BREAKING
November 4, 2025

သတင်း

ဇူလိုင် ၂၇ တွင် ကျင်းပမည့် ထိုင်းဝန်ကြီးချုပ်ရွေးချယ်ပွဲ ဆိုင်းငံ့ကြောင်းကြေညာ

Dawei Watch

July 25, 2023

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ဇူလိုင်လ ၂၇ ရက်နေ့တွင် လွှတ်တော်ထဲ မဲပေးဆုံးဖြတ်ရန် စီစဉ်ထားသော်လည်း ယာယီဆိုင်းငံ့လိုက်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။ ပီထာကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းမှုကို ကန့်ကွက်ခဲ့ခြင်းက အခြေခံဥပဒေနှင့် ညီမညီ တရားရုံး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရန်အတွက် ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သော ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ပီထာကို အမည်စာရင်းတင်သွင်းခဲ့ရာ လွှတ်တော်စည်းမျဉ်းစည်းကမ်းအရ ထပ်မံရွေးချယ်ခံခွင့်မရှိဟုဆိုပြီး လွှတ်တော်အမတ် ၃၉၅ ဦးက ကန့်ကွက်ခဲ့သည်။ ကန့်ကွက်သူများသဖြင့် ပီထာ၏ အမည်ကို နောက်တစ်ကြိမ် ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံတင်သွင်းခွင့်မရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပီထာကို ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းက အခြေခံဥပဒေနှင် ညီမညီ ဆုံးဖြတ်ပေးဖို့ ခုံရုံးကို တိုင်ကြားခဲ့ပြီး နောက်တစ်ကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲကို […]

ရေဖြူတွင် ရော်ဘာခြံလုပ်သားလူငယ်တစ်ဦး ဖမ်းဆီးခံရ

Dawei Watch

July 25, 2023

ရေဖြူမြို့နယ် ကလိန်အောင်မြို့နှင့် ကံ့ကော်တောင်ရွာကြား ရာဘာခြံတစ်ခြံတွင် လုပ်ကိုင်သည့် လူငယ်အမျိုးသားတစ်ဦး ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ အသက် ၂၀ ကျော်အရွယ် အဆိုပါလူငယ်ကို စစ်ကောင်စီတပ်က အိမ်စီးကားအဖြူရောင်ဖြင့် ဖမ်းဆီးခေါ်ဆောင်လာ ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံခရီးသွားတစ်ဦးက ပြောသည်။ “လက်နောက်ပြန်ကြိုးတုပ်ပြီးတော့ ကံ့ကော်တောင် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတာ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ ကံ့ကော်တောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးစစ်ဆေးပြီး ကံပေါက် မောရဝတီ ရေတပ်စခန်းသို့ ဆက်လက်ခေါ်သွားသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ အဆိုပါလူငယ်အမျိုးသားကို မည်သည့်‌အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။ ရေဖြူမြို့နယ် ကံပေါက်ရွာ သစ်တောလမ်းဆုံးတွင် ဇူလိုင်လ ၁၅ ရက်နေ့က မိုင်းတွေ့ပြီးနောက် စစ်ကောင်စီက […]

စစ်ကောင်စီကို အားပေးကူညီနေသည်ဟုဆိုကာ နာရေးကူညီမှုအသင်းအချို့ကို မြိတ်ပကဖ သတိပေး

Dawei Watch

July 25, 2023

စစ်ကောင်စီကို အားပေးကူညီနေသည်ဟုဆိုကာ နာရေးကူညီမှုအသင်းအချို့ကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဇူလိုင် ၂၄ ရက်နေ့စွဲဖြင့် သတိပေးချက် ထုတ်ပြန်လိုက်သည်။ ချမ်းမြေ့၊ ကရုဏာ၊ ချစ်ကြည်ရေး၊ ရွှေရောင်နေ့သစ်နှင့် ပီတိကုသိုလ် စသော မြိတ်အခြေစိုက် နာရေးကူညီမှုအသင်း တို့သည် ၎င်းတို့၏ နာရေးကူညီမှုယာဉ်များကို အသုံးပြု၍ စစ်ကောင်စီကို အားပေးကူညီနေသည်ဟု ထောက်လှမ်း သိရှိရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ အထက်ပါအသင်းများအနေဖြင့် စစ်ကောင်စီအား ကူညီအားပေးမှု လုံးဝ မပြုလုပ်ရန် သတိပေးလိုက်ပြီး လိုက်နာခြင်းမရှိပါက စစ်ရေးအရပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။ မည်ကဲ့သို့ အားပေးကူညီနေသည်ကိုမူ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ ရွှေရောင်နေ့သစ် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူကမူ ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အံ့ဩမိကြောင်း ပြောသည်။ “ကျွန်တော်တို့က ပြည်သူကိုမျက်နှာမူပြီး ပြည်သူအတွက် အလုပ်လုပ်နေတာပါ။ တိကျခိုင်မာမှု […]

ရေဖြူ မူးဒူးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်၊ ပစ်ခတ်ခံရသဖြင့် ဒေသခံနှစ်ဦးဒဏ်ရာရ

Dawei Watch

July 25, 2023

ရေဖြူမြို့နယ်၊ မူးဒူးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာပြီး ပစ်ခတ်သဖြင့် ဒေသခံနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ဇူလိုင်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် စစ်ကြောင်းဝင်လာခြင်းဖြစ်ပြီး မူးဒူးရွာတွင် ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းရှိသည့်အနက် အနောက်ကျောင်းတွင် တပ်စွဲထားကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကြောင်းဝင်ရောက်ချိန် လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ခဲ့ပြီး အခြားရွာက ဖမ်းဆီးခေါ်ဆောင်လာသူ လေးဦးနှင့် မူးဒူးရွာက ဒေသခံလေးဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၎င်းတို့က ပြောသည်။ ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၁၀ နာရီဝန်းကျင်မှစပြီး ကျေးရွာထဲတွင် သေနတ်ပစ်ခတ်ခြင်း၊ ကင်းပုန်းဝပ်ကာ ပစ်ခတ်ခြင်းတို့ကြောင့် မူးဒူးရွာသား ဒေသခံနှစ်ဦး ကျည်ထိန်မှန်ဒဏ်ရာရသဖြင့် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဒီမနက် ပစ်ခံရတာ နှစ်ယောက်ရှိတယ်။ တစ်ယောက် […]

တောင်မင်းပြောင်ရွာတွင် နေအိမ် ၃ ဆောင်မီးလောင်ပြီး အိမ် ၅၀ ကျော်ဖျက်ဆီးခံရ

Dawei Watch

July 25, 2023

စစ်ကြောင်းထိုးခံရသည့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် တောင်မင်းပြောင်ရွာတွင် နေအိမ်သုံးဆောင်မီးရှို့ခံရပြီး လူမရှိသည့် နေအိမ် ငါးဆယ်ခန့်မှာလည်း ဖျက်ဆီးခံထားရသည်ဟု ဒေသခံများထံမှသိရသည်။ ဇူလိုင်လ ၂၂ ရက်က ခမောင်းတောင်ရွာနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက တောင်မင်းပြောင်ရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “နေအိမ်သုံးဆောင် မီးရှိုခံရတယ်။ ဖျက်ဆီးခံရတာက လမ်းမတန်းအိမ်တွေချည်းပဲ ညဘက်မှာ ဝင်သွားတာထင်တယ်။ ကျွန်တော်တို့အိမ်မှာဆို မီးတွေပွင့်နေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ စစ်ကြောင်းဝင်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်သွားကြသည့် ဒေသခံများ၏ နေအိမ်တံခါးများကို ရိုက်ဖျက်ပြီး အသုံးဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ဖျက်ဆီးသွားခြင်းဖြစ်ဟု ဒေသခံများကဆိုသည်။ ယင်းအပြင်နေအိမ်အချို့တွင်လည်း အသုံးဆောင်ပစ္စည်းအချို့၊ ရွှေနှင့် ပိုက်ဆံများ ပျောက်‌ဆုံးနေသည်ကို တွေ့ရကြောင်း ဒေသခံအချို့ကဆိုသည်။ ထားဝယ်ခရိုင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ရေးအရှိန်မြင့်လာနိုင်သည့်အတွက် လောင်းလုံးနှင့် ရေဖြူမြို့နယ်ရှိ ကျေးရွာရှစ်ရွာမှ ဒေသခံပြည်သူများ စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်။ ယင်းဒေသများမှ စစ်ဘေးရှောင်ရသူ […]

လောင်းလုံးနှင့်ရေဖြူက စစ်ရှောင်များအတွက် ရိက္ခာများ အရေးပေါ်လှူဒါန်းပေးကြရန်တောင်းဆို

Dawei Watch

July 25, 2023

တိုက်ပွဲများကြောင့် လတ်တလေား ထွက်ပြေးတိမရှောင်နေကြရသည့် လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်မှ ဒေသခံများအတွက် အရေးပေါ်စာနပ်ရိက္ခာများလှူဒါန်းပေးရန် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က တောင်းဆိုလိုက်သည်။ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဂိမှာန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကော်မတီအပါအဝင် အဖွဲ့ငါးဖွဲ့ပူးပေါင်းပြုလုပ်နေသည့် ၃ ရက်တာ ကမ်းပိန်တွင် ပါဝင်လှူဒါန်းပေးရန် တောင်းဆိုခြင်းဖြစ်သည်။ လောင်းလုံးမြို့နယ် ခမောင်းတောင်၊ တောင်မင်းပြောင်၊ စခန်းကြီး၊ ဖွားဘုတ်ပြင် စသည့်ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။ ယင်းအပြင် ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေဇုန် ဧရိယာအတွင်းရှိကျေးရွာများနှင့် အနီးနားမှ ကျေးရွာများလည်း စစ်ဘေးရှောင်နေကြရသည်။ လတ်တလော ယင်းကျေးရွာတို့မှ စစ်ဘေးရှောင်ဦးရေ တစ်ထောင်ဝန်းကျင်ရှိနေကြောင်း ဂိမှာန် စစ်ဘေးရှောင် ကူညီရေးအဖွဲ့ဝင်တစ်ဦးကဆိုသည်။ “အဲဒီဒေသတွေကပြည်‌သူတွေက ရုတ်တရက်ထွက်ပြေးလာရတာဆိုတော့ ရှိနေတဲ့ ရန်ပုံငွေနဲ့ မလုံလောက်ဘဲဖြစ်နေလို့ ဒီကမ်းပိန်းကို လုပ်ရတာဖြစ်တယ်” ဟု ‌၎င်းကဆိုသည်။ စစ်ဘေးရှောင်များထဲတွင် သွေးလွန်တုပ်ကွေး၊ ရာသီပေါ်တုပ်ကွေးတို့ဖြင့် နေထိုင်မကောင်းသူများလည်းရှိနေပြီး […]

အထူးသတင်းထောက်ဆိုသူအပါအဝင် သုံးဦးထံမှ လက်နက်နှင့်မူးယစ်ဆေးဖမ်းမိ

Dawei Watch

July 25, 2023

မှုခင်းအထူးသတင်းထောက်တစ်ဦးအပါဝင် သုံးဦးထံမှ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိသည်ဟု လောင်းလုံးမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ခဲ့သည်။ ဇူလိုင်လ ၂၁ ရက်နေ့ ညက သတင်းအရ သွားရောက်ဖမ်းဆီးရာတွင် လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စု၊ ထိန်ကြီးရွာသားတစ်ဦးနှင့် ဂေါ့အင်းရွာသားနှစ်ဦးထံတွင် လက်နက်နှင့်မူးယစ်ဆေးဝါးများ ရှာဖွေဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ၎င်းတို့သုံးဦးအနက်တစ်ဦးမှာ မူးယစ်ဆန့်ကျင်ရေး၊သတင်းစုံစမ်းဖော်ပြရေးနှင့် ထောက်လှန်းရေး အထူးသတင်းထောက် ဆိုသူတစ်ဦးပါဝင်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။ “အဲဒီလူတွေ က ဟိုးအရင်ကတည်းက နာမည်ထွက်နေတဲ့သူတွေ ဆေးရောင်း ဆေးဝယ် မူးယစ်ဖောက်ကားတယ်ဆိုပြီး”ဟု ဒေသခံတစ်ဦးကပြောသည်။ အဆိုပါသုံးဦးကို ဖမ်းဆီးရှာဖွေရာတွင် ၎င်းတို့ထံမှ သေနတ်နှစ်လက်၊ဓါးရှည် ၃ချောင်း၊ ဓါးမြှောင် ၄ ချောင်း၊သုံးဆင့်ချိုးလက်ရိုက်တုတ် တစ်ခုနှင့် ၊WY ဆေးပြား ၃၇၅ ပြားအပါဝင် ငွေသား ၂၈၇၂၀၀ ကျပ်ကို သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်ထဲတွင် […]

အမ်ဘတ်ပေကို ကမ္ဘာ့လုပ်ခလစာ အများဆုံးပမာဏဖြင့် ဆော်ဒီကလပ်ကမ်းလှမ်း

Dawei Watch

July 25, 2023

ထိပ်တန်ကစားသမားများကို ခေါ်ယူနိုင်ရန် ကြိုးစားနေသော ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်လ်အသင်းသည် ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပေကို တစ်နှစ်လုပ်ခ ယူရိုသန်း ၇၀၀ အထိ ပေးချေကာ ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။ အယ်လ်ဟီလယ်လ်က အမ်ဘတ်ပေကို ပေးချေမည့် တစ်နှစ်လုပ်ခလစာသည် အပြောင်းအရွှေ့ အမှန်တကယ် ဖြစ်မြောက်ခဲ့မည်ဆိုပါက ကမ္ဘာ့စံချိန်တင်လုပ်ခလစာသစ် ဖြစ်လာလိမ့်မည်ဖြစ်ပြီး လက်ရှိတွင် ကမ္ဘာ့စံချိန်တင် လုပ်ခလစာရရှိသော ဘောလုံးသမားအဖြစ် ရပ်တည်နေသူမှာ ဆော်ဒီအာရေဗျကလပ် အယ်လ်နတ်စ်ဆာအတွက် ကစားပေးနေသော စီရော်နယ်ဒို ဖြစ်သည်။ အမ်ဘတ်ပေနှင့် ပီအက်စ်ဂျီအသင်းတို့အကြားတွင် ချုပ်ဆိုထားသော လက်ရှိစာချုပ်သည် သက်တမ်းအားဖြင့် ဘောလုံးရာသီ တစ်ရာသီစာအတွက်သာ ကျန်ရှိတော့ပြီး ကစားသမားဖြစ်သူဘက်က စာချုပ်သစ်ချုပ်ရန် လက်မခံဘဲဖြစ်နေသည့်အတွက် ပီအက်စ်ဂျီက အမ်ဘတ်ပေကို ရောင်းထုတ်ရန် စီစဉ်နေပြီလည်းဖြစ်သည်။ ဂျပန်နိုင်ငံသို့ရောက်ရှိနေသော ပီအက်စ်ဂျီအသင်း၏ရာသီကြိုခြေစမ်းခရီးစဉ်တွင် အမ်ဘတ်ပေ ပါဝင်မလာသည့်အတွက် ပီအက်စ်ဂျီက အမ်ဘတ်ပေ […]