နှစ်ကျိပ်ရှစ်ဆူလှည့်ရာတွင် ခေတ္တရပ်နားမည့် ကမ်းနားလမ်းနေရာကို ကတ္တရာလမ်းအမြန်ခင်း၍ မီးအလှဆင်
Dawei Watch
November 3, 2025ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ရာ လမ်းကြောင်းတွင် ပါဝင်မည့် ကမ်းနားလမ်းတစ်ခြမ်းမှ နေရာအနည်းငယ်ကို တိုင်းစစ်ကော်မရှင်က နိုင်လွန်ကတ္တရာဖြင့် လမ်းအမြန်ခင်းကာ မီးအလှဆင်ထားကြောင်း မြို့ခံများထံမှသိရသည်။ ကွန်ကရစ်ခင်းထားသော ကမ်းနားလမ်းတစ်ခြမ်းရှိ နေရာအနည်းငယ်ကို နိုင်လွန်ကတ္တရာခင်းကာ ပေ ၁၂၀၀ ခန့်ကို လျှပ်စစ်မီးသီးများဖြင့် အလှဆင်ထားခြင်းဖြစ်သည်။ ယခင်က ယင်းလမ်းပိုင်းကို ကတ္တရာခင်းရန် အစီအစဥ် မရှိဘဲ ဘုရားပွဲအတွက် အမြန်စီစဥ်လိုက်ခြင်းဖြစ်ကြောင်း တိုင်းစစ်ကော်မရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ” ဘတ်ဂျတ်တွေက နယ်တွေမှာလည်း မအေးချမ်းတော့ သုံးစရာ နေရာမရှိဘူးလေ။ မြို့ပေါ်မှာပဲ သုံးနေတာ၊ ကမ်းနားလမ်းနဲ့ လေယာဉ်ကွင်းလမ်းတွေမှာဆို အခုနှစ်ထဲ ပြင်ဆင်ထားတာတွေ အများကြီးပဲ” ဟု ထားဝယ်မြို့ခံတစ်ဦးကပြောသည်။ နှစ်ကျိပ်ရှစ်ဆူ ဘုရားများကြွချီသည့် ယခင်လမ်းကြောင်းကို အနည်းပြောင်းလဲ၍ ယခုနှစ်လမ်းကြောင်း၌ ကမ်းနားလမ်းကို တိုးချဲ့ထည့်သွင်းကာ မီးအလှဆင်ထားသည့်နေရာ၌ ဘုရားများ […]


