ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီစစ်ကြောင်းက ဖမ်းသွားသည့် ခေါင်ပြန်ရွာသားတစ်ဦး အလောင်းပြန်တွေ့

Dawei Watch

July 4, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုမှ ရေနက်ဆိပ်ကမ်းဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းက ဖမ်းခေါ်သွားသူ ရှစ်ဦးအနက် ခေါင်ပြန်ရွာက အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ပြန်တွေ့ကြောင်း ရွာသားများက ပြောသည်။ ခေါင်ပြန်ရွာသား အသက် ၄ဝ ဝန်းကျင်အရွယ် ကိုနိုင်နိုင်ဆိုသူ၏ ရုပ်အလောင်းကို ဇူလိုင်လ ၃ရက် နေ့လယ်ပိုင်းက ခေါင်ပြန်ရွာသုသာန်ဟောင်းအနီး ရေချောင်းအတွင်း ပြန်တွေ့ကြောင်း ရွာသားတို့က ဆိုသည်။ ဝမ်းဗိုက်၌ ကန့်လန့်ဖြတ်ဒဏ်ရာတစ်ချက်၊ နဖူးကွဲ ဒဏ်ရာနှင့် မျက်နှာဖူးယောင် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ရွာသားများက ပြောဆိုသည်။ ရေမျောလာစဉ် ခေါင်ပြန်ရွာသုသာန်ဟောင်းအနီးရှိချောင်းတွင် အလောင်း၏ဘောင်းဘီနှင့် သစ်ကိုင်းချိတ်၍ ဆက်မျောမပါဘဲ တင်ကျန်နေခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ကိုနိုင်နိုင်သည် စစ်ကောင်စီစစ်ကြောင်းထိုးနေသဖြင့် ပုန်းအောင်းနေရာမှ ဇူလိုင် ၁ ရက် ညနေတွင် မွေးမြူရေးခြံသို့ ခေတ္တပြန်၍ ဝက်စာသွားကျွေးစဉ် အခြားရွာသား […]

ထိုင်းသို့ တရားမဝင်လာပြီး အလုပ်မရှိသဖြင့် အိမ်ပြန်သော မြန်မာ ၁၃ဦး လမ်းတွင်ဖမ်းဆီးခံရ

Dawei Watch

July 3, 2024

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီးနောက် အလုပ်မရဘဲ ကြာနေပြီဖြစ်သဖြင့် မြန်မာနိုင်ငံသို့ ပြန်ကြသော မြန်မာနိုင်ငံသား ၁၃ဦး လမ်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇူလိုင်လ ၂ ရက် နံနက်က ဘန်ကောက်-ချင်းရိုင် ပြေးဆွဲနေသော အဝေးပြေးကားတစ်စီးကို ဖိကျစ်ခရိုင်ရှိ အမြန်လမ်းပိုင်းတွင် ရဲတပ်ဖွဲ့များက ကားပေါ်တက်စစ်ဆေးစဉ် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ အဝေးပြေးကားတစ်စီးက မြန်မာနိုင်ငံသားများကို ပထုံဌာနီခရိုင်ရှိ PTT ဆီဆိုင်တွင် တင်ဆောင်လာသည်ဟု သတင်းကြိုတင် ရရှိထားသဖြင့် လမ်းတွင် အာဏာပိုင်များက တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားပေါ်တွင် မြန်မာနိုင်ငံသားအမျိုးသားရှစ်ဦး၊ အမျိုးသမီးငါးဦးနှင့် ထိုင်းနိုင်ငံသားများလိုက်ပါလာကြပြီး မြန်မာနိုင်ငံသား များတွင် ခရီးသွားလာခွင့် အထောက်အထားစာရွက်များ မတွေ့ရှိရသဖြင့် ကားသမားနှစ်ဦးနှင့်အတူ ခေါ်ယူစစ်ဆေးခဲ့ ကြောင်း ရေးသားထားသည်။ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး […]

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ ထိတွေ့ပစ်ခတ်မှုတွင် PDF ငါးဦးသေဆုံး

Dawei Watch

July 3, 2024

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ၌ ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကြောင်း ဒေသခံများ၊ PDF တပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။ ခမောင်းချောင်းရွာတွင် ညအိပ်တပ်စွဲပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် PDF တပ်ဖွဲ့တို့ လဲရှောင် – ဧကနိ ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်းတွင် ထိပ်တိုက်တိုးပြီး အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း PDF တပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ဒဏ်ရာရ ရဲဘော်လေးယောက်ကို ပြန်သယ်လာတယ်၊ ဆေးကုနေရင်း တစ်ယောက်ကျသွားတယ်။ ကျန်သုံးယောက်ထဲမှာ တစ်ယောက်ကတော့ ဒဏ်ရာပြင်းတယ်။ ပျောက်နေတဲ့ ရဲဘော်တွေကို ဆက်ရှာတော့ လမ်းမှာ ကျဆုံးနေတာတွေ့တယ်” ဟု ၎င်းက ပြောဆိုသည်။ PDF များ စီးလာသည့် ကားကို စစ်ကောင်စီတပ်က […]

မောရဝတီရေတပ်က ဖမ်းထားသည့် ဖောင်းတောရွာမှ အမျိုးသမီး ၃ ဦးပြန်လွတ်

Dawei Watch

July 2, 2024

ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာတွင် ဇွန်လ ၁၉ ရက်က အဖမ်းခံထားရသည့် ဒေသခံ လေးဦးအနက် အမျိုးသမီးသုံးဦးမှာ ဇူလိုင်လ ၁ ရက်နေ့ကပြန်လွတ်လာပြီဖြစ်ကြောင်း ရွာသားများထံကသိရသည် ။ ပြန်လွတ်လာသူများသည် ဒေါ်ဌေးဌေးအောင် ၊ ဒေါ်မီး နှင့် ဒေါ်ဝေဝေတို့ဖြစ်ကြကာ ၎င်းတို့နှင့်အတူ အဖမ်းခံရသည့် ဦးကတ်သား သည် ယနေ့ (ဇူလိုင် ၂) အထိ ပြန်မလွတ်လာသေးကြောင်း ၎င်းတို့ကပြောသည်။ “၁ ရက်နေ့တုန်းက ဌာနချုပ်(မောရဝတီရေတပ်)မှာ သူတို့မိသားစုတွေ ပြန်သွားခေါ်လာကြတယ် ။ အမျိုးသမီး၃ယောက် ယောက်ျားကြီးတစ်ယောက်တော့ပါမလာသေးဘူး” ဟု ဖောင်းတောရွာသားတစ်ဦးက ပြောသည် ။ ဖေဖော်ဝါရီလ ကတည်းက မောရဝတီရေတပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရသည့် ကံပေါက်၊ ဗိုလ်ချုပ်ရပ်ကွက်မှ အထည်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးလည်း ဇွန်လ နောက်ဆုံးအပတ်က ပြန်လွတ်လာသည်ဟု မိသားစုနှင့်နီးစပ်သူများထံကသိရသည်။ ဇွန်လ […]

စစ်ကောင်စီ ဖိအားပေး အရေးယူနေသဖြင့် ထိုင်းကွန်ဒိုဈေးကွက် ထိခိုက်မှုများရှိဟုဆို

Dawei Watch

July 2, 2024

မြန်မာနိုင်ငံသားများ ထိုင်းကွန်ဒိုဝယ်ယူမှုအပေါ် စစ်ကောင်စီက ဖိအားပေး အရေးယူနေသောကြောင့် ထိုင်းကွန်ဒိုဈေးကွက်အပေါ် ထိခိုက်မှုများရှိနေကြောင်း ထိုင်းလုပ်ငန်းရှင်များ၏ ပြောကြားချက်ကို ကိုးကား၍ Bangkok Post ယနေ့ ဖော်ပြသည်။ ပြီးခဲ့သော ဧပြီလမှစ၍ မြန်မာဘက်က ကွန်ဒို အဝယ်ကျလာကြောင်း နာမည်ကြီး ကွန်ဒိုရောင်းဝယ်ရေးကုမ္ပဏီ Ananda Development ၏ အလုပ်အမှုဆောင်ချုပ်က ပြောဆိုခဲ့သည်။ ထိုင်းတွင် ကွန်ဒိုဝယ်ယူသူများကို စစ်ကောင်စီက လိုက်လံခြေရာခံ စစ်ဆေးနေသဖြင့် ဧပြီလမှစ၍ ဘီလီယံနှင့်ချီ တန်ဖိုးရှိသော ကွန်ဒိုတိုက်ခန်းများ အရောင်းအဝယ်ပျက်၍ အကျပ်ရိုက်နေခဲ့ကြောင်း ၎င်းက ဆိုသည်။ အရောင်းအဝယ် ရပ်ဆိုင်းသွားသဖြင့် ကွန်ဒိုလွှဲပြောင်းမှုများနှင့် ကုမ္ပဏီအကျိုးဆောင်များ၏ ဝင်ငွေများ သိသိသာသာ ကျဆင်းခဲ့ကြောင်း သူက ဆိုသည်။ ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူနေသော နိုင်ငံခြားသားများထဲတွင် မြန်မာနိုင်ငံသားများက ဒုတိယနေရာဖြင့် ဝယ်ယူမှု အများဆုံးဖြစ်နေခဲ့ရာမှ […]

တနင်္သာရီနှင့် ကျွန်းစုမှ ရွာနှစ်ရွာကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

July 2, 2024

တနင်္သာရီမြို့နယ်၊ သာရဖုံ(အနောက်)ရွာနှင့် ကျွန်းစုမြို့ ဝါရစ်ရွာ တို့ကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၂)နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း ဝါရစ်ရွာမှ အမျိုးသမီး ၂ ဦး နှင့် သာရဖုံ(အနောက်)ရွာမှ ကိုးတန်းကျောင်းသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ၎င်းတို့ကဆိုသည်။ စစ်ကောင်စီ၏ လေကြောင်းလှုပ်ရှားများကို ကင်းထောက်နေသည့် EAR တယ်လီဂရမ်ချန်နယ်တွင်လည်း နံနက် ၁၁ နာရီ ၄၂ မိနစ်တွင် မြိတ်လေတပ်မှ Mi 2 တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး ပျံတက်ခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းလေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုတိုက်ခိုက်ခံရသည့် နေရာနှစ်ခုသည် ကျွန်းစုနှင့် တနင်္သာရီ မြို့နယ် နှစ်ခု၏ […]

မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်ထောင်ကျော်ရှိလာ

Dawei Watch

July 2, 2024

မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ များပြားနေပြီး ဇူလိုင်လဆန်းပိုင်းအထိ ရောဂါဖြစ်ပွားသူ တစ်ထောင်ကျော် ရှိကြောင်း ကျန်းမာရေးဝန်ထမ်းတို့ထံမှ သိရသည်။ ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်ရောဂါမှာ ဇန်နဝါရီလမှ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လဆန်းပိုင်းခန့်မှစကာ ရောဂါဖြစ်ပွားမှု များလာကြောင်း ၎င်းတို့က ပြောသည်။ သွေးလွန်တုပ်ကွေးဖြစ်ပွားသူအများစုသည် အသက် ၁၅ နှစ်အောက် ကလေးများဖြစ်ပြီး မိုးရွာသွန်းမှုများသည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လတို့တွင် ပိုပြီး အဖြစ်များလာနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းတို့က ဆိုသည်။ “သွေးလွန်တုပ်ကွေးက မိုးများလာတဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်ပေါ့၊ ဒီလတွေမှာ ပိုအဖြစ်များပါတယ်။ သတိထားရမယ့် ကာလ ဖြစ်တယ်။ အထူးသဖြင့် ကလေးတွေကို ပိုပြီး ဂရုစိုက်ရပါမယ်။ ဒီကာလမှာ ကလေးတွေ နေမကောင်းဖြစ်လာရင် ဆေးရုံ၊ ဆေးခန်းပြဖို့ လိုပါတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။ ပြည်နယ်အတွင်း၌ […]

ဇာဒီရွာအုပ်စုက ရွာသားအချို့ကို လူသားဒိုင်းသဖွယ်လုပ်ပြီး ရေနက်ဆိပ်ကမ်းဘက်သို့ စစ်ကောင်စီစစ်ကြောင်းထိုး

Dawei Watch

July 2, 2024

ရေဖြူမြို့နယ် ကျေးရွာသုံးရွာက ဒေသခံများကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး လူသားဒိုင်းသဖွယ်ပြုလုပ်ကာ ရေနက်ဆိပ်ကမ်းဘက်သို့ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။ ကံပေါက်တိုက်နယ်၊ ဇာဒီရွာဘက်မှ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် နဘုလယ်တိုက်နယ်ရှိ ရေနက် ဆိပ်ကမ်းဘက်သို့ ဇူလိုင် ၁ ရက် ညနေကတည်းက ဦးတည်စစ်ကြောင်းထိုးလာနေကြောင်း ဒေသခံတို့က ဆိုသည်။ အင်အား ၂ဝဝ ဝန်းကျင်ပါသည့် စစ်ကြောင်းတွင် ဇာဒီကျေးရွာအုပ်စုက ဇာဒီ၊ ခေါင်ပြန်၊ ဒိုက်တကော်ရွာသုံးရွာမှ ရွာသား အချို့ကို ဖမ်းဆီးပြီး လူသားဒိုင်းလုပ်ကာ ခေါ်ဆောင်နေကြောင်း ရွာသားများက ပြောဆိုသည်။ အဆိုပါစစ်ကြောင်းသည် ဇွန်လ ၂၈ ရက်တွင် ခွေးမဖောရွာအနီး ဥဩစစ်ကြောင်း၊ နဂါးနီအဖွဲ့ YPDF နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး ဇွန်လ ၂၉ ရက်တွင် ဇာဒီရွာသို့ ဝင်လာခဲ့သည်။ ဇွန်လ […]