ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဟွန်ဒါမီနီမော်တော်ဆိုင်ကယ် ထုပ်လုပ်မှုရပ်ဆိုင်း

Dawei Watch

June 26, 2024

ကမ္ဘာကျော်ဟွန်ဒါမော်တာကုမ္ပဏီဟာ 50 cc အင်ဂျင်အမျိုးအစားနဲ့ ပိုသေးငယ်တဲ့ အင်ဂျင်အမျိုးအစား မီနီမော်တော်ဆိုင်ကယ်ထုတ်လုပ်မှုကို ၂၀၂၅ နိုဝင်ဘာလမတိုင်ခင် အပြီးတိုင် ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ လေထုညစ်ညမ်းစေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ချရေးစည်းမျဉ်းအသစ်တွေကို လိုက်နာရမှာ ဖြစ်တဲ့အတွက် အခုလို ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ ကုမ္ပဏီနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။ ကမ္ဘာပေါ်မှာ 50 cc အင်ဂျင်အမျိုးအစားနဲ့ ပိုသေးငယ်တဲ့ အင်ဂျင်အမျိုးအစားတပ်ဆင်ထားတဲ့ မီနီမော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးဈေးကွက်မှာ ဟွန်ဒါမော်တာကုမ္ပဏီက ဈေးကွက်ဝေစုအများဆုံး ရထားပါတယ်။ Super Cub တံဆိပ်မော်တော်ဆိုင်ကယ်တွေကို ဟွန်ဒါကုမ္ပဏီက ၁၉၅၈ ခုနှစ်မှာ ပထမဆုံး စတင်ရောင်းချခဲ့ပါတယ်။ ဈေးကွက်ထဲ စတင်မိတ်ဆက်ချိန်က‌နေ လက်ရှိအချိန်အထိ အစီးရေ သန်း (၁၀၀) ကျော်ကို ထုတ်လုပ်ရောင်းချထားခဲ့ပြီး ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး ဆိုင်ကယ်အမျိုးအစား ဖြစ်လာခဲ့ပါတယ်။ ဆီစားသက်သာတဲ့ […]

နှစ်နာရီကျော်ကြာအလုပ်လုပ်မှ ငါးဥပါသည့်ထားဝယ်မုန့်လက်သုပ်တစ်ပွဲ စားနိုင်တော့မည်

Dawei Watch

June 26, 2024

အာဏာသိမ်းကာလ ရက်ပေါင်းတစ်ထောင်ကျော်ကြာလာချိန်တွင် ငါးဥပါသည့်ထားဝယ်မုန့်လက်သုပ်တစ်ပွဲလျှင် စျေးနှစ်ဆကျော် မြင့်တက်ကာကျပ် ၁၇၀၀ ဝန်းကျင်အထိ ရှိလာသည်။ အာဏာမသိမ်းမီက ငါးဥပါသည့် မုန့်လက်သုပ်တစ်ပွဲလျှင် ၇၀၀ ကျပ်ဝန်းကျင်သာ စျေးရှိရာမှ လက်ရှိအချိန်တွင် ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်အထိ ဈေးရှိနေသည်။ ထိုဈေးနှုန်းမှာ မြန်မာနိုင်ငံတွင် သတ်မှတ်ထားသည့် တစ်ရက်လုပ်အားခနှင့် နှိုင်းယှဉ်ပါက နှစ်နာရီကျော် လုပ်အားခနှင့် ညီမျှနေသည်။ မြန်မာနိုင်ငံတွင် တစ်ရက်အလုပ်ချိန် ၈ နာရီအတွက်လုပ်အားခအဖြစ် ကျပ် ၅၈၀၀ သတ်မှတ်ထားသည့်အတွက် တစ်နာရီလျှင် ၇၂၅ကျပ်သာ ရရှိနေသည်။ ထိုကြောင့် ငါးဥ (ငါးဒွန်းခြင်းဥ) ပါသည့် မုန့်လက်သုပ်တစ်ပွဲစားရန် နှစ်နာရီကျော် အလုပ်လုပ်ရမည်ဖြစ်သည်။ ငါးဥမပါသည့် ရိုးရိုးမုန့်လက်သုပ်တစ်ပွဲလျှင် ပျမ်းမျှအားဖြင့် ကျပ်၂၀၀ ဝန်းကျင်ဖြင့်ရောင်းချခဲ့ရာမှ လက်ရှိတွင် စျေးသုံးဆကျော်မြင့်တက်ကာ ကျပ် ၇၀၀ ဝန်းကျင်အထိရှိလာသည်။ […]

အိုးဘိုထောင်တွင် ထောင်ဝန်ထမ်းများ ရိုက်နှက်မှုကြောင့် နိုင်ကျဉ်းတစ်ဦးသေဆုံး

Dawei Watch

June 26, 2024

မန္တလေး အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းထောင်ဝန်ထမ်းများက ရိုက်နှက်သဖြင့် ဇွန်လ ၂၀ရက်တွင် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။ သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသားသည် စစ်ကိုင်းဒေသခံ ကိုထက်ရန်နိုင် (ခေါ်) ကိုထက်ထက် ဖြစ်သည်။ ၎င်းကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့သည်။ ဇွန်လ ၂ဝရက် နံနက်တွင် အိုးဘိုအကျဉ်းထောင်၊ အိပ်ဆောင် ၃ မှ အခန်းစာရေးအကျဉ်းသားက မူးယစ်ဆေးဝါး ရောင်းဝယ် နေသည်ကို လက်ပူးလက်ကြပ်မိ၍ ကိုထက်ရန်နိုင်က တိုင်တန်းရန်ကြိုးစားစဉ် တန်းစီးဖြစ်သူက ညှိနှိုင်းပေးသဖြင့် မတိုင်တန်းဖြစ်ဘဲ ပြေလည်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သို့သော် အခန်းစာရေးဖြစ်သူက မကျေနပ်သဖြင့် အိပ်ဆောင် ၃ […]

မောင်တောတွင် သိုလှောင်ရုံ ဖောက်ထွင်းလုယက် မီးရှို့ခံရမှု WFP အပြင်းအထန်ရှုတ်ချ

Dawei Watch

June 25, 2024

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ သိုလှောင်ရုံသည် ဇွန်လ ၂၂ရက်က ဖောက်ထွင်းလုယက်မီးရှို့ခံခဲ့ရပြီး ယင်းလုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချကြောင်း WFP က ယနေ့ ဇွန်လ ၂၅ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည်။ စားနပ်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများကို လုယက်ခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဆောင်အအုံများကို ဖျက်ဆီးခြင်း သည် WFP ၏ ကူညီထောင်ပံ့ရေး ကြိုးပမ်းမှုကို ထိခိုက်ပျက်ယွင်းစေသဖြင့် ယင်းလုပ်ရပ်ကို ချက်ချင်းရပ်တန့် ရမည်ဖြစ်ကြောင်း ဖော်ပြသည်။ ပဋိပက္ခတွင် ပါဝင်ပတ်သက်သည့်အဖွဲ့များ အားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပ‌ဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြရန်လည်း WFP က တောင်းဆိုထားသည်။ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် အဆောက်အအုံများကို ကာကွယ်စောင့်‌ရှောက်ရမည်ဖြစ်ပြီး အကူအညီ အရေးတကြီးလိုအပ်နေသူများထံ အရေးပေါ်ကယ်ဆယ်ရေးအကူအညီများကို ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ […]

မြိတ်မြို့တွင် ဖုန်းဆိုင်ဖောက်ထွင်းခံရ၊ အလစ်သုတ်မှုများလည်းဆက်တိုက်ဖြစ်

Dawei Watch

June 25, 2024

မြိတ်မြို့တွင် ဇွန်လ ၂၃ရက် ညက ဖုန်းဆိုင်ဖောက်ထွင်းခံရပြီး ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ခိုးယူခံရကြောင်း ဖုန်းဆိုင်ရှင်အမျိုးသားက ပြောသည်။ မြိတ်မြို့ တိုးချဲ့ဈေးအနီး စေတနာလမ်းတွင်ရှိသည့် ဖိုးကြီးဖုန်းဆိုင် ဖောက်ထွင်းခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ တစ်ပတ်ရစ် ဖုန်းအလုံး ၃၀၊ Power Bank ခုနစ်လုံးခန့်အပါဝင် Hard Disk အပြင် ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ ခိုးယူခံရပြီး တန်ဖိုးကျပ်သိန်း ၃၀ ထက်မနည်း ရှိကြောင်း ဆိုင်ပိုင်ရှင်အမျိုးသားက ပြောဆိုသည်။ “သော့က နှစ်လုံးခတ်ထားတယ်။ တစ်လုံးက သော့တုနဲ့ ဖွင့်ထားပုံရတယ်။ နောက်‌သော့တစ်လုံးက ရိုက်ဖွင့်ထားတယ်။ ဆာဗစ် အပ်ထားတဲ့ဖုန်းတွေပါ အခုထိ အစနမရသေးဘူး” ဟု ၎င်းက ပြောသည်။ မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ခိုးမှု၊ အလစ်သုတ်မှုများ အဖြစ်များနေကြောင်း မြို့ခံများထံမှ သိရသည်။ […]

ရေဖြူတွင် အင်အားဖြည့်ထားသည့် စစ်ကောင်စီတပ်အချို့ ပြန်ဆုတ်

Dawei Watch

June 25, 2024

ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု ၊ မျောက်ချောရွာဝန်းကျင်တွင် အင်အားဖြည့်ထားသည့် စစ်ကောင်စီတပ်အချို့ ဇွန်လ ၂၄ ရက်က လာရာလမ်းများအတိုင်း ပြန်ဆုတ်သွားကြောင်း မဟာမိတ်တော်လှန်ရေး အင်အားစုများထံကသိရသည်။ မလွှဲတောင်ဘက်သို့ ဇွန်လဆန်းကတည်းက ဦးတည်စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းမှာမူ မျောက်ချောရွာတွင် ဆက်ရှိနေဆဲဖြစ်ပြီး ဇွန်လ ၁၉ ရက်နောက်ပိုင်း အင်အားဖြည့်တင်းထားသည့် တပ်အချို့သာ ပြန်ဆုတ်သွားခြင်းဖြစ်သည်။ “ရာဖူးဘက်လာတဲ့တပ်တွေက ရာဖူးဘက်ကို ပြန်ဆုတ်တယ် ။ ရေး၊ ကိုးမိုင်ဘက်ကလာတဲ့တပ်တွေက ကိုးမိုင်ဘက်ကို ပြန်ဆုတ်သွားတယ် ။တပ်တွေ အပြီးအပိုင်ရုတ်သိမ်းတာတော့ မဟုတ်သေးဘူး ။ ကလိန်အောင်က စထွက်ကတည်းကနေ ရေးဘက်အထိ ကုန်းမြင့်တိုင်းမှာ ဘန်ကာလေးတွေ သူတို့(စစ်ကောင်စီ) ပြင်ထားတာတွေ့ရတယ်” ဟု မဟာမိတ်အင်အားစုဝင် မွန်ပြည်တော်လှန်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နိုင်နဂါးက ပြောသည်။ ယင်းသို့တပ်အပြောင်းအလဲ လုပ်ရသည့် အကြောင်းအရင်းကို မသိရသော်လည်း ယခုလအတွင်း […]

မြန်မာပြည်သူ ၄၂ သန်း ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရကြောင်းကုလပြော

Dawei Watch

June 25, 2024

မြန်မာနိုင်ငံတွင် ပြည်သူ ၄၂သန်းသည် ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရသည် သို့မဟုတ် ဆင်းရဲမွဲတေမှုအန္တရာယ်နှင့် နီးစပ်နေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းကာလ သုံးနှစ်တာအတွင်း လူလတ်တန်းစား လူဦးရေ ၅၀ ရာခိုင်နှုန်းကျဆင်းသွားပြီး နိုင်ငံ၏ လူဦးရေ ၇၅ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှုဖြင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ယင်းအပြင် ပြည်သူ ၁၃ ဒသမ ၃ သန်းသည်လည်း စားနပ်ရိက္ခာ မလုံလောက်မှုဖြင့် ရင်ဆိုင်နေရကြောင်း UNDP က ဆိုသည်။ သို့သော်လည်း မြန်မာနိုင်ငံသည် အမေ့အပျောက်ခံ အကျပ်အတည်းတစ်ခုအဖြစ် ရှိနေသေးကြောင်း ဆက်လက် ဖော်ပြသည်။ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂမှတစ်ဆင့် ဖွံ့ဖြိုးရေးအကူအညီသည် ၄၀ […]

ကျောက်လုံးကြီးစခန်းကို စစ်ကြောင်းပြန်ထိုးသည့် စစ်ကောင်စီတပ် လမ်းတစ်လျှောက်လုံးတိုက်ခိုက်ခံရ

Dawei Watch

June 25, 2024

တနင်္သာရီမြစ်ဘေးက ကျောက်လုံးကြီးစခန်းကို စစ်ကြောင်းပြန်ထိုးလာသည့် စစ်ကောင်စီတပ်ကို လမ်းတစ်လျှောက်လုံးတွင် လေးရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့များက ပြောသည်။ တနင်္သာရီမြစ်ဘေးက အောင်သာဝရစခန်းကို ဇွန်လ ၁၄ရက်တွင် KNDO တပ်ရင်း (၇) ၊ KNLA တပ်ရင်း (၁၀) နှင့် PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းယူပြီးနောက် ဇွန်လ ၁၅ ရက်တွင် ကျောက်လုံးကြီးစခန်းက စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာခဲ့ကြသည်။ ယင်းနောက် ဇွန်လ ၁၉ ရက်တွင် ဘုတ်ခြံရွာအခြေစိုက် ခလရ (၁၇) က ကျောက်လုံးကြီးစခန်းကို ကား ၁၀ စီးအပြင် ခြေလျင် စစ်ကြောင်းတို့ဖြင့် ပြန်လည် စစ်ကြောင်းထိုးလာကြောင်း KNU တပ်မဟာ (၄) နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက ဆိုသည်။ ခန့်မှန်းအင်အား […]