BREAKING
November 7, 2025

သတင်း

ဖူးခက်၏ ညဥ့်ဖျော်ဖြေရေးနေရာများ နံနက် ၄ နာရီအထိ ဖွင့်လှစ်ခွင့်ပေးရန် ထိုင်း၀န်ကြီးချုပ်သစ်ကို တောင်းဆို

Dawei Watch

August 27, 2023

ဖူးခက်ရှိ ညဥ့်ဖျော်ဖြေရေး ဆိုင်ရာ လုပ်ငန်းရှင်များက ပသုန်း ကမ်းခြေရှိ လုပ်ငန်းနေရာများကို လက်ရှိ သတ်မှတ်ထားသည့် နောက်ဆုံးထား အချိန် နံနက် ၁ နာရီ အစား နံနက် ၄ နာရီအထိ ဖွင့်ခွင့်ပြုရန် ထိုင်းဝန်ကြီးချုပ်သစ် ဆေထာ ထာ၀ီဆင် အား အဆိုပြုတောင်းဆိုထားသည်။ ဩဂုတ်လ ၂၆ရက်နေ့ တွင် ၀န်ကြီးချုပ် နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ လုပ်ငန်း ကိုယ်စားလှယ်များ အကြား အစည်းအ၀ေး အတွင်း ယခုလို အဆိုပြုလွှာ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ဖူးခက် ၊ ပသုန်းကမ်းခြေ ရှိ ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်သူများ အသင်း ဥက္ကဋ္ဌ Weerawit Kruasombat က ပြောသည်။ လက်ရှိတွင် ဝန်ကြီးချုပ် […]

အရှေ့တီမောကို မြန်မာစစ်ကောင်စီ သံတမန်ဆက်ဆံရေးဖြတ်ပြီး သံရုံးတာဝန်ခံကို ထွက်ခွာခိုင်း

Dawei Watch

August 27, 2023

တီမောလက်စ်တေးနိုင်ငံကို မြန်မာစစ်ကောင်စီက သံတမန်ဆက်ဆံရေးဖြတ်တောက်လိုက်ပြီး ရန်ကုန်တွင်ရှိသည့် သံရုံးယာယီတာဝန်ခံကိုလည်း မြန်မာနိုင်ငံမှ ထွက်ခွာရန် သံတမန်စာဖြင့် အကြောင်းကြားထားကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၂၇ရက်တွင် ထုတ်ပြန်သည်။ တီမောလက်စ်တေးအစိုးရအား ဆက်တိုက်ဆိုသလို သတိပေးပြောကြားမှုများ ပြုလုပ်နေသည့်ကြားမှအမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ကြောင့် သံရုံး ယာယီတာဝန်ခံအနေဖြင့် စက်တင်ဘာလ ၁ရက်နေ့မတိုင်မီ မြန်မာနိုင်ငံမှ ထွက်ခွာရန် ဩဂုတ်လ ၂၅ရက်နေ့တွင် သံတမန်စာဖြင့် အကြောင်းကြားခဲ့ကြောင်း ဖော်ပြပါရှိသည်။ စစ်အာဏာသိမ်းကာလတွင် သံအရာရှိတစ်ဦးကို ပထမဆုံးအကြိမ် ထွက်ခွာခိုင်းခြင်းဖြစ်သည်။ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းနှင့် မကိုက်ညီသည့် တီမောလက်စ်တေအစိုးရ၏ ပြောကြားချက်နှင့် လုပ်ဆောင်ချက်များအား ပြင်းထန်စွာ ကန့်ကွက်ကြောင်းလည်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁ရက်နေ့က ကျင်းပသည့် တီမောလက်စ်တေးနိုင်ငံ […]

လောင်းလုံး တီဇစ်ရွာကို စစ်ကြောင်းထိုးနေသဖြင့် လူထောင်ချီထွက်ပြေး၊ ဒေသခံဆယ်ချီအဖမ်းခံရ

Dawei Watch

August 27, 2023

လောင်းလုံးမြို့နယ် တီဇစ်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံထောင်နှင့်ချီ ထွက်ပြေး‌တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်အင်အား ၆၀ ခန့်သည် ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းကစပြီး လောင်းလုံးမြိုသို့ ရောက်ရှိလာ ပြီးနောက် ညနေပိုင်းတွင် မြို့၏ အနောင်တောင်ဘက် စမ်းလှမ်းရွာမှတစ်ဆင့် ထပ်ကုန်းပြင်၊ ဖိုးလမော်၊ တီဇစ်ရွာသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ညနေသုံးနာရီလောက်ရှိပြီ သူတို့လာတာ။ ကုန်းကြောင်းအတိုင်းပဲလာတာ။ လမ်းက ဖမ်းလာတဲ့သူက သုံးဆယ်နီးပါး လောက်ရှိတယ်လို့ ကြားရတယ်။ ရွာကလူတွေနဲ့ပါဆို ခြောက်ဆယ်လောက်ရှိမယ်။ ညကတဲ့က တီဇစ် အထက် ကျောင်း (ဘုန်းကြီးကျောင်း) မှာ ဖမ်းထားတဲ့သူတွေနဲ့အတူ သူတို့ တပ်စွဲနေထိုင်လိုက်တယ်” ဟု ၎င်းကပြောသည်။ စစ်ကြောင်းဝင်လာချိန်မှ ယနေ့ ဩဂုတ်လ ၂၇ ရက် နေ့လယ်ပိုင်းအထိ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

August 27, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းသူတွေကို အမေရိကန်အရေးယူ နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေတဲ့ မြန်မာစစ်ကောင်စီအတွက်လေယာဉ်ဆီ တင်သွင်းပေးတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန်အစိုးရက အရေးယူလိုက်ပါတယ်။ စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးနေတဲ့ Shoon Energy ကုမ္ပဏီနဲ့ ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ဖြူဝင်း၊ အရင်ကပင် ပိတ်ဆို့အရေးယူထားရာမှာပါဝင်တဲ့ Asia Sun ကုမ္ပဏီအုပ်စုထဲက ကုမ္ပဏီ ၁၁ ခုရဲ့ ပိုင်ရှင် ဦးဇော်မင်းထွန်းတို့ကို ဩဂုတ်လ ၂၃ ရက်က အရေးယူလိုက်တာပါ။ ဒေါ်ခင်ဖြူဝင်းပိုင်တဲ့ လုပ်ငန်းခွဲ ၂ ခုဖြစ်တဲ့ PEIA (Puma Energy Irrawaddy Aviation) […]

ရေဖြူတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသူအမျိုးသမီး သေဆုံး

Dawei Watch

August 27, 2023

ရေဖြူမြို့ အနောက်ဘက်ကမ်း ရပ်တော်မူဘုရားလမ်းဆုံအနီးတွင် စစ်‌ကောင်စီတပ်က ပစ်ခတ်သော ကျည်ဆန်ထိမှန်ကာ ဒဏ်ရာရသွားသည့် အမျိုးသမီးတစ်ဦးမှာ မနေ့(သြဂုတ် ၂၆)ညပိုင်းတွင် သေဆုံးသွားသည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။ သေဆုံးသူမှာ ရေဖြူမြို့နေ အသက် ၄၃ နှစ်အရွယ်ရှိ ဒေါ်သွယ်သွယ်ဝင်းဆိုသူဖြစ်သည်။ ဩဂုတ်လ ၁၉ ရက်နေ့က ရေဖြူရပ်တော်မူဘုရားလမ်းဆုံးအနီးတွင် စစ်ကောင်စီတပ်က ဖမ်းလာသူတစ်ဦး ထွက်ပြေးသည်ဟုဆိုကာ လိုက်လံပစ်ခတ် ဖမ်းဆီးစဉ် ဒေါ်သွယ်သွယ်ဝင်း အပါအဝင် ဒေသခံလေးဦး ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်သည်။ ဒေါ်သွယ်သွယ်ဝင်းသည် သေနတ်ထိမှန်ပြီးနောက် ရှစ်ရက်အကြာ ဩဂုတ်လ ၂၆ ရက် ည ၇ နာရီ ခွဲခန့်တွင် မက်ဒီလန်းဆေးရုံ၌ သေဆုံးသွားသည်ဟု ‌ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။ “ထိတာက ဒူးခေါင်းမှာတစ်ချက်၊ ပေါင်ရင်းဆီးအိမ်နားမှာ တစ်ချက်၊ ဆီးအိမ် ချုပ်လိုက်ရတယ်။ အူမ နှစ်ချက်ထိတယ်။ ဒူးခေါင်းကကျည်ဆံလည်း မထုတ်ရသေးဘူး”ဟု ၎င်းကပြောသည်။ […]

ထားဝယ်ထောင် ဝန်ထမ်းများကို လူသစ်များဖြင့် အစားထိုးဟုဆို

Dawei Watch

August 26, 2023

ထားဝယ်အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းအားလုံးနီးပါးကို စစ်ကောင်စီက လူသစ်များဖြင့် အစားထိုးထားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအချို့၏ အဆိုအရသိရသည်။ ထားဝယ်အကျဉ်းထောင်တွင် မူးယစ်ဆေးဝါးနှင့် မိုဘိုင်းဖုန်းများဖမ်းမိပြီးနောက် အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများ၊ ထောင်အရာရှိများနှင့် ထောင်မှူးတို့ကို စစ်ကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးစစ်ဆေးနေသည်ဟု အတွင်းသတင်းများအရ သိရသည်။ “ဝန်ထမ်းဟောင်းတွေက သုံးလေးယောက်လောက်ပဲကျန်တယ်၊ ကျန်တာအကုန်လုံးက ဝန်ထမ်းအသစ်တွေချည်းပဲ” ဟု ၎င်းက ပြောသည်။ ထားဝယ်အကျဉ်းထောင်၏ ထောင်ဝင်စာ ရိက္ခာပို့သည့်နေရာတွင် ဝန်ထမ်းအသစ်များကိုတွေ့ရပြီး ဟင်းနှင့်အကြော်အလှော် ပါဆယ်ထုတ်များကို လင်ဗန်းထဲသွန်ချ၍ ဇွန်းဖြင့် တဇွန်းချင်းပြန်ခပ်ထည့်ကာ အသေးစိတ် စစ်ဆေးနေသည်ဟု ထောင်ဝင်စာပို့နေသူ ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ “အခုက ထောင်ဝင်စာပို့ရတာ မလွယ်တော့ဘူး၊ အချိန်ပေးရတာပေါ့နော်၊ တစ်ယောက်ကို တစ်နာရီလောက်ကြာတယ်၊ အသေးစိတ်ကို စစ်တာ၊ အဓိကတော့ ဖုန်းတွေ မူးယစ်ဆေးတွေပါလားဆိုပြီး စစ်တာဖြစ်သွားပြီ” ဟု […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

August 26, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၁၉ ရက်နေ့မှ ဩဂုတ်လ ၂၅ ရက်နေ့အထိ ပါကစ္စတန်တွင် ကားတိုက်မှုကြောင့် အနည်းဆုံး ၂၀ ဦးသေဆုံး ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ထဲက အဝေးပြေးလမ်းဘေးမှာ ရပ်ထားတဲ့ ဗန်ကားတစ်စီးကို ဘတ်စ်ကားတစ်စီးက ဝင်တိုက်ခဲ့ပြီး မီးလောင်ခဲ့ပါတယ်။ ကားတိုက်မှုကြောင့် အနည်းဆုံးလူ ၂၀ ဦး သေဆုံးကာ ၁၁ ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဩဂုတ်လ ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ခရီးသည် ၄၀ ကျော်တင်လာတဲ့ ဘတ်စ်ကားက အဝေးပြေးလမ်းမဘေးမှာ ရပ်ထားတဲ့ ဗန်ကားကို ဝင်တိုက်မိခဲ့တာပါ။ ဗန်ကားဟာ ဆီထည့်တဲ့ စည်ပိုင်းတွေ သယ်လာခဲ့လို့ ဘတ်စ်ကားကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။ […]

စစ်ကောင်စီတပ်က ဘန်လောရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်

Dawei Watch

August 25, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာဖက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ တိုက်ပွဲမရှိဘဲ ဩဂုတ်လ ၂၄ရက် ည ၈ နာရီခန့်မှ ည ၁၀ နာရီကျော်အထိ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခဲ့သလို ယနေ့ ဩဂုတ်လ ၂၅ရက် နံနက် ၁၁ နာရီကလည်း ထပ်မံပစ်ခတ်ကြောင်း ဒေသခံများက ဆိုသည်။ “ဘန်လောလမ်းဆုံမှာ လာကျနေတယ်။ အထိအခိုက်တော့ သေချာမသိရသေးဘူး။ လက်ရှိတော့ ငြိမ်သွားပြီ။ ဘယ်အချိန် ထပ်ပစ်ဦးမလည်း မသိဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ မွန်းလွဲပိုင်းတွင် ပြောဆိုသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် ဩဂုတ်လ ၂၄ရက်ညတွင် ပြည်သူ့ကာကွယ်ရေးတပ်က ဘန်လောကျေးရွာတံတားရှိ စဝ်ကောင်စီဂိတ်ကို သွားရောက်ပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်က […]