BREAKING
November 8, 2025

သတင်း

အခြေခံပညာကျောင်းများတွင် ထားဝယ်စာပေ စတင်သင်ကြားတော့မည်ဟုဆို

Dawei Watch

September 12, 2023

ယခုပညာသင်နှစ်ထဲတွင် အခြေခံပညာစာသင်ကျောင်းများ၌ ထားဝယ်စာပေ စတင်သင်ကြားတော့မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ အခြေခံပညာကျောင်းတို့တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် မူလတန်း ဆရာ၊ ဆရာမ ၅၁ ဦးကို စက်တင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ထားဝယ် အ.ထ.က (၁) တွင် ဆရာဖြစ်သင်တန်းပေးထားပြီးဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။ သင်တန်းဆင်း ဆရာ၊ ဆရာမများကို ပညာရေးဝန်ကြီးဌာနက ဘတ်ဂျတ်ချကာ ထားဝယ်စာပေသင်ကြားမှုအတွက် ထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ယခုနှစ်ထဲတွင် စတင်သင်ကြားနိုင်ပြီဟု လမ်းညွှန်ထားကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။ “နိုင်ငံတော်က သူတို့ကို ထောက်ပံ့ကြေးပေးရမယ်။ ဒါပေမဲ့ ထောက်ပံ့ကြေးကို မစောင့်နဲ့။ ဘတ်ဂျတ်ဆိုတာကတော့ ကြာတာပေါ့နော်။ တို့က ဒီစာပေပြန့်ပွားဖို့နဲ့ ကလေးတွေသင်ရဖို့က အရေးကြီးတယ်ဆိုပြီး ဟိုနေ့ (စက်တင်ဘာ ၉ရက်) […]

မဟာချိုင်တွင် မြန်မာမိန်းကလေးတစ်ဦးကို ဓါးဖြင့်ခုတ်ပြီး လုယက်

Dawei Watch

September 11, 2023

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ဈေးပွဲတော်မှပြန်လာသော မြန်မာမိန်းကလေးငယ်တစ်ဦးကို အမည်မသိ အမျိုးသားနှစ်ဦးက ဓါးဖြင့် အကြိမ်များစွာခုတ်၍ ပစ္စည်းများ လုယက်ခဲ့ကြောင်း AAC – မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၀ ရက် ည(သန်းခေါင်ကျော်) ၃ နာရီအချိန်ခန့်တွင် Big C အနီး နှစ်စဉ်ဈေးပွဲတော်မှ မြန်မာမိန်းကလေးက တစ်ဦးတည်းပြန်လာစဉ် လူရှင်းသောနေရာတွင် ဓါးခုတ် လုယက်ခံရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အမည်မသိ လူငယ်နှစ်ဦးက မြန်မာမိန်းကလေးထံမှ ဘေးလွယ်အိတ်ကို‌ တောင်းယူစဉ်တွင် အလွယ်တကူမပေးသဖြင့် ဓါးထုတ်၍ ခြိမ်းခြောက်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ နောက် မြန်မာလူငယ်အမျိုးသားတစ်ဦးက ဝင်ရောက်ကူညီပေးရာ လုယက်သူနှစ်ဦးက ခြေထောက်ဖြင့် ကန်ခဲ့ပြီး မြန်မာအမျိုးသားထံတွင် ပါလာသော လက်ကိုင်ဖုန်းကိုလည်း လုယက်ခဲ့ကြောင်း အဖွဲ့ထံမှသိရသည်။ လုယက်သူနှစ်ဦးက မြန်မာမိန်းကလေးကို ဓါးဖြင့် အကြိမ်များစွာ ခုတ်ခဲ့ပြီး […]

စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ပုလောတွင် ခုနစ်နာရီကြာတိုက်ပွဲပြင်းထန်

Dawei Watch

September 11, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး   ခုနှစ်နာရီခန့်ကြာသည်အထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ပုလောအခြေစိုက်၊ မြိတ်ခရိုင်(အမှတ် ၁ )တပ်ရင်းနှင့် ဒေသခံများ ထံမှသိသည်။ ယနေ့(စက်တင်ဘာ ၁၁) နံနက် ၅ နာရီ ၂၀ မိနစ်တွင် ပုလောမြို့နယ်၊ ပိတပ်ကျေးရွာသို့ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁)၏ ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှသိရသည်။ နှစ်ဖက်တိုက်ပွဲသည်  မွန်းလွဲ ၁၂ နာရီအချိန်အထိ ဖြစ်ခဲ့ပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်များ ပလမြို့ဘက်သို့ တဖြည်းဖြည်း  ပြန်လည်ဆုတ်ခွါသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ပွဲဖြစ်နေစဥ်အတွင်း ပလမြို့စစ်ကောင်စီတပ်အပါအဝင် စစ်သင်္ဘောများမှ ပြည်သူ့ကာကွယ်ရေးတပ်ရှိရာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည် သိရသည်။ “လက်နက်ကြီးတွေ ထောင်းလိုက်တာမှ ရေထဲရော ကုန်းပေါ်ပါထောင်းတာ။ […]

တနင်္သာရီအမြန်ရေယာဉ်ကို စစ်ကောင်စီတပ် တက်စစ်၊ ဘိန်းစာမှုန့်များ ဖမ်းမိဟုဆို

Dawei Watch

September 11, 2023

တနင်္သရီမြို့မှ မြိတ်မြို့သို့ မောင်းနှင်လာသည့် တနင်္သာရီအမြန်ရေယာဉ်အား စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တက်ရောက်စစ်ဆေးခဲ့ပြီး ဘိန်းစာမှုန့်များ ဖမ်းမိကြောင်း မျက်မြင်တွေ့ရှိသူတို့က ပြောသည်။ အဆိုပါအမြန်ရေယာဉ်သည် မြိတ်သို့ဝင်ပြီး ယောကြီးဝတံတားတွင် ဆိုက်ကပ်ချိန် စစ်ကောင်စီ ယူနီဖောင်းဝတ်များ၊ ရဲယူနီဖောင်းဝတ် စုစုပေါင်း အင်အား သုံးဆယ်နီးပါးဖြင့် လာရောက်စစ်ဆေးခဲ့ကြောင်း မျက်မြင်‌တွေ့ရှိသူအချို့က ဆိုသည်။ “သတင်းအတိအကျရလို့ လာစစ်တာထင်တယ်။ အမြန်ယာဉ်ဆိုက်ခါနီး အဝင်တံခါးပိတ်ပြီး စစ်ဆေးနေကြတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောဆိုသည်။ အမြန်ရေယာဉ်ဆိုက်ကပ်စဉ် ခရီးသည်တို့အား စစ်ဆေးပြီးနောက် အမြန်ရေယာဉ်ထဲ ဆင်းစစ်ရာ ဆာလာအိတ် သုံးအိတ်ဖြင့် ထည့်ထားသည့် ဘိန်းစာမှုန့်တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူအချို့က ဆိုသည်။ “ပိုင်ရှင်မပေါ်လို့ထင်တယ်။ ပဲ့နင်းနဲ့ စာရေးကို ခေါ်သွားတာ တွေ့ရတယ်” ဟု မျက်မြင်တွေ့ရှိသည့် သမ္ဗာန်မောင်းနှင်သူတစ်ဦးက […]

ကံပေါက်ရွာသားမိသားစုဝင်သုံးဦး မောရဝတီရေတပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရ

Dawei Watch

September 11, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မြသီတာရပ်ကွက်၌ နေထိုင်သူအမျိုးသားသုံးဦးကို စက်တင်ဘာလ ၇ ရက်ညတွင် မောရဝတီရေတပ်က လာရောက်ဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။ အဖမ်းခံရသူတို့မှာ ဦးလှထွန်း၊ သားဖြစ်သူ ကိုဇူးနှင့် သားမက်ဖြစ်သူ ကိုမိုးထက်တို့ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် မြေယာကိစ္စအမှုရုံးချိန်းအပြီး ရေဖြူမြို့ကပြန်လာပြီးနောက် ယင်းနေ့ ညပိုင်းတွင် သုံးဦးစလုံး အဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ရုံးချိန်းက လိုင်းကားနဲ့ ပြန်လာတာ ပုံမှန်ပဲ။ ညနေပိုင်းအထိ သူတို့သားအဖတွေ သွားလာနေတာ တွေ့နေရသေး တယ်။ ညမှ လာခေါ်သွားတယ်။ အခုထိတော့ သုံးယောက်စလုံး ရေတပ်မှာရှိနေသေးတယ်” ဟု မြသီတာရပ်ကွက် နေသူတစ်ဦးက စက်တင်ဘာလ ၁၀ ရက်ညပိုင်းတွင် ပြောသည်။ ဦးလှထွန်းတို့နှင့် ရုံးချိန်းအတူလာသည့် […]

စစ်သင်္ဘောက ဖမ်းဆီးထားသည့် ပုလောငါးဖမ်းလှေများ ပြန်လွတ်

Dawei Watch

September 10, 2023

မြိတ်ခရိုင်၊ပုလောပင်လယ်ပြင်အတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ငါးဖမ်းလှေငယ်များကို ယနေ့ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။ ပုလောချောင်းဝ ပင်လယ်ပြင်ရှိ ညှင်းဦး၊ ကျောက္ကာရွာအရှေ့နှင့် ဒေသအခေါ် လုံးပြာအောက်တို့တွင် စစ်သင်္ဘောသုံးစီး ကျောက်ချရပ်နားထားပြီး ကမ်းနီးငါးဖမ်းလှေ အစီးရေ လေးဆယ်ခန့်ကို စက်တင်ဘာ  ၈ ရက်နှင့် ၉ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင်မူ ပြန်လွှတ်‌ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများ ကပြောသည်။ “ဘာတွေကို စစ်တယ်မေးတယ် ဆိုတာတော့ သေချာမသိရသေးဘူး။ ပြန်လွတ်လာကြပြီလို့ပဲ လောလောဆယ် သိရသေးတယ်”ဟု ဒေသခံအမျိုးသာ ကပြောသည်။ စက်တင်ဘာ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် စစ်သင်္ဘောများက သေနတ်ပစ်ဖောက် ဖမ်းဆီးနေသဖြင့် ငါးဖမ်းလှေငယ်များ ပင်လယ်ပြင်မထွက်ရဲဘဲ ရွာသို့ပြန်ဝင်ပြေးလာကြသည်ဟု ဒေသခံများ ကပြောသည်။ “စစ်သင်္ဘောကဆွဲ(ဖမ်း)ထားတာကို အကုန်မြင်နေရတယ်။ အစီးရေဘယ်လောက်တော့မသိဘူး။ ဒီကနေ့ပြန်လွှတ်လိုက်ပြီ”ဟု ဒေသခံနောက်တစ်ဦး […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

September 9, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ အလှည့်ကျဥက္ကဋ္ဌနေရာ စစ်ကောင်စီကိုမပေးဘဲ လာအိုကို လွှဲပေးလိုက်တဲ့ အာဆီယံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို မလွှဲပေးဖို့ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ပြီး လာအိုနိုင်ငံဆီကို တာဝန်လွှဲပေးလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၆ မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ရယူရမှာပါ။ ဒါပေမဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ဥက္ကဋ္ဌနေရာ မပေးဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ စက်တင်ဘာလ ၅ရက်နေ့က ကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေး ပထမနေ့မှာပဲ အာဆီယံခေါင်းဆောင်တွေ ဆုံးဖြတ်လိုက်တာပါ။ ဒါကြောင့် မြန်မာနောက်မှာ တာဝန်ယူရမယ့် ဖိလစ်ပိုင်ကို အလှည့်ကျော်ပြီး ဥက္ကဋ္ဌနေရာ […]

ကျိုက်ထိုတွင် အငြိမ်းစား ဒုဗိုလ်မှူးကြီးမိသားစု ပစ်ခတ်ခံရပြီး ဇနီးသေဆုံး

Dawei Watch

September 9, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဦးအောင်လွင် မိသားစု သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဇနီးသေဆုံးကာ သားဖြစ်သူလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်ခန့်က အသက် ၄၈ နှစ်အရွယ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဦးအောင်လွင်နှင့် ဇနီး ဒေါ်ခင်စန္ဒာစိုး၊ သားဖြစ်သူ မောင်အောင်ငြိမ်းမာန်တို့ ကားဖြင့် နေအိမ်သို့ ပြန်လာစဥ် လက်နက်ကိုင်တစ်စုက ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ “သေနတ်သမားတွက ဆိုင်ကယ်နဲ့ သူတို့ (ဦးအောင်လွင်) မိသားစု အပြင်ကနေ ပြန်လာတဲ့အချိန်မှာ စောင့်ပြီး ပစ်သွားတာ။ သူ့မိန်းမကတော့ သေဆုံးသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒေါ်ခင်စန္ဒာစိုးသည် ဦးခေါင်းကိုကျည်ထိမှန်ပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့သည်ဟု […]