BREAKING
November 9, 2025

သတင်း

သရက်ချောင်း ပိတောက်ကြီးရွာသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

Dawei Watch

September 25, 2023

သရက်ချောင်းမြို့နယ် ပိတောက်ကြီးရွာသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ကြောင်း ဒေသခံများနှင့် ကစယ်ဒိုကျားတပ်ဖွဲ့တို့ထံမှ သိရသည်။ ထားဝယ်-မြိတ်ကားလမ်းဘေးရှိ ပိတောက်ကြီးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းနှင့် စက်တင်ဘာလ ၂၃ရက် နံနက်ပိုင်းတို့ တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။ စက်တင်ဘာလ ၂၃ ရက်က စစ်ကောင်စီတပ်နှင့်တွေ့ပြီး ဖမ်းဆီးခံရသည့် ပိတောက်ကြီးရွာက ကရင်တိုင်းရင်းသား သုံးဦးကို စစ်ကောင်စီတပ်က လမ်းပြအဖြစ်ခေါ်ဆောင်ခဲ့ပြီးနောက် လမ်းတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ကစယ်ဒိုကျားတပ်ဖွဲ့၏ တပ်ခွဲမှူး ကိုဘဦးသစ်က ပြောသည်။ “သူတို့က တိုက်ပွဲမဖြစ်ခင်တည်းက ဖမ်းပြီးလမ်းပြခေါ်ဆောင်တယ်။ တိုက်ပွဲဖြစ်ပြီးတာနဲ့ (စစ်တပ်က) တစ်ခါတည်းပြီး ပစ်သတ်လိုက်တယ်” ဟု ကိုဘဦးသစ်က ပြောဆိုသည်။ အဆိုပါရွာသားသုံးဦးမှာ အရပ်သားပြည်သူများသာဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းတို့ကို ပိတောက်ကြီးရွာနှင့် တစ်မိုင်ကျော်အကွာတွင် ယနေ့ […]

ကံပေါက်ရွာထိပ် စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီး ပစ်ခတ်သံများထွက်ပေါ်

Dawei Watch

September 25, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအဝင်ဝရှိ သစ်တောရုံးနှင့် ဆင်ကိုးရပ်ရေတံခွန် စစ်ဆေးရေးဂိတ်များအနီး၌ ယနေ့ ညပိုင်းတွင် ပေါက်ကွဲသံ၊ ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ စက်တက်ဘာလ ၂၅ ရက် ညနေ ၆ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် ပေါက်ကွဲသံများကြားရပြီးနောက် ပစ်ခတ်သံများ ၁ဝမိနစ်ခန့်ကြာ ဆက်တိုက်ထွက်ပေါ်လာကြောင်း ၎င်းတို့က ဆိုသည်။ “ပေါက်ကွဲသံ သုံးချက် အရင်ကြားတယ်။ ပြီးမှ သေနတ်သံတွေကြားရတယ်” ဟု ကံပေါက်ဒေသခံတစ်ဦးက ပြောဆိုသည်။ ပစ်ခတ်သံများ ထွက်ပေါ်ပြီးနောက် လျှပ်စစ်မီး နှင့် မိုင်တဲအော်ပရေတာဆက်သွယ်ရေးလိုင်း ပြတ်တောက်သွားကြောင်း ဒေသခံတို့က ဆိုသည်။ ည ၇နာရီဝန်းကျင်တွင် လျှပ်စစ်မီး ပြန်လည်ရရှိနေပြီဖြစ်ပြီး မိုင်တဲဆက်သွယ်ရေးအော်ပရေတာလိုင်း ပြတ်တောက်နေဆဲဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ပစ်ခတ်မှုဖြစ်စဉ်အသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ကံပေါက်သစ်တောရုံးလမ်းဆုံတွင် […]

လောင်းလုံး ခမောင်းတောင်ရွာသားတစ်ဦး နေအိမ်တွင် ပစ်သတ်ခံထားရ

Dawei Watch

September 25, 2023

လောင်းလုံးမြို့နယ် ခမောင်းတောင်ရွာသားတစ်ဦးသည် ယနေ့ စက်တင်ဘာလ ၂၅ ရက် နေလယ်ပိုင်းက နေအိမ်တွင် ပစ်သတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။ ပစ်သတ်ခံထားရသူမှာ အသက် ၄၇ နှစ်အရွယ် ဦးနိုင်ဦးဆိုသူဖြစ်ပြီး ၎င်း၏ နေအိမ်ရှိ သစ်အရောင်းဆိုင်တွင် ပင် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သေနတ်ဒဏ်ရာနဲ့ပါပဲ။ သစ်ဝယ်သူလာမှပဲ သေနေတယ်ဆိုတာသိရတယ်” ဟု ၎င်းက ပြောဆိုသည်။ ဦးနိုင်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်သတ်ခဲ့သည်ကို အတည်မပြုနိုင်သေးပေ။ ဦးနိုင်ဦးတွင် ဇနီးဖြစ်သူနှင့် အသက် ၂၀ ကျော်အရွယ် သမီးနှစ်ဦးနှင့် ဆယ်ကျော်သက်အရွယ် သားတစ်ဦး ကျန်ရစ်ခဲ့ကြောင်း ဒေသခံတို့ထံမှသိရသည်။ ဦးနိုင်ဦး၏ ရုပ်အလောင်းကို အရေးပေါ်ကားဖြင့် ထားဝယ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ထိုင်းဒုရဲချုပ်နေအိမ်ကို ဆိုင်ဘာရဲတပ်ဖွဲ့ ဝင်စီး

Dawei Watch

September 25, 2023

အွန်လိုင်းလောင်းကစားတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ထိုင်းနိုင်ငံ ဒုရဲချုပ်တစ်ဦး၏ နေအိမ်ကို ဆိုင်ဘာမှုခင်းစုံစမ်းစစ်ဆေးရေးဌာန (CIBB) က ယနေ့ (စက်တင်ဘာ ၂၅) တွင် ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေစီးနင်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အွန်လိုင်းလောင်းကစားပြုလုပ်နေသောဆိုဒ်များတွင် ပါဝင်နေသည်ဟု စွပ်စွဲချက်ဖြင့် ထိုင်းနိုင်ငံ ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate နေထိုင်ရာ ဘန်ကောက်မြို့ရှိ နေအိမ်ကို နံနက်ပိုင်းတွင် ဝရမ်းထုတ် ရှာဖွေခဲ့ခြင်းဖြစ်သည်။ အဆိုပါစီးနင်းမှုတွင် ဆိုင်ဘာရဲတပ်ဖွဲ့များအပြင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဌာနမှ ရဲတပ်ဖွဲ့များနှင့် မြို့တော်ကွန်မန်ဒိုတပ်ဖွဲ့များလည်း ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။ ဝရမ်းထုတ်ရှာဖွေစီးနင်းမှုတွင် ရဲကလပ်၏ အနောက်ရှိ နေအိမ်ငါးလုံးပါဝင်နေပြီး ထိုအိမ်များသည် ရဲဗိုလ်ချုပ်ကြီး Surachate က သူ့လက်အောက်ငယ်သားများအတွက် ဝယ်ပေးထားသော အိမ်များဖြစ်ကြောင်း ဖော်ပြထားသည်။ ရဲဗိုလ်ချုပ်ကြီး Surachate နေအိမ်တွင်ရှိနေချိန် နံနက် ၈ နာရီအချိန်ခန့်တွင် ဆိုင်ဘာရဲတပ်ဖွဲ့များ […]

မြိတ်-တနင်္သာရီလမ်းပေါ် နှစ်ရက်ဆက်တိုက်မိုင်းဆွဲခံရပြီးနောက် အစစ်အဆေးတင်းကျပ်

Dawei Watch

September 25, 2023

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက် မိုင်းဆွဲခံရပြီးနောက် လမ်းသွားလမ်းလာ ခရီးသည်များအား အစစ်အဆေးတင်းကျပ်နေကြောင်း ဒေသခံများက ပြောသည်။ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ရွှေကြက်ယက်ဘုရားအနီး ပြည်ထောင်စုလမ်းပေါ်တွင် စက်တင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ယင်းနောက် စက်တင်ဘာလ ၂၄ ရက်တွင်လည်း မြိတ်မြို့နယ်၊ တုံးဗျောလသာကျေးရွာအနီး ပြည်ထောင်စုလမ်း ပေါ်တွင်လည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ “တုံးဗျောမှာဖြစ်ပြီး မနေ့ကရော ဒီနေ့ထိ ကြေးနန်းတိုင်တံတားမှာ လူတွေကို တအားစစ်ဆေးနေတယ်။ မှတ်ပုံတင်တွေလည်း စစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဆိုင်ကယ်စီးလာသည့် အမျိုးသားများအား အဓိက စစ်ဆေးနေခြင်းဖြစ်ပြီး ခရီးသည်ကားများကိုမူ အစစ်အဆေး နည်းကြောင်း ခရီးသည်ယာဉ်မောင်းအချို့က ပြောဆိုသည်။ “အဓိကကတော့ ဆိုင်ကယ်တွေမှာ ဟိုရှာဒီရှာ […]

မြိတ်တွင် အုတ်ဈေး နှစ်ဆတက်

Dawei Watch

September 25, 2023

မြိတ်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတို့တွင် အသုံးပြုကြသည့် အုတ်ဈေး နှစ်ဆမြင့်တက်လာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့်နှစ်က အုတ်အချပ်တစ်ထောင်လျှင် တစ်သိန်းကျပ် ဈေးရှိရာမှ ယခုနှစ်တွင် နှစ်သိန်းကျပ်ဖြစ်လာကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူအချို့က ဆိုသည်။ ပြီးခဲ့သည့်နှစ် မတ်လအတွင်းက အုတ်အချပ်ရေတစ်ထောင်လျှင် ရှစ်သောင်းငါး‌ထောင်ကျပ်မှ နှစ်ကုန်ပိုင်းတွင် တစ်သိန်းအထိဖြစ်လာခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။ ယင်းနောက် ယခုနှစ်အစမှစပြီး အုတ်အချပ်ရေ တစ်ထောင်လျှင် တစ်သိန်းရှစ်သောင်းကျပ်မှ ဩဂုတ်လမှစပြီး နှစ်သိန်းကျပ်အထိ မြင့်တက်လာကြောင်း ၎င်းက ပြောဆိုသည်။ ပန်းရန်ဆရာတစ်ဦးကလည်း “‌အုတ်ဈေးတွေက တဖြေးဖြေးနဲ့တက်လာတဲ့ အနေအထားပါ” ဟု ပြောသည်။ မြေတူးခ အပါအဝင် လောင်စာထင်းစရိတ်များ ကြီးမြင့်လာသည့်အတွက် အုတ်ဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကြောင်း အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူအချို့က ဆိုသည်။ “အုတ်လုပ်ငန်းမှာ အဓိက ဈေးတက်နေတာက ထင်းဈေးပဲ။ ထင်းဈေးတွေ […]

ဖမ်းဆီးခံ ခမောင်းချောင်းရွာသူသုံးဦးပြန်လွတ်၊ အမျိုးသမီးငယ်သုံးဦးအပါအဝင်ရှစ်ဦး ပြန်မလွတ်သေး

Dawei Watch

September 25, 2023

ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးထားသည့် ခမောင်းချောင်း ရွာသူသုံးဦး ပြန်လည် လွတ်မြောက်လာပြီး ဆယ်ကျော်သက် အမျိုးသမီးသုံးဦးနှင့် အမျိုးသားငါးဦးတို့ကို ဆက်လက်ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၂၁ ရက်တွင် စတင် စစ်ကြောင်းထိုးခြင်းဖြစ်ပြီး စစ်တင်ဘာလ ၂၂ ရက်တွင် ဥယျာဉ်ခြံများအတွင်း စစ်ဘေးရှောင်နေသည့် ခမောင်းချောင်း ဒေသခံ ၁၁ ဦးကို ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ဖမ်းဆီးပြီး သုံးရက်အကြာ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေတွင် အမျိုးသမီးကြီးနှစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ “(ဆက်လက်အဖမ်းခံထားရတာမှာ) သုံးယောက်လုံးက ဆယ်ကျော်သက်အမျိုးသမီးတွေ။ ကျန်တာ အမျိုးသားတွေ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းအပြင် စက်တင်ဘာလ ၂၄ […]

မြိတ်တွင် အခေါက်ရွှေဈေး ကျပ် ၃၅ သိန်းအောက်ရောက်

Dawei Watch

September 24, 2023

မြိတ်တွင် အခေါက်ရွှေဈေး တစ်ကျပ်သား ကျပ်သုံးဆယ်ငါးသိန်းအောက်သို့ ယနေ့ (စက်တင်ဘာ ၂၄) ကျဆင်းသွားပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ လလယ်ခန့်က တစ်ကျပ်သားလျှင် ကျပ်သိန်းလေးဆယ်နားအထိ မြင့်တက်ခဲ့ရာမှ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ စက်တင်ဘာလ ၇ ရက်နေ့တွင် သုံးဆယ်ခြောက်သိန်းအောက်သို့ ကျဆင်းလာပြီး  ယနေ့တွင် ‌သုံးဆယ်ငါးသိန်းအောက်(၃၄၉၅၀၀၀) ဖြစ်လာခဲ့ကြောင်း ရွှေဆိုင်အချို့က ပြောပြသည်။ “ရွှေဈေးတွေကျလာပြီဆိုတော့ အရောင်းအဝယ်လေးလည်း ရှိလာနေပါပြီ၊ ပေါက်ဈေးအတိုင်းလည်း ရောင်းပေးနေပါတယ်” ဟု ရွှေဆိုင်ရှင်တစ်ဦးက ပြောသည်။ တစ်ကျပ်သားလျှင် သုံးဆယ်ငါးသိန်းအောက်(၃၄၉၅၀၀၀)ဈေးသည် ရွှေဆိုင်မှ ရောင်းချသည့်ဈေးဖြစ်ပြီး ဆိုင်မှဝယ်ယူပါက ကျပ်နှစ်သောင်းမှ ငါးသောင်းအထိ ကွာဟလေ့ရှိကြောင်း ယင်းဈေးကွက်မှ သိရသည်။ စစ်ကောင်စီက ရွှေ၊ ဒေါ်လာဈေးနှင့် ကုန်ဈေးနှုန်းများ ကျဆင်းစေရန် ဖိအားပေးမှုများ ပြုလုပ်နေသည့်အတွက် ‌ရွှေဈေးနှုန်းများလည်း ထပ်မံကျဆင်းလာနိုင်ကြောင်း ရွှေဆိုင်ရှင်အချို့က […]