ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်းတွင် နှစ်ပတ်ကျော်ကြာပြတ်တောက်နေသည့် MPT ဖုန်းလိုင်းပြန်ရ

Dawei Watch

July 5, 2024

ကော့သောင်းဒေသတွင် အချိန်နှစ်ပတ်ကျော်ကြာ ပြတ်တောက်နေသည့် MPT ဖုန်းလိုင်းမှာ ဇွန်လ ၄ရက်က ပြန်လည်အသုံးပြု၍ရပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ ဇွန်လ ၂၀ရက်ကစပြီး MPT ဖုန်းလိုင်းပြတ်တောက်သွားခြင်းဖြစ်ပြီး ၁၄ရက်အကြာတွင် ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း လိုင်းတည်ငြိမ်မှုမရှိဘဲ အတက်အကျဖြစ်နေဆဲဖြစ်ကြောင်း ကော့သောင်းမြို့က MPT အသုံးပြုသူများက ပြောသည်။ ဖုန်းလိုင်း စပြတ်သည့်နေ့ကစပြီး Logout ဖြစ်သွားသည့် MPT ဆင်းကတ်ဖြင့် လျှောက်ထားသော Kpay နှင့် Wave Pay ကိုလည်း ပြန်လည်အသုံးပြု၍ ရနေပြီဖြစ်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “လိုင်းကတော့ အရင်လိုမငြိမ်ဘဲ အတက်အကျ များနေတာပေါ့။ ဖုန်းလိုင်းပြတ်ကတည်းက Logout ဖြစ်သွားတဲ့ Kpay လည်း ပြန်ဝင်လို့ရသွားပြီ” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ ကော့သောင်းတွင် ဖုန်းလိုင်း ရက်ရှည်ပြတ်တောက်သွားသည့်အတွက် […]

သရက်ချောင်းက သံဃာတော်များ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်

Dawei Watch

July 4, 2024

သရက်ချောင်းမြို့နယ်က သံဃာတော်များဦးဆောင်ပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခြင်းကို ယနေ့ (ဇူလိုင် ၄) နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့သည်။ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် ချီတက်ပြီး ကံဆောင်သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကံဆောင်သပိတ်မှောက်ပွဲကို ထားဝယ်ခရိုင် သပိတ်ကော်မတီအပါအဝင် ဒေသတွင်းရှိ ကရင်လူငယ်များနှင့် ဒေသခံများလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ ဇွန်လ ၁၉ ရက်နေ့က ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့်ပျံလွန်တော်မူခဲ့သည့်အတွက် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ထားဝယ်တွင် အင်္ကျီတံဆိပ်ရိုက်လုပ်ငန်းများ အလုပ်ပါး

Dawei Watch

July 4, 2024

ထားဝယ်ဒေသရှိ တံဆိပ်ရိုက်၊ ဆိုင်းဘုတ်လုပ်ငန်းများ အလုပ်နည်းပါးနေသည့်အတွက် အခက်ကြုံနေရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်နေသူအချို့ထံမှ သိရသည်။ အာဏာမသိမ်းမီက တံဆိပ်လာရိုက်သူအရေအတွက်မှာ တစ်လလျှင်ပျမ်းမျှ တစ်ရာခန့်ရှိရာက လက်ရှိအချိန်တွင် ၂၀ ဦး ခန့်သာ အလုပ်လာအပ်တော့ကြောင်း ထားဝယ်ဒေသရှိ တံဆိပ်ရိုက်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ပညာရေး၊ အားကစား၊ ဘာသာရေး၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး အလုပ်လာအပ်သူသာရှိကြောင်း ၎င်းက ပြောသည်။ “ပွဲလမ်းသဘင်တွေလည်း လုပ်လို့မရတဲ့ အခြေအနေဆိုတော့ အားနည်းလာတာပေါ့” ဟု အထက်ပါတံဆိပ်ရိုက်လုပ်ငန်း လုပ်နေသူက ပြောဆိုသည်။ ထားဝယ်ဒေသရှိ အင်္ကျီတံဆိပ်ရိုက်လုပ်ငန်းများမှာ ဆိုင်းဘုတ်လုပ်ခြင်း၊ အလှစာလုံးရေးခြင်း စသည့်အလုပ်များနှင့် တွဲဖက်လုပ်ကိုင်လေ့ရှိသည်။ တံဆိပ်ရိုက်ဈေးနှုန်းမှာ အင်္ကျီအထည်အရေအတွက်၊ ကာလာအနေအထား၊ လက်ဝင် (အချိန်ယူရ) သည့်အခင်းအကျင်း၊ လက်ရိုက် စက်ရိုက် စသည့်အချက်များ အပေါ်မူတည်ကာ ဈေးနှုန်းကွာဟမှုရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ […]

စစ်ကောင်စီတပ် ဖမ်းသွားသည့် ရွာသားသုံးဦးအလောင်း ခေါင်ပြန်ချောင်းအတွင်းတွေ့

Dawei Watch

July 4, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ခေါင်ပြန်ရွာချောင်းအတွင်း၌ ယနေ့ ဇူလိုင်လ ၄ ရက် နေ့လယ်ပိုင်းတွင် ရွာသားအလောင်း သုံးလောင်းထပ်မံတွေ့ရှိကြောင်း ရွာသားများက ပြောသည်။ ပြန်တွေ့သည့်ရုပ်အလောင်းများမှာ ဇာဒီရွာ အနောက်ကုန်းရပ်ကွက်တွင်နေသူ ကိုသားသား (ခ) ကိုလိုင်းယား ၊ ခေါင်ပြန်ရွာသား ဦးကျော်စိန် နှင့် ကိုအောင်ဇော်ဝင်းတို့ဖြစ်ကြကြောင်း ၎င်းတို့၏ မိသားစုဝင်များက အတည်ပြုကြသည်။ “အလောင်းတွေက ပထမတ‌စ်လောင်းတွေ့နဲ့ နေရာအနားမှာပဲ ဆက်တွေ့တာ။ ရုပ်တွေကတော့ အတော်ပျက်နေပြီ။ အသုဘတောင် စုပေါင်းပြီးအရေးပေါ် စီစဉ်နေကြတယ်” ဟု ခေါင်ပြန်ရွာသားတစ်ဦးက ပြောသည်။ Dawei Watch ကတွေ့ရှိရသည့် ဓာတ်ပုံတစ်ခုတွင် ကိုသားသားသည် လက်နောက်ပြန်ကြိုးတုပ်ခံရကာ ပြတ်ရှ ဒဏ်ရာအချို့နှင့် ရေချောင်းအတွင်းမျောနေသည်ကို တွေ့ရသည်။ အလားတူ ဦးကျော်စိန်နှင့် ကိုအောင်ဇော်ဝင်း တို့၏ရုပ်အလောင်းများတွင်လည်း ဓားထိုးသွင်းပြတ်ရှဒဏ်ရာများရှိသည်ဟု မျက်မြင်တွေ့ရသည့် ဒေသခံတို့က […]

ကျိုက်မရော ပျားတောင်ဒေသခံထောင်ချီ ထပ်မံထွက်ပြေးရ

Dawei Watch

July 4, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသတွင် စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်လာနေသည့် အပြင် လက်နက်ကြီးများဖြင့်လည်း နေ့တိုင်းနီးပါး ပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပျားတောင်ဒေသသို့ ဇူလိုင်လဆန်းပိုင်းကစကာ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲထားကြောင်း ဒေသခံတို့က ပြောသည်။ ယင်းအပြင် စံပယ်ဂူတံတားအနီးရှိ စံပယ်ဂူတောရဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလည်း ပျားတောင်ဒေသတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ပျားတောင်ဒေသမှာ စစ်တပ်တွေ ဝင်လာနေတာရှိတယ်။ အရေအတွက်တော့ ကျွန်တော်တို့လည်း မသိနိုင်ဘူး။ စစ်ကြောင်းတွေ ဝင်လာနေတာတော့ ဟုတ်တယ်။ နောက်ပြီး လက်နက်ကြီးနဲ့ ပစ်နေတောကလည်း နေ့တိုင်းရှိနေတော့ ရှောင်ကုန်ကြတာ။ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ကြလို့လေ” ဟု ပျားတောင်ဒေသခံတစ်ဦးက ပြောသည်။ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းနှင့် လက်နက်ကြီးဖြင့် […]

သရက်ချောင်းတွင် Non CDM ဆရာမငါးဦးကို ပကဖအဖွဲ့တစ်ခုက ဖမ်းဆီး

Dawei Watch

July 4, 2024

သရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာအုပ်စု ဆိတ်ချောင်းရွာတွင် ပညာသင်ကြားပေးနေသည့် Non CDM ဆရာမ ငါးဦးကို ဂဠုန်မင်းပြောက်ကျားတပ်က ဇွန်လ ၂၆ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများနှင့် အဆိုပါတပ်တို့၏ ပြောဆိုချက်တို့အရ သိရသည်။ ဆိတ်ချောင်းရွာ မူလွန်ကျောင်းတွင် စာသင်နေခြင်းမဟုတ်ဘဲ နေအိမ်တွင် ကျူရှင်ပုံစံ၊ စာသင်ဝိုင်းပုံစံဖြင့် စာသင်နေသည့် အဆိုပါဆရာမငါးဦးကို ၎င်းတို့၏ နေအိမ်အသီးသီးတွင် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “အခုထိ ပြန်မလွတ်လာသေးဘူးလို့ကြားတယ်။ ဆရာမတစ်ယောက်က ဗိုက် ၇ လနဲ့ ဘယ်ကိုဖမ်းသွားလဲဆိုတာလည်း မသိရဘူး။ ကျွန်တော်တို့ ရွာတွေဘက်မှာ စာလည်းမသင်ရ၊ ကျောင်းလည်းမဖွင့်ရတော့ စာမတတ်ပေမတတ် ကလေးတွေ များလာပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ဆရာမ ငါးဦးကို ဖမ်းဆီးသွားသည်မှာ မှန်ကန်ကြောင်း သရက်ချောင်းမြို့နယ် ပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ […]

မလေးရှားသွားမည့် မြန်မာများ ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

Dawei Watch

July 4, 2024

မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်မည့် မြန်မာနိုင်ငံသား ၁၃ဦး ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်တွင် ယနေ့ ဇူလိုင်လ ၄ရက် နံနက်ပိုင်းက ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်း-မလေးရှာနယ်စပ်ဖြစ်သော စွန်ခရာခရိုင်ရှိ အာရှလမ်းမကြီးတွင် ထိုင်းအာဏာပိုင်များက ခရီးသည်တင် ဗန်ကားတစ်စီးကို တားဆီးစစ်ဆေးရာမှ မြန်မာနိုင်ငံသားများကို ဖမ်းမိခြင်းဖြစ်ကြောင်း ဆိုသည်။ ကားပေါ်တွင် ကလေးငယ် နှစ်ဦးအပါအဝင် မြန်မာနိုင်ငံသား အမျိုးသားကိုးဦးနှင့် အမျိုးသမီးလေးဦး လိုက်ပါလာကြပြီး ထိုင်းကားသမားကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် ကန်ချနဘူရီနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာခဲ့ကြပြီး မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ထားကြောင်း ဝန်ခံထားသည်။ ခရီးစဉ်အတွက် ဘတ် လေးသောင်း (ကျပ် ၄၅ သိန်း) ကုန်ကျမည်ဖြစ်ပြီး ဘတ်နှစ်သောင်းကို ပွဲစားများထံ ပေးချေထားပြီးဖြစ်ကြောင်း ဖော်ပြသည်။ ကားသမားကလည်း […]

ထားဝယ်တွင် မီတာခကြွေးကျန်များကို တစ်လနောက်ဆုတ်မစောင့်ဆိုင်းတော့ဘဲ မီးဖြတ်မည်ဟု ကုမ္ပဏီပြော

Dawei Watch

July 4, 2024

ထားဝယ်ခရိုင်‌ လေးမြို့နယ်တွင် လျှပ်စစ်မီတာခ ကြွေးကျန်များကို တစ်လနောက်ဆုတ် မစောင့်ဆိုင်းတော့ဘဲ မီတာဘေလ် ပေးဝေသည့်လ၏ ၂၅ ရက်ကို ကျော်လွန်လျှင် မီးဖြတ်တော့မည်ဖြစ်ကြောင်း ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး ဝန်ဆောင်မှုပေးနေသည့် Petro & Trans ကုမ္ပဏီက ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်သည်။ ကိုဗစ်ကာလ ၂၀၂၀ ပြည့်နှစ်မှစတင်ပြီး မီတာခကြွေးကျန်များကို လျှပ်စစ်မီတာဘေလ် ဖြန့်ဝေသည့် လ၏ နောက်တစ်လ ၂၅ ရက်အထိ စောင့်ဆိုင်းပြီးမှသာ မီးဖြတ်တောက်ခဲ့ကြောင်း ကုမ္ပဏီက ဆိုသည်။ ဥပမာ မေလအတွက် မီတာသုံးစွဲခ မီတာဘေလ်ကို ဇွန်လတွင် ဖြန့်ဝေပြီး ဇူလိုင် ၂၅ ရက်အထိ တစ်လနောက်ဆုတ် စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။ ယင်းသို့ မီတာခကြွေးကျန်များကို တစ်လနောက်ဆုတ် ကောက်ခံခဲ့သဖြင့် မီတာကြွေးကျန်များလာပြီး အခက်အခဲများ ကြုံလာနေရကြောင်း […]