှစကာ ဆိုင်အချို့ စောစီးစွာပိတ်ခြင်း၊ ယိုးဒယားရွှေများ မရောင်းချပေးခြင်းတို့ ပြုလုပ်ခဲ့ရကြောင်း ရွှေအရောင်းဆိုင်အချို့က ပြောပြသည်။ “မနေ့က ဝင်စစ်မယ်လို့ကြားရတယ်၊ ခုထိတော့ လာမစစ်ကြသေးဘူး” ဟု မြို့သစ်ဈေးရှိ ရွှေဆိုင်ရှင်တစ်ဦးက ပြောသည်။ မြိတ်မြို့တွင် ရွှေရည် ၁၅ ပဲ၊ ၁၆ ပဲရှိ ၉၆၅၊ ၉၉၉၉ ယိုးဒယားရွှေများကို အများဆုံးအသုံးပြုလေ့ရှိကြသည်။ ရွှေရည် ၁၂ ပဲ၊ ၁၃ ပဲ၊ ရှိ ရန်ကုန်ရွှေနှင့် ရွေရည် ၈ […]

Export ငါးသယ်လှေများ ခြေရာခံစက် တပ်ဆင်ရမည်

Dawei Watch

July 15, 2023

Export ငါးသယ်လှေများတွင် ငါးသယ်လှေများအား စောင့်ကြည့်ခြေရာခံမည့် VMS (Vessel Monitoring System) စက်များ တပ်ဆင်ရမည်ဖြစ်ကြောင်း မြိတ်ခရိုင်အတွင်းရှိ ငါးသယ်လှေအသိုင်းအဝိုင်းထံမှ သိရသည်။ အဆိုပါ VMS စက် တပ်ဆင်ခြင်းအတွက် ရှင်းလင်းပွဲတစ်ခုကို ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်က မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း ယင်းပွဲမှ သိရသည်။ ယင်းရှင်းလင်းပွဲတွင် ရေလုပ်ငန်းကုမ္ပဏီများ၊ လှေပိုင်ရှင်များနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ငါးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှင်းလင်းပွဲတွင် VMS တပ်ဆင်ရမည့်ကိစ္စပါဝင်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ရေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ “၁၁ လပိုင်း ၁ ရက်နေ့ အပြီးတပ်ဆင်ရမယ်။ မတပ်ရင် export ပေးမထွက်ဘူးပေါ့။ လက်ရှိ ၁၁ လပိုင်း မတိုင်ခင် အထိတော့ ပေးထွက်နေဦးမယ်။ ဒီကြားမှာ […]

ထားဝယ်ထွက် ဓနိသကြား ဈေးကောင်းရ

Dawei Watch

July 15, 2023

ထားဝယ်ထွက် ဓနိသကြား ပြီးခဲ့သည့်နှစ် ဇူလိုင်လကထက် ယခုနှစ်ဇူလိုင်လတွင် ဈေးနှစ်ဆကျော်တက်သွားပြီး ဈေးကောင်းရနေကြောင်း လောင်းလုံးမြို့နယ်ရှိ ဓနိသကြားချက်လုပ်သူများထံမှ သိရသည်။ ယမန်နှစ် ဇူလိုင်လက ချက်ပြီးသား ဓနိသကြားကော်‌ပုံးဝါတစ်ပုံးကို ကျပ် ၁၃၀၀ဝခန့်သာရှိရမှ ယခုနှစ်တွင် ၃၀၀၀ဝကျပ်အထိ ဈေးရလာကြောင်း ၎င်းတို့က ပြောသည်။ ဖောက်သည်ဝယ်ယူသူများလာခြင်းအပြင် သွင်းအားစုများနှင့် လုပ်သားငှားရမ်းခပါဈေးတက်လာသည့်အတွက်ကြောင့် လိုက်ပါဈေးတက်ရခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်ရှိ သကြားထုတ်လုပ်သူတစ်ဦးက ဆိုသည်။ “ဖိုထွက်ဆိုရင် သုံးသောင်း၊ လက်လီမှာဝယ်ရင်တော့ သုံးသောင်းနှစ်ထောင်လောက် ‌ပေါက်ဈေးရှိတယ်။ စာရင်းငှား အမျိုးသမီးတစ်ယောက်ကို မနှစ်က တစ်လကို ရှစ်သောင်းအများဆုံးပဲ။ အခုက ကိုးသောင်းလောက်ပေးရတယ်” ဟု ၎င်းက ပြောဆိုသည်။ ဓနိသကြားဈေးမှာ ယမန်နှစ်များထက်ပိုရသော်လည်း စားသောက်ကုန်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ငွေသာမြင်ရပြီး စုမိဆောင်းမိခြင်းမျိုး မရှိကြောင်း လောင်းလုံးမြို့နယ် ပန်းဒလဲ‌ရွာသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “မနှစ်က […]

‘ထုဆစ်မျှော်ရည် တနင်္သာရီ’ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ပုံမှန်ပြုလုပ်မည်

Dawei Watch

July 15, 2023

‘ထုဆစ်မျှော်ရည် တနင်္သာရီ’ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းများ ပုံမှန်ပြုလုပ် ထုတ်လွှင့်သွားရန် တနင်္သာရီတိုင်းမှ လူငယ်များ စုပေါင်းလုပ်ဆောင်နေ‌ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။ လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေး အတွက် ရည်ရွယ်ပြုလုပ်ကြောင်း စီစဉ်သူများကပြောဆိုသည်။ ယင်းအစီအစဉ်၏ ပထမဆုံးစကားဝိုင်းကို  ဇွန်လ ၁၇ ရက်ညတွင် ပြုလုပ်မည်ဖြစ်ပြီး ‘လက်နက်ကိုင်တော်လှန်ရေးနှင့် တနင်္သာရီလွတ်မြောက်ရေး’ ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးမည်ဖြစ်သည်။ ယင်းစကားဝိုင်းတွင် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၊ ကရင်အမျိုးသားကာကွယ်ရေးတပ်၊ဒေါန-တနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့နှင့် ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ် စသည့်အဖွဲ့အစည်းများတွင် ဦးဆောင်ပါဝင်နေသော လူငယ်များက ပါဝင်ဆွေးနွေးမည်ဖြစ်သည်။ ယင်းဆွေးနွေးပွဲကို ဇူလိုင်လ ၁၇ ရက် ည ၇ နာရီတွင် Dawei Watch သတင်းဌာနအပါအဝင် သတင်းဌာနများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဟုသိရသည်။ နောက်လများတွင်လည်း ‘ထုဆစ်မျှော်ရည် တနင်္သာရီ’ […]