ထားဝယ်ဆေးရုံတွင် ဆေးမရှိသဖြင့် လူနာများ ပြင်ပမှဆေးရှာဝယ်ပေးနေရ
Dawei Watch
November 16, 2023ထားဝယ်ဆေးရုံတွင် တက်ရောက်ကုသနေသည့် လူနာများကို ဆေးရုံကဆေးမပေးသဖြင့် အပြင်ဆေးခန်းက ဆေးများကို ကိုယ်တိုင်ဝယ်ယူကုသနေရကြောင်း ဆေးရုံတက်ရောက်ခဲ့သူ အချို့ထံမှ သိရသည်။ မည်သည့်ရောဂါအတွက်မဆို စားဆေး၊ ထိုးဆေး၊ သွင်းဆေး၊ ဆေးထိုးအပ်မှစပြီး မည်သည့်ဆေးဝါးမျှ ထားဝယ်ဆေးရုံတွင်မရကြောင်း ရက်ပိုင်းအကြာကပင် ဆေးရုံမှဆင်းလာသည့် ထားဝယ်မြို့ခံတစ်ဦးကဆိုသည်။ လူနာအတွက် လိုအပ်သည့်ဆေးဝါးများကို တာဝန်ကျဆရာဝန်တစ်ဦးဦးက ရေးပေးခဲ့ပြီး ယင်းဆေးဝါးများကို အပြင်ဆေးခန်းတွင် လူနာရှင်က ဝယ်ယူပေးရကြောင်းဆိုသည်။ “အားလုံးအပြင်ဆေးခန်းမှာဝယ်ရတယ်။ ဆေးထိုးအပ်ကအစဝယ်ရဝယ်။ ဆေးပုလင်းကုန်ရင်လည်း ကိုယ့်ဘာသာဝယ်ပြီး ကိုယ့်ဘာသာသွင်းတဲ့။ ဒီလိုမှန်းသိရင် အပြင်ဆေးရုံပဲသွားတာက ပိုကောင်းသေးတယ်” ဟု၎င်းကဆိုသည်။ ထားဝယ်ဆေးရုံတွင် လူနားအားဆေးဝါးမပေးသည့်အကြောင်း အသေးစိတ်သိရှိနိုင်ရန် ထားဝယ်ဆေးရုံအုပ်ထံ ယနေ့ နိုဝင်ဘာလ ၁၆ ရက် မွန်းတည့်ပိုင်းတွင် ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်းမရှိပေ။ “ဆေးရုံတက်ဖူးတဲ့သူတွေကို လိုက်မေးရင်သိပါတယ်နော်။ အားလုံးဝယ်ရတာတော့ မဟုတ်ပါဘူး။ ကျွန်မကလည်း ဒီမှာကိစ္စလေးတစ်ခုရှိနေလို့ ဖြေဖို့အတွက်ကျတော့ […]


