BREAKING
November 4, 2025

သတင်း

ထိုင်းတွင် ပင်လယ်ထဲပြုတ်ကျသည့် မြန်မာရေလုပ်သားသေဆုံး၊ အချိန်မီကယ်ဆယ်ခြင်းမရှိဟုဆို

Dawei Watch

July 24, 2023

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် မြန်မာရေလုပ်သားတစ်ဦး လှေပေါ်တွင်လုပ်ကိုင်နေစဉ် လုပ်ငန်းခွင် မတော်တဆမှုကြောင့် ပင်လယ်ထဲသို့ ပြုတ်ကျပြီး သေဆုံးသွားကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသည့် AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။ စမွတ်ပရကန်ခရိုင် ခေါင်တန်ဒေသတွင် ဇူလိုင်လ ၁၉ ရက်နေ့ ည ၁၁ နာရီခန့်က မြန်မာအလုပ်သမားသည် ခရုဆွဲသော လှေပေါ်တွင် အလုပ်လုပ်ကိုင်နေစဉ် ပင်လယ်ထဲ ချော်ကျသွားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ လှေဦးစီက ချက်ချင်းမရှာဖွေပေးဘဲ မိနစ် ၃၀ ခန့်ကြာမှသာ ရှာဖွေပေးခဲ့ပြီး ယင်းသို့ရှာဖွေရာတွင်လည်း အချိန်အနည်းငယ်သာ ရှာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ မြန်မာရေလုပ်သားသည် ည ၁၁ နာရီအချိန်တွင် ပင်လယ်ထဲ ပြုတ်ကျသွားခဲ့ပြီးနောက် အလုပ်ရှင်က ချက်ချင်းမရှာဖွေပေးပဲ မိနစ် ၃၀ ခန့်ကြာမှသာ ခဏသာရှာဖွေပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် နောက်တစ်ရက် မွန်းလွဲပိုင်းမှသာ အလောင်းကို […]

ပုလောမြို့အဝင်ဂိတ် ဖြတ်သန်းခွင့်မပေးသဖြင့် ဒေသခံများ သွားလာရန်အခက်တွေ့

Dawei Watch

July 24, 2023

ပုလောမြို့အဝင် စစ်ဆေးရေးဂိတ်နှစ်ခုရှိသည့်အနက် ဂိတ်တစ်ခုကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည့်အတွက် ကျေးရွာလေးရွာနေ ပြည်သူများ အခက်တွေ့နေကြောင်း ဒေသခံများက ပြောသည်။ လက္ကူးကျေးရွာအုပ်စု၊ မှော်ကြောင်းရွာရှိ စစ်ဆေးရေးဂိတ်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ထို့ကြောင့် လက္ကူး၊ မြဒေါင်၊ မှော်ကြောင်းနှင့် ပြင်းဖြူကျေးရွာနေ ပြည်သူများ ပုလောမြို့သို့ သွားရောက်ရန် အခက်အခဲကြုံတွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။ “ပိတ်ထားတာက ငါးရက်လောက်ရှိပြီ။ ရွာသားတွေက လှေတွေနဲ့ ပုလောမြို့ကို သွားလာနေကြသလို အောက်ဖက်လမ်း (မြို့အဝင်ဂိတ်နောက်တစ်ခု) ကနေလည်း သွားနေကြရတယ်။ မိုးတွင်းကြီး သွားရလာရ တော်တော် ဒုက္ခရောက်နေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ နောက်မြို့အဝင်ဂိတ်မှ ပတ်သွား၍ ဝင်ရောက်လျှင် ခရီးနှစ်ဆဝေးပြီး သွားလာရလည်းခက်ခဲကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါကျေးရွာများနေ ပြည်သူများသည် […]

လောင်းလုံး လေကြောင်းရန်ကာကွယ်ရေးစခန်းသို့လာသော စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် အိမ်ကြားထဲကျကွဲ

Dawei Watch

July 24, 2023

လောင်းလုံးမြို့နယ် ပြင်ချောင်းကျေးရွာအုပ်စု မြခါးပတ်ကျေးရွာအနီးရှိ ‌စစ်ကောင်စီ လေကြောင်းရန်ကာကွယ်ရေး စခန်းသို့ လာရောက်သည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည် လူနေအိမ်ကြားထဲကျရောက်‌ပေါက်ကွဲကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဇူလိုင်လ ၂၄ ရက် မွန်းလွဲ ၃ နာရီကျော်တွင် မြေသယ်ကား ခြောက်စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လေကြောင်းရန်ကာကွယ်ရေးစခန်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း မြခါးပတ်ရွာဒေသခံတစ်ဦးက ဆိုသည်။ “လူချပြီးတာနဲ့ စက္ကန့်ကို မခြားဘူး၊ ချက်ချင်းပြန်တက်သွားတာ” ဟု ၎င်းဒေသခံက ပြောဆိုသည်။ တရုတ်နိုင်ငံသားဟုယူဆရသည့် နိုင်ငံခြားသားများကို လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ လေကြောင်းရန်ကာကွယ်ရေးစခန်းရှိ စက်ပစ္စည်းများကို တရုတ်နိုင်ငံသားတို့က လာရောက်ပြင်ဆင်ပေးလေ့ရှိသည်ဟုလည်း ဆိုသည်။ အာဏာမသိမ်းခင်ကတည်းက ယင်းသို့ပြင်ဆင်ပေးနေခြင်းဖြစ်ကြောင်းလည်း ဒေသခံတို့က ပြောဆိုသည်။ “ရေဒါပျက်လို့ လာပြင်ပေးတဲ့ တရုတ်တွေကို လာပို့တာထင်တယ်။ အရင်ကလည်း အမြဲတမ်းလာနေကြပဲ” ဟု ဒေသခံတစ်ဦးက […]

မြိတ်တွင် ရွှေတစ်ကျပ်သား ၃၆ သိန်းဖြင့် လိုက်ဝယ်နေသူများသော်လည်း ရောင်းသူမရှိ

Dawei Watch

July 24, 2023

မြိတ်မြို့ရှိ အခေါက်ရွှေဈေးကွက်တွင် ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့၌ တစ်ကျပ်သားလျှင် ၃၆ သိန်းအထိ ဈေးပေါက်နေပြီး ဝယ်ယူသူများလာသဖြင့် အရောင်းအဝယ် ရပ်နားထားကြောင်း ယင်းရွှေဈေးကွက်အတွင်းမှ သိရသည်။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နှစ်သောင်းကျပ်တန် ငွေစက္ကူအသစ်များကို ဇူလိုင်လ ၃၁ ရက်နေ့မှစပြီး ထုတ်ဝေမည်ဟု ဇူလိုင်လ ၂၃ ရက်နေ့က ကြေညာရာ ယင်းနေ့ နေ့ချင်းတွင်ပင် အခေါက်ရွှေများ ဝယ်ယူသူ များပြားလာကြောင်း ရွှေအရောင်းဆိုင်ရှင်အချို့က ဆိုသည်။ ယင်းနေ့တွင် ရွှေဝယ်ယူသူတို့သည် တစ်ကျပ်သားလျှင် ၃၅ သိန်းအထိ ဈေးပေးပြီး လိုက်လံဝယ်ယူနေခြင်းဖြစ်‌ကြောင်း ဆိပ်ငယ်‌ဈေးကြီးရှိ ရွှေအရောင်းဆိုင်ရှင်အချို့က ပြောပြသည်။ “ဝယ်တဲ့သူ‌တွေက ၃၅ သိန်းပေးပြီး လိုက်ဝယ်နေတာတောင် ဆိုင်တွေက မရောင်းပေးကြဘူး။ အခြေအနေက ဘာတွေဆက်ဖြစ်မယ်မှန်း မသိတော့ မရောင်းပေးတဲ့သဘောပါ” ဟု […]

လောင်းလုံး ကြယ်တောင်တွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရပြီးနောက် ပစ်ခတ်မှုဖြစ်နေ

Dawei Watch

July 24, 2023

လောင်းလုံးမြို့နယ် ဂေါ့အင်းရွာနှင့် ညင်းမော်ရွာကြားရှိ ကြယ်တောင်တွင် ယနေ့ ဇူလိုင်လ ၂၄ ရက် မွန်းလွဲ ၃ နာရီခန့်မှစပြီး ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း ဒေသခံအချို့ကပြောသည်။ မြေသယ်ကားလေးစီးဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “အခုကိုပစ်နေကြတယ်။ အများကြီးအတွဲလိုက်ပဲ” ဟု ဒေသခံတစ်ဦးက ယနေ့ ညနေ ၃ နာရီခန့်က ပြောဆိုသည်။ အဆိုပါပစ်ခတ်မှုများကြောင့် အနီးဝန်းကျင်ရှိ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းလည်း ဆိုသည်။ ပစ်ခတ်မှု အသေးစိတ်အခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်သည်။

ဘန်ကောက်တွင် အလှအပရေးရာ မြန်မာဆရာဝန်တစ်ဦး ဖမ်းဆီးခံရ

Dawei Watch

July 24, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလှအပရေးရာဆေးခန်းတစ်ခုတွင် လိုင်စင်မရှိဘဲ ဆေးကုသနေသည်ဟုဆိုကာ အလှအပရေးရာ မြန်မာဆရာဝန်တစ်ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယင်းဆေးခန်းကို ထိုင်းကျန်းမာရေးဌာနက အာဏာပိုင်များ ဝင်ရောက်စစ်ဆေးရာ မြန်မာဆရာဝန်နှင့် ဆေးခန်းသုံး ပစ္စည်းများကို ဖမ်းမိကြောင်း ရေးသားထားသည်။ ဘန်ကောက်မြို့ အေကမိုင်ဒေသတွင် တရားမဝင် ဖွင့်လှစ်ထားသော တရုတ်နိုင်ငံသားပိုင် CCoco အလှအပရေးရာ ဆေးခန်းကို ဇူလိုင်လ ၂၁ ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ပိတ်သိမ်းခဲ့ကြောင်း စားသုံးသူကာကွယ်ရေး ရဲတပ်ဖွဲ့က ရဲမှူးကြီးက ပြောသည်။ မအိမွန် အမည်ရှိ မြန်မာဆရာဝန်ကို ဆေးခန်း၏ အလှအပရေးရာကုသရေးတွင် ခန့်ထားပြီး ၎င်းသည် ဆရာဝန် တစ်ဦးအနေဖြင့် ဆေးစစ်ခြင်း၊ ဗစ်တာမင်ထိုးသွင်းခြင်းများ ပြုလုပ်နေခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံက ဆေးတက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်သော ၎င်းသည် ကုသမှုတစ်ခုအတွက် […]

ဗေဒင်နှင့် အကြားအမြင်ဆရာများ လိုင်စင်လျှောက်ရမည့်အမိန့်စာ အတုဟု စစ်ကောင်စီ သာသနာရေးဌာနထုတ်ပြန်

Dawei Watch

July 24, 2023

ဗေဒင်နှင့် အကြားအမြင်ဟောတမ်းထုတ်သူများ လိုင်စင်လျှောက်ရမည့်ဆိုသည့် အမိန့်စာမှာ အတုဖြစ်ကြောင်း စစ်ကောင်စီ၏ သာသာရေးဦးစီးဌာနက ယနေ့ ဇူလိုင်လ ၂၄ရက်တွင် ထုတ်ပြန်ထားသည်။ ဗေဒင်နှင့် အကြားအမြင်ဟောတမ်းထုတ်ခြင်းအား ကန့်သတ်သည့်အမိန့်ကို သာသနာရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်ဆိုသည့် စာတစ်စောင်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့နေခြင်းဖြစ်သည်။ လိုင်စင်မလျှောက်ဘဲ ဗေဒင်နှင့် အကြားအမြင် ဟောတမ်းထုတ်သူများကို အရေးယူမည်ဟု ယင်းစာတွင် ဖော်ပြထားသည်။ စာပျံ့နှံပြီး နောက်တစ်ရက်တွင် ယင်းစာသည် အတုဖြစ်ကြောင်း စစ်ကောင်စီ၏ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ထုတ်ပြန်ချက်ထုတ်ပြန်လာခြင်းဖြစ်သည်။ 

ကံပေါက်ရွာထိပ်တွင် ကုန်တင်ကားတစ်စီးကို စစ်ကောင်စီတပ် ဖမ်းဆီး

Dawei Watch

July 24, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ရွာအဝင်တွင် စစ်ကောင်စီတပ်သားများက ကုန်တင်ကားတစ်စီးကို ဖမ်းဆီးလိုက်ကြောင်း ကားသမားအသိုင်းအဝိုင်းထံမှ သိရသည်။ ဇူလိုင်လ ၂၃ ရက် မွန်းလွဲပိုင်းတွင် အဖမ်းခံရခြင်းဖြစ်ဖြစ်ပြီး ကားနှင့်အတူ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ကုန်တင်ကားပိုင်ရှင် ကိုဇော်ဦးနှင့် စပယ်ယာတို့ကိုလည်း ဖမ်းလိုက်ကြောင်း ၎င်းတို့ကဆိုသည်။ ကိုဇော်ဦးသည် ဇာဒီရွာသားတစ်ဦးဖြစ်ပြီး အခုနှစ်ဆန်းပိုင်းတွင် ကံပေါက်ရွာသူတစ်ဦးနှင့် အိမ်ထောင်ကျကာ ၆ ဘီးတပ်ကုန်တင်ကားဖြင့် မော်လမြိုင်-ကံပေါက် ကုန်စည်ပိုဆောင်နေသူဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။ “ကားက ကံပေါက်ကနေ မော်လမြိုင်မြို့ကို တက်ဖို့ အထွက်မှာ အဖမ်းခံရတာ။ ကားပေါ်မှာ စက္ကူဖာတချို့ပါတယ်။ နှစ်ယောက်စလုံးကိုလက်ပြန်ကြိုးတုပ် ဒူးထောက်ပြီး အဖမ်းခံလိုက်ရတယ်။ ကားမှာတော့ စစ်ဆေးရင် ပြလို့ရအောင် ထောက်ခံစာတွေ ၊ မျှောစာတွေ အကုန်ပါတယ်။ ဘာအကြောင်းပြချက်နဲ့ အဖမ်းခံရလဲတော့မသိဘူး” ဟု ကားပိုင်ရှင်နှင့်နီးစပ်သည့် ဇာဒီရွာသားတစ်ဦးက ပြောသည်။ […]