ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

နောင်ချိုမြို့ကို အပြည့်အဝထိန်းချုပ်ထားကြောင်း မန္တလေး PDF ထုတ်ပြန်

Dawei Watch

June 27, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် ယင်းမြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ၁၁၅ တို့ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဇွန်လ ၂၆ ရက် ညတွင်ထုတ်ပြန်ထားသည်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ် ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်ကာ ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း’ တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) လည်း ပါဝင်နေပြီး ကျောက်မဲ၊ မိုးကုတ်၊ နောင်ချိုနှင့် မတ္တရာတို့တွင် မဟာမိတ်များနှင့် လက်တွဲကာ စစ်ရေးဖော်ဆောင် နေကြောင်း MDY-PDF က ဆိုသည်။ နောင်ချိုတွင် လက်ကျန်စခန်းများဖြစ်သည့် ခမရ ၁၁၄နှင့် အမြောက်တပ်ရင်း ၆၀၆ တို့ကို ဆက်လက် ထိုးစစ်ဆင်လျက် ရှိကြောင်းလည်း […]

ကော့စမွေကျွန်းတွင် စစ်ဘေးရှောင်ရန်ပုံငွေပွဲအဖြစ် ဟားငါးကောင်အငြိမ့် ဖျော်ဖြေမည်

Dawei Watch

June 27, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းဖြစ်သော ကော့စမွေကျွန်းတွင် မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေပွဲအဖြစ် ဟားငါးကောင်အငြိမ့်သဘင်ကို ကျင်းပဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။ ဟားငါးကောင်အငြိမ့်ကို လာမည့် ဇူလိုင်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ည ၇ နာရီမှ ၁၂ နာရီအထိ ကော့စမွေကျွန်းရှိ ဘန်ရတ်ဒေသထဲ၌ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူတို့က ပြောသည်။ စစ်ဘေးရှောင်များနှင့် လိုအပ်သော နေရာများတွင် လှူဒါန်းနိုင်ရန် လက်မှတ်တစ်စောင်ကို ဘတ် ၃၀၀ နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။ ပွဲမှရရှိသော ရန်ပုံငွေအပေါ်မူတည်၍ တနင်္သာရီတိုင်း အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေး‌ရှောင်များအတွက် အဓိက ဦးတည်ပြီး လှူဒါန်းသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ကိုအောင်မျိုးက ဆိုသည်။ “ရန်ပုံငွေတွေကို ဘယ်နေရာတွေ ခွဲဝေလှူဒါန်းမယ်ဆိုတာ သတ်မှတ်ထားပါတယ်။ ရလာမယ့်ငွေပမာဏအပေါ် […]

ထားဝယ်တွင် ရွှေရောင်းသူနည်းလာပြီး ပေါင်သူပိုများလာ

Dawei Watch

June 27, 2024

ထားဝယ်တွင် ရွှေရောင်းသူနည်းလာပြီး ပေါင်သူပိုများလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယခင်ကလည်း မိုးရာသီရောက်တိုင်း ငွေလိုအပ်ချက်ရှိသူများက ရွှေလာပေါင်လေ့ရှိပြီး သို့သော် ယခုနှစ်တွင်မူ သိသိသာသာ များလာကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အချို့က ပြောသည်။ ရွှေပေါင်ရာတွင် အတိုးနှုန်းအဖြစ် ငွေကျပ်တစ်ရာလျှင် တစ်လ ၂ ကျပ်နှုန်းသတ်မှတ်ထားရာ ငွေကျပ်တစ်သိန်းချေးပါက တစ်လအတိုးနှုန်း ကျပ်နှစ်ထောင်ပေးရမည်ဖြစ်သည်။ လက်ရှိတွင် ရွှေလာရောင်းသူ နည်းနေသလို ဝယ်သူလည်းနည်းနေပြီး လာပေါင်သူက များနေကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “လူတွေလက်ထဲလည်း ရွှေတွေအတော်လေးကို ကုန်နေပြီထင်တယ်။ ရောင်းတဲ့သူလည်း သိပ်မလာဘူး။ တချို့ငွေလိုတဲ့သူတွေကျပြန်တော့ မရောင်းဘဲ ရွှေပေါင်နဲ့ပဲ ပိုက်ဆံချေးကြတယ်” ဟု ၎င်းက ပြောသည်။ ရွှေအပေါင်ခံရာတွင် ရွှေထည်ပစ္စည်းကာလပေါက်ဈေးထက် တန်ဖိုးကျပ်သိန်းဂဏန်းလျှော့ကာ ထုတ်ချေးလေ့ရှိပြီး အတိုးနှုန်းကို ပျမ်းမျှအားဖြင့် လတိုင်းပေးဆောင်ရသလို သုံးလ ခြောက်လကြာမှ […]

ထားဝယ်မြို့ ကျောက်မော်ကြီးရပ်ကွက် အထက်တန်းကျောင်းအနီးဗုံးတွေ့

Dawei Watch

June 27, 2024

ထားဝယ်မြို့ပေါ် ကျောက်မော်ကြီးရပ်ကွက် အထက်တန်းကျောင်းအနီးတွင် ဗုံးတွေ့သောကြောင့် ဇွန်လ ၂၆ ရက် ညနေပိုင်း‌တွင် စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းခဲ့ကြောင်း မြို့ခံများထံမှသိရသည်။ ကျောင်းအရှေ့ အနီးတွင်ရှိသည့် ကားလမ်းနံဘေး မြက်ခင်းတွင် ကားတာယာကွင်းများ ချထားပြီး မနေ့ညနေ ၃ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီတပ်သားများ လမ်းပိတ်ပြီး ရှင်းလင်းနေသည်ကိုတွေ့ခဲ့ရကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “ကလစ်နဲ့ ဗုံးအမျိုးအစားလို့တော့ ကနဦးကြားရတာပဲ။ သေချာတော့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။ နာရီဝက်ခန့်ကြာ ရှင်းလင်းပြီးနောက် ညနေ ၄ နာရီကျော်တွင် ခရီးသွားပြည်သူတွေကို သွားလာခွင့်ပြုလိုက်ကြောင်း မြို့ခံများက ပြောဆိုသည်။ ထားဝယ်မြို့ ပေါ်တွင် ယခုလအတွင်း မိုင်းနှင့် လက်နက်ပစ္စည်းများ မကြာခဏတွေ့လာရသည်။ ဇွန်လ ၁၇ ရက်တွင်လည်း ထားဝယ်မြို့လယ်ကောင် ဥတ္တံတားကြီးလမ်းဆုံ၌ မိုင်းနှစ်လုံးတွေ့ရှိခဲ့သည်။ […]

ရှမ်းမြောက် တစ်ကျော့ပြန်တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်း ၂၄ ခုကို သိမ်းယူထားကြောင်း တအာင်းတပ်ပြော

Dawei Watch

June 27, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၁၀၂၇ တစ်ကျော့ပြန် စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်စခန်း ၂၄ ခုကို သိမ်းယူထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦး လက်နက်ချကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်သည်။ တအာင်း တပ်မဟာ (၂) စစ်ဒေသဖြစ်သည့် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါမြို့နယ်တို့တွင် ဇွန်လ ၂၅ ရက်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ နှစ်ရက်တာ တိုက်ပွဲကာလအတွင်း ကျောက်မဲမြို့နယ်တွင် နားအိုက်ခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် (၃၅၂) အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းစသော စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။ နောင်ချိုမြို့နယ်တွင် ခမရ (၁၁၅) ၊ ရဲစခန်း၊ […]

မြိတ်တွင် သစ်ပင်ကျိုးကျပြီး နေအိမ်တစ်လုံးပျက်စီး

Dawei Watch

June 26, 2024

မြိတ်မြို့ ၊ ကန်ဖျားရပ်ကွက်တွင် ယနေ့ ဇွန်လ ၂၆ ရက် နံနက်ပိုင်းက သစ်ပင်ကျိုးကျမှု နှစ်ကြိမ်ဖြစ်ပွားပြီး နေအိမ်တစ်လုံးပြိုကျပျက်စီးသွားကြောင်း မြိတ်ခရိုင်မီးသတ်ဦးဌာနထံမှ သိရသည်။ ကန်ဖျားရပ်၊ ဗိုလ်ဗထူးလမ်းသွယ် (၁) တွင် ယနေ့ နံနက် ၈နာရီဝန်းကျင်က နှစ် ၃ဝသက်တမ်းရှိ ကနဇိုးပင် ပင်စည်ကျိုးကျကာ ပျဉ်ထောင် နေအိမ်တစ်လုံးပြိုကျပျက်စီးကြောင်း အဆိုပါဌာနထံမှ သိရသည်။ နံနက် ၁၁ နာရီခွဲတွင်လည်း ကန်ဖျားရပ်၊ ကညနရုံးအနီးတွင် နှစ် ၂ဝ သက်တမ်းရှိ သစ်မွှေးပင် ပင်စည်ကျိုးကျကာ မိုးဇလရုံး အုတ်တံတိုင်းပေါ် ကျရောက်နေသဖြင့် သွားရောက်ရှင်းလင်းကြောင်း မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းသစ်ပင်ကျိုးကျမှု နှစ်ကြိမ်စလုံးတွင် လူထိခိုက်မှု မရှိကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးမှူးက ပြောသည်။ ယခုအပတ်အတွင်း မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် မြိတ်ခရိုင်နှင့် […]

ရေးမြို့မ ရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး ရေးဘီလူးအဖွဲ့ထံ လက်နက်နှင့်တကွ အလင်းဝင်

Dawei Watch

June 26, 2024

ရေးမြို့နယ် ၊ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ ယနေ့ (ဇွန် ၂၆)​တွင် ရေးဘီလူးအဖွဲ့ထံ အလင်းဝင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ အလင်းဝင်လာသည့် ရဲသည် ကိုယ်ပိုင်နံပါတ် ၂၈၃၂၆၉ ကိုင်ဆောင်သူ ဒုတပ်ကြပ် ရဲထက်ပိုင် ဖြစ်ပြီး ၎င်းနှင့်အတူ AK 47 သေနတ်တစ်လက်၊ ၇ ဒသမ ၆၂ ကျည်ဘောက်နှစ်ခု တို့ယူဆောင်လာခဲ့သည်ဟု ရေးဘီလူးအဖွဲ့ထံကသိရသည်။ ယင်း ဒုတပ်ကြပ်မှာ လက်နက်နှင့်အတူ အလင်းဝင်သဖြင့် အဖွဲ့၏မူအရ ကျပ်သိန်း၃၀ ချီးမြှင့်ပေးအပ်ခဲ့သည်ဟု ရေးဘီလူး‌အဖွဲ့ခေါင်းဆောင်ကဆိုသည်။ “သူ့ကို ဘယ်လိုထားရှိမလဲဆိုတော့ ရွေးချယ်မှု သုံးခုရှိတယ် ။ နိုင်ငံခြားသွားလို့ရမယ် ။ ခိုလှုံအဖြစ် နေလို့ရမယ် ။ တော်လှန်ရေးထဲမှာ တစ်ပိုင်တစ်နိုင် ဆောင်ရွက်လို့ရမယ် ။ ဒီအချက်သုံးချက်ထဲက သူရွေးချယ်တဲ့အတိုင်း စီစဉ်ဆောင်ရွက်ပေးမှာ […]

ထိုင်းတွင် ရေခဲကားမှောက်၍ မြန်မာလုပ်သားများအပါအဝင် ၃ ဦး သေဆုံး

Dawei Watch

June 26, 2024

ထိုင်းနိုင်ငံ ရတ်ချ်ဘူရီခရိုင်တွင် ရေခဲပို့သော ကုန်ကားကြီးတစ်စီး လမ်းဘေးတိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ မြန်မာအလုပ်သမား နှစ်ဦးနှင့် ထိုင်းကားသမားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇွန်လ ၂၅ ရက်နေ့က ကုန်တင်ကားကြီးသည် ရတ်ချ်ဘူရီမြို့ရှိ ရေခဲစက်ရုံမှတစ်ဆင့် စတိုးဆိုင်များသို့ ရေခဲပို့ရန် ထွက်လာစဉ် လမ်းကွေ့၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိပြီး တိမ်းမှောက်သွားခြင်းဖြစ်သည်။ ကားမှောက်မှုကြောင့် ကားပေါ်ပါ အသက် ၂၀ အရွယ် မြန်မာအလုပ်သမားနှစ်ဦးနှင့် ထိုင်းကားသမားတစ်ဦး နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ သေဆုံးသွားသော မြန်မာနိုင်ငံသားနှစ်ဦး၏ ပြည်တွင်းရှိနေရပ်များကို မသိရသေးဟုဆိုသည်။ သေဆုံးသွားသူများကို ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက စစ်ဆေးခဲ့ပြီးနောက် ပါထော့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ Ref: Khaosod Online, naewna