BREAKING
November 10, 2025

သတင်း

ခဲသတ္တုတူးရန် စက်ယန္တရားများဖြင့် ဝင်ရောက်လာသူများကို ကလုံးထာဒေသခံများနှင်လွှတ်

Dawei Watch

November 14, 2023

ရေဖြူမြို့နယ် ကလုံးထာရွာတွင် သတ္တုတူးဖော်ရန် စက်ယန္တရားများဖြင့် ဝင်ရောက်လာသူများကို ဒေသခံနှစ်ရာကျော်က ကန့်ကွက်ပြီး နှင်လွှတ်လိုက်ကြောင်း ယင်းကျေးရွာနေသူအချို့ထံမှ သိရသည်။ KNU တပ်မဟာ(၄)ထံမှ ခွင့်ပြုချက်ယူထားသည်ဆိုသော သတ္တုတူးဖော်မည့်လူ ဆယ်ဦးကျော်ခန့်သည်  နိုဝင်ဘာလ ၉ ရက်နေ့က ကလုံးထာရွာအတွင်းသို့ မြေတူးသည့် ဘတ်ဟိုးတစ်စီး၊ ကားတစ်စီးဖြင့် ရောက်လာကြောင်း ဒေသခံအချို့က ဆိုသည်။ သတ္တုတူးဖော်ပါက သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမည်ကို စိုးရိမ်သဖြင့် ကလုံးထာဘုန်းကြီးကျောင်း ဆရာတော်အပါအဝင် ကျေးရွာနေ ဒေသခံနှစ်ရာခန့်က ဝိုင်းဝန်းကန့်ကွက်ပြီး နှင်လွှတ်လိုက်ကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ကျွန်မတို့တစ်ရွာလုံးက လက်မခံဘူး မလိုလားဘူးဆိုပြီး ဘတ်ဟိုးဝင်လာချိန်မှာ ဆန္ဒပြခဲ့ကြတယ်။ ကန့်ကွက်ခဲ့ ကြတယ်။ ကျွန်မတို့ဆီမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းထားတာရှိတယ်။ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးမှာစိုးလို့ အကုန်လုံးက ကန့်ကွက်ခဲ့ကြတာ”ဟု အထက်ပါအမျိုးသမီးက ပြောသည်။ ပုလောမြို့နယ်က ဦးဇော်လွင်ဆိုသူဦးဆောင်သည့် လူတစ်စုက စက်ယန္တရားများဖြင့်ရောက်လာခြင်းဖြစ်ပြီး ကုမ္ပဏီအမည်ကိုမသိကြကြောင်း […]

စစ်စခန်းများ သိမ်းပိုက်ခံနေရချိန် ဝန်ထမ်းများ ကိုယ်အလေးချိန်လျှော့ကြရန် တိုင်းစစ်ကောင်စီညွှန်ကြား

Dawei Watch

November 14, 2023

တော်လှန်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်များက စစ်ကောင်စီစခန်းများကို နိုင်ငံအနှံ့ တိုက်ခိုက်သိမ်းပိုက်နေချိန်တွင် နိုင်ငံ့ဝန်ထမ်းများ ဒီဇင်ဘာလအပြီး ဝိတ်ချကြရန် တနင်္သာရီတိုင်းစစ်ကောင်စီက ညွှန်ကြားထားဟု ဝန်ထမ်းအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်သည့် တိုင်းစစ်ကောင်စီအစည်းအဝေးတွင် ဌာနဆိုင်ရာအရာရှိများကို ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ကိုယ်အလေးချိန် စံသတ်မှတ်ရာတွင် Body Mass Index (BMI) ကိုယ်အလေးချိန်နှင့် အရပ်အမြင့်အချိုးအစား တွက်ချက်နည်းဖြင့် အဝလွန်၊ မလွန် သတ်မှတ်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် အရပ်အမြင့် ငါးပေလေးလက်မရှိသူသည် ကိုယ်အလေးချိန် ၁၄၀ ပေါင်ရှိပါက BMI 24 ရှိပြီး အဝမလွန်ဘဲ ပုံမှန်အနေအထားဖြစ်သည်။ သို့သော်လက်ရှိအချိန်ထိ ဌာနဆိုင်ရာ အရာရှိများက အောက်ခြေဝန်ထမ်းများကို ညွှန်ကြားခြင်းမရှိသေးကြောင်း စုံစမ်းသိရသည်။ ဒေသအတွင်း ပုံမှန်အနေအထားရှိနေကြောင်း စစ်ကောင်စီက လှည့်စားလိုသည့်အတွက် ယခုကဲ့သို့ […]

လက်နက်ကြီးဖြင့် ပစ်မည်စိုး၍ လယ်သစ်ဒေသခံများ ရွာလုံးကျွတ်ပြောင်းရွှေ့

Dawei Watch

November 14, 2023

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မည်ကို စိုးရိမ်သည့်အတွက် တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာက ဒေသခံများ ရွာလုံးကျွတ်ရွှေ့ပြောင်းနေကြကြောင်း ဒေသခံများထံမှ သိရသည်။ စန်းသစ်ရွာတောင်ပေါ်ရှိ စစ်ကောင်စီတပ်က လယ်သစ်ကျေးရွာဖက်ကို လက်နက်ကြီးဖြင့် ချိန်ရွယ်ထားသည် ဆိုသည့်သတင်းများကြားရပြီးနောက် နိုဝင်ဘာ ၁၃ ရက်နေ့မှစကာ ပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဒေသခံများက တောတောင်နှင့် ဥယျာဥ်အတွင်း ပြောင်းရွှေ့နေကြသည်ဟု ဒေသခံများ ကပြောသည်။ “ရွာမှာ လူမရှိတော့ဘူး။ညကတည်းက အကုန်(တောထဲ)ဝင်လာကုန်ပြီ။မကြောက်တဲ့ တစ်အိမ်နှစ်အိမ်လောက်ပဲ ကျန်တော့တယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ လယ်သစ်ကျေးရွာတွင် အရှေ့ကမ်းနှင့် အနောက်ကမ်း နှစ်ခုပေါင်းပါက နေအိမ်တစ်ထောင်ကျော်ရှိသည်။ ယခင်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စန်းသစ်ရွာတောင်ပေါ်ရှိ စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခဲ့ဖူးကြောင်း ဒေသခံများက ဆိုသည်။ လက်ရှိတွင် ပျူစောထီးများပါဝင်သည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် လယ်သစ်ရွာနှင့် မဝေးသည့် မင်းဂုတ်ရွာဝန်းကျင်သို့ရောက်ရှိနေပြီး […]

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးပိုင်သည့် ရေခဲပုံးများကို သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးမီးရှို့

Dawei Watch

November 14, 2023

သရက်ချောင်းမြို့နယ် ကျောက်ဆည်ကျေးရွာ၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးပိုင်ဆိုင်သည့် ရေခဲပုံးအလွတ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့နှင့် ကာယကံရှင်ထံမှ သိရသည်။ ငါးပုဇွန်ကဲ့သို့ ရေထွက်ကုန်ပစ္စည်းထည့်သည့် နှစ်ရာလီတာဝင် ရေခဲပုံးရှစ်လုံးကို သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က အောက်သရက်ချောင်းရွာနှင့် ပိတောက်ကြီးရွာကြားတွင် နိုဝင်ဘာလ ၁၃ ရက်နေ့က မီးရှို့ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ကျောက်ဆည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်သည် စစ်ကောင်စီ ကြည်းတပ်၊ ရေတပ်များနှင့်ပေါင်းကာ သရက်ချောင်းအောက်ဘက်ခြမ်းရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလှေများထံက ရေထွက်ကုန်များကို ဈေးနှိမ်ဝယ်နေကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။ ထို့အပြင် ၎င်းထံ ရေထွက်ကုန်မရောင်းသည့် ငါးဖမ်းလှေများကို စစ်ကောင်စီတပ်အား တိုင်ကြားကာ ဖမ်းခိုင်းခြင်းများရှိသဖြင့် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “ရေလုပ်သားတွေထံက ငါးတွေကို မတန်လေး မတန်ဆနဲ့ သူ့ကိုရောင်းပေးရတယ်၊ သူ့ကိုမရောင်းပေးရင် (စစ်)ကောင်စီနဲ့ တိုင်ပြီးဖမ်းတယ်။ အဲလိုမျိုးလုပ်လို့ ကျွန်တော်တို့က ဖျက်ပစ်ရတာဖြစ်တယ်” […]

မလေးရှားတွင် မြန်မာလုပ်သားတစ်ဦး သတ်သေ

Dawei Watch

November 14, 2023

 မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး နိုဝင်ဘာလ ၁၂ ရက်နေ့က ကြိုးဆွဲချသတ်သေသွားကြောင်း အဆိုပါနိုင်ငံရှိ မြန်မာလူမှုကူညီရေးအသင်းထံမှ သိရသည်။ စယ်လန်းကောပြည်နယ် ရာဝမ်းမြို့တွင်နေထိုင်သော မြန်မာအလုပ်သမား ကိုနေရှိုင်းသည် ၎င်းအလုပ်လုပ်နေသည့် စက်ရုံတွင် တစ်ဦးတည်းရှိနေချိန် သတ်သေသွားခြင်းဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။ ၎င်းသည် အသက် ၂၃ နှစ်အရွယ်ရှိပြီး မန္တလေးတိုင်း မြင်းခြံမြို့နယ် တောင်ကျွန်းရွာဇာတိဖြစ်သည်။ ကိုနေရှိုင်းသည် မြန်မာနိုင်ငံရှိ ချစ်သူနှင့် ဖုန်းဆက်စဉ် စကားများနေသည်ကို သူငယ်ချင်းဖြစ်သူက ကြားခဲ့ရပြီးနောက် ညစာအတွက် ဈေးဝယ်ရာကအပြန်တွင် ဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ရကြောင်း အထက်ပါအသင်းထံမှ သိရသည်။ မွန်းလွဲ ၂ နာရီခွဲအချိန်အထိ မက်ဆေ့ဂျာကဆင့် စကားပြောနေခဲ့ပြီး နှစ်ဦးကြား စကားများရန်ဖြစ်မှု ကြီးကြီးမားမားမရှိခဲ့ကြောင်း ကိုနေရှိုင်း၏ချစ်သူက ပြောသည်။  “သူအရမ်းမူးနေတာ။ သူနဲ့ စကားများစရာ ဘာမှမရှိဘူး။ သူလည်းစိတ်ညစ် ကျွန်တော်လည်းစိတ်ညစ်နဲ့ […]

ရခိုင်တွင် ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်

Dawei Watch

November 14, 2023

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်သည်။ နှစ်ရက်ကြာ တိုက်ခိုက်ပြီးနောက် ယနေ့ နိုဝင်ဘာလ ၁၄ရက် နံနက် ၇ နာရီခန့်တွင် သိမ်းယူနိုင်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ ရသေ့တောင်မြို့နယ် ချိန်ခါလီနှင့် ဒုံးပိုက်နယ်ခြားစောင့်စခန်း တို့ကို AA က နိုဝင်ဘာလ ၁၃ ရက်တွင် စတင် တိုက်ခိုက်ခဲ့သည်။ မင်းပြား၊ ကျောက်တော် မြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦးထက် မနည်း သေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

ကျိုက်မရောတိုက်ပွဲတွင် စစ်​ကောင်စီတပ်သား ၂၃ ဦး လက်နက်ချ

Dawei Watch

November 13, 2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော စစ်​ကောင်စီတပ်မှ ၂၃ ဦး လက်နက်ချ အညံ့ခံခဲ့​ကြောင်း အမျိုးသားညီညွတ်​ရေး အစိုးရက ထုတ်ပြန်သည်။ ချောင်းနှစ်ခွသို့ ယ​နေ့ (နိုဝင်ဘာ ၁၃) တွင် စစ်ကြောင်းထိုးလာသော စစ်​ကောင်စီတပ်နှင့် ​တော်လှန်​ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီ တပ်မ (၂၂) လက်အောက်ခံ အင်အား ၅၀ ပါ စစ်ကြောင်းမှ ၂၃ ဦးမှာ ပြည်သူ့တော်လှန်ရေးအဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့​ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ အဆိုပါတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် အရာရှိ ၁ ဦး အပါအဝင် ၁၄ ဦး သေဆုံးကာ အရာရှိ ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိပြီး နောက်ထပ် အရာရှိ ၁ ဦးအပါအဝင် […]

စစ်တွေတွင် ညမထွက်ရ အမိန့်ထုတ်၊ သံချပ်ကာကား သုံးစီး မြို့ထဲလှည့်နေ

Dawei Watch

November 13, 2023

ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားသည့် ယနေ့ နိုဝင်ဘာလ ၁၃ ရက်တွင် ပြည်နယ်မြို့တော် စစ်တွေ၌ ညမထွက်ရအမိန့် ထုတ်လိုက်ကြောင်း မြို့ခံများထံမှ သိရသည်။ စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယနေ့အစည်းအဝေး ပြုလုပ်ကာ အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။ စားသောက်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များမှာ ည ၈နာရီခွဲ အပြီး ပိတ်သိမ်းရမည်ဖြစ်ပြီး ပြည်သူများမှာ ည ၉ နာရီမှစတင်ကာ အပြင် မထွက်ရန် အမိန့်ထုတ်ထားကြောင်း မြို့ခံများထံမှ သိရသည်။ မလိုက်နာလျှင် ဥပဒေအရ အရေးယူမည်ဟု ဆိုသည်။ ယင်းအပြင် ယနေ့ မြို့၏ အဓိက လမ်းမများတွင် သံချပ်ကာကားသုံးစီး လှည့်လည်နေကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် Western News သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယခင်က တိုက်ပွဲ ဖြစ်ပွားသော်လည်း ယခုကဲ့သို့ သံချပ်ကာကားများ […]