BREAKING
November 11, 2025

သတင်း

အခါလွန်မိုးဖျက်သဖြင့် လယ်သမားနှင့် ရော်ဘာတောင်သူများ အခက်တွေ့

Dawei Watch

November 20, 2023

ဆောင်းရာသီထဲ ဝင်ရောက်သည်အထိ မုန်တိုင်းအရှိန်ဖြင့် အခါလွန်မိုး ရွာသွန်းနေဆဲဖြစ်သောကြောင့် လယ်သမားနှင့် ရော်ဘာခြစ်တောင်သူများအခက်တွေ့နေကြကြောင်း ၎င်းတို့က ပြောသည်။ နိုဝင်ဘာလသည် စပါးရိတ်သိမ်းရာသီဖြစ်သော်လည်း အခါလွန်မိုးကြောင့် ရိတ်သိမ်း မရသေးဘဲစောင့်ကြည့်နေရကြောင်း ထားဝယ်ခရိုင်ရှိလယ်သမားအချို့က ဆိုသည်။ “လယ်ထဲမှာက ရေတင်နေသေးတော့ ဆင်းမရသေးဘူး။ စပါးရိတ်စက်လည်း ဆင်းမရသေးဘူး။ စပါးပုံမယ့်နေရာလည်း မရှိဘူး” ဟု သရက်ချောင်းမြို့နယ် ဇီကျရွာက လယ်သမားတစ်ဦးက ပြောဆိုသည်။ အခါလွန်မိုးကြောင့် ရိတ်သိမ်းချိန်နောက်ကျပြီး စပါးအလေလွင့်ဖြစ်ခဲ့ရသည်ကို လယ်သမားများ ယမန်နှစ်ကလည်းတစ်ကြိမ် ကြုံရပြီး ယခုနှစ်တွင်လည်း နောက်တစ်ကြိမ် ၂နှစ်ဆက်တိုက်ကြုံတွေ့နေရသည်ဟုဆိုသည်။ “မနှစ်ကဆိုရင် လယ်ထဲကရေတွေကို (ရေစုပ်စက်နဲ့) စုပ်ထုတ်ပြီးမှ ရိတ်ရတာ” ဟု လောင်းလုံးမြို့နယ် ကထောင်းနီကွင်းက လယ်သမားတစ်ဦးကဆိုသည်။ လယ်ထဲရေရှိနေချိန် စပါးရိတ်စက်ဝင်ပါက လယ်မြေပျက်စီးလေ့ရှိပြီး မိုးရာသီတွင် ထွန်ယက်စရိတ်ပိုမိုကုန်ကျကြောင်း လယ်သမားအချို့ကဆိုသည်။ ယင်းအပြင် ထွန်ယက်စိုက်ပျိုးစဉ်က မိုးကြီးသဖြင့် […]

ထားဝယ် မောင်မယ်ရှောင်ရွာအနီး နှစ်ရက်ဆက်တိုက်ပွဲဖြစ်၊ ကားသမားတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

Dawei Watch

November 20, 2023

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးတွင် နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ နိုဝင်ဘာလ ၁၈ ရက် ညနေ ၆ နာရီခွဲဝန်းကျင်တွင် မောင်မယ်ရှောင်ရွာ ၊ ဘုရားမဲစစ်ကောင်စီဂိတ်အနီးရှိ ဖောင်တော်ဦးဘုရားအနီးတွင် စစ်ကောင်စီတပ်နှင့် ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) တပ်ခွဲ ၂ တို့ မိနစ်၃၀ ခန့်ကြာ ပစ်ခတ်မှုဖြစ်ပွားကြောင်း _ဒေသခံတို့ထံမှ သိရသည်။ ရှင်ကိုးရှင် သမိုင်းဝင် ရှင်ဓာတ်ဝဲ ဘုရားအနီးတွင်လည်း နိုဝင်ဘာလ ၁၉ ရက် မွန်းတည့်ပိုင်းတွင် ဘုရားအနီး ထိုင်နေသည့် စစ်ကောင်စီတပ်သားများကို DGRF အဖွဲ့ က သွားရောက်ပစ်ခတ်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ “ အရက်သောက်ပြီးလာထိုင်နေကြတယ် သတင်းရလို့ လာပစ်တာပါ။ အရေအတွက်က […]

နယ်မြေရှင်းရန်သွားသည့် စစ်ကောင်စီတပ်စစ်ကြောင်း မူးဒူးရွာတွင် တိုက်ခိုက်ခံရ

Dawei Watch

November 19, 2023

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာရှိ မူးဒူရွာသို့ နယ်မြေရှင်းရန်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း သည် နိုဝင်ဘာ ၁၈ ရက်ညနေက ကြားဖြတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ မူးဒူးရွာအရှေ့ဘက်မှလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို အဆိုပါနေ့ ညနေသုံးနာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဆွဲမိုင်း အပါအဝင် လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ကျွန်တော်တို့ ဆွဲမိုင်းနဲ့တိုက်တဲ့အချိန်မှာ စစ်သားငါးဦးလောက် ပုံလဲသွားတာမြင်ရတယ်။ သေတယ် မသေဘူးဆိုတာတော့ ကျွန်တော်တို့ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဘက်ပစ်ခတ်မှု  မိနစ်နှစ်ဆယ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုနောက် စစ်ကောင်စီတပ်သည် မူးဒူးရွာစာသင်ကျောင်းတွင် ယနေ့ (နိုဝင်ဘာ ၁၉) ညနေပိုင်းအထိ ယာယီတပ်စွဲထားပြီး ဒေသခံ ၂၀ ဦးခန့်ကိုဖမ်းဆီးထားကာ ကျေးရွာအတွင်းရှိ နေအိမ်အချို့ကိုလည်း မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ […]

ထားဝယ်မြို့အတွင်း အမျိုးသားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

November 19, 2023

ထားဝယ်မြို့အတွင်း ဆန်းချီရပ်ကွက်တွင် နိုဝင်ဘာ ၁၉ ရက်(ယနေ့) မွန်းလွဲပိုင်းက  အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးရှိ စားသောက်ဆိုင်တွင် အသက် ၂၃ နှစ်အရွယ် ကိုကျော်ဇင်ဦးဆိုသူ ပစ်သတ်ခံရခြင်းဖြစ်သည်။ ဘောင်းဘီအရှည် နှင့် အင်္ကျီအနက်ရောင်ဝတ်ထားပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့် လူငယ်ပိုင်း အရွယ် အမျိုးသားတစ်ဦးက လာရောက်ပစ်သတ်သွားကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “သေဆုံးသူနဲ့ ဆိုင်ထဲဝင်လာတာ ငါးမိနစ်လောက်ပဲခြားမယ်။ လာပစ်သွားတာက”ဟု အဆိုပါမြို့ခံက ပြောသည်။ ကိုကျော်ဇင်ဦးမှာ ဆန်းချီ(ကျွန်းမွှေး)ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ၎င်း၏ နားထင်၊ရင်ဘတ်နှင့် လက်တို့တွင် သေနတ်ဒဏ်ရာများရကာ သေဆုံးသွားကြောင်း သိရသည်။ ကိုကျော်ဇင်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်သတ်သွားသည်ဆိုသည်ကိုမူ အသေးစိတ်မသိရသေးပေ။ သေဆုံးသူ၏ ရုပ်အလောင်းကို ညနေ ၃ နာရီခွဲခန့်တွင် အရေးပေါ်ကားဖြင့် လာရောက်သယ်ယူသွားကြောင်း သိရသည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

November 18, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ လောက်ကိုင်မြို့ထဲ တရုတ်အထူးတပ်ဖွဲ့ ဝင်ရောက် လောက်ကိုင်မြို့မှာ ခိုအောင်းနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကို နှိမ်နင်းဖို့ တရုတ် အထူးတပ်ဖွဲ့ တွေကို မြန်မာနိုင်ငံထဲ ပထမဆုံးခြေချခွင့်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံကို မကြာသေးခင်ကရောက်လာတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေး ဝန်ကြီး နဲ့ စစ်ကောင်စီကြားမှာ သဘောတူခဲ့သလို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာလည်း တင်ပြခဲ့တယ်လို့ ဘီဘီစီသတင်းက ဆိုပါတယ်။ ဒီလိုမျိုး တရုတ်အထူးတပ်ဖွဲ့တွေ ဝင်ရောက်မယ့်ရက်ကို နှစ်နိုင်ငံစလုံးက လျှို့ဝှက်ထားပေမယ့် စစ်ဆင်ရေးကို အခုရက်ပိုင်းအတွင်းမှာပဲ စတင်ခဲ့ပြီလို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့မှာတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ဆက်နွှယ်ပြီး တရုတ်ဘက်ကရော စစ်ကောင်စီဘက်ကပါ […]

ယခုပညာသင်နှစ်တွင် ထားဝယ်တက္ကသိုလ် ပထမနှစ်တက်မည့်သူ တစ်ရာမပြည့်

Dawei Watch

November 18, 2023

ယခု (၂၀၂၃- ၂၀၂၄) ပညာသင်နှစ်တွင် ထားဝယ်တက္ကသိုလ်သို့ နေ့သင်တန်း ပထမနှစ် တက်ရောက်မည့်သူ ၉၈ ဦးသာရှိကြောင်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်သည့်စာရင်းအရ သိရသည်။ ယင်း ၉၈ ဦးမှာဘာသာရပ် ၁၇ ခု အတွက် ဝင်ခွင့်ရသူများဖြစ်ပြီး ယခင်နှစ်ထက် လျော့နည်းသည်။ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် ထားဝယ်တက္ကသိုလ် နေ့သင်တန်းဝင်ခွင့်ရသူ ၃၂၄ ဦးရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဝင်ခွင့်ရသူ ၁၆၂ ဦးသာရှိခဲ့သည်။ ထားဝယ်တက္ကသိုလ်တွင် တက္ကသိုလ်ဝင်ခွင့်ရသူ ၃ နှစ်ဆက်တိုက်လျော့နည်းနေပြီး ကိုဗစ်ကာလ နှင့် အာဏာသိမ်းမှုကာလအတွင်း ကျောင်းပြန်လည်ဖွင့်လှစ်သည့် ပညာသင်နှစ်များတွင် ယခုပညာသင်နှစ်သည် ဝင်ခွင့်ရသူအနည်းဆုံးနှစ်ဖြစ်သည်။ ထိုကဲ့သို့ တက္ကသိုလ်ဝင်ခွင့်ရသူဦးရေ လျော့နည်းခြင်းနှင့်ပတ်သက်၍ ထားဝယ်တက္ကသိုလ် ၊ သင်တန်းရေးရာဌာန […]

မွန်-ကရင်ဆက် ချောင်းနှစ်ခွတံတား မိုင်းခွဲခံရ

Dawei Watch

November 18, 2023

မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်သို့ ဆက်သွယ်ထားသည့် ချောင်းနှစ်ခွတံတား မိုင်းဖောက်ခံရပြီး တံတားပြိုကျသွားသည်ဟု ဒေသခံများထံမှ သိရသည်။ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး ချောင်းနှစ်ခွဒေသတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၈ ရက်မြောက်နေ့ဖြစ်သော နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ချောင်းနှစ်ခွတံတားကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က မိုင်းခွဲ၍ အဆက်အသွယ်ဖြတ်တောက် လိုက်ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ချောင်းနှစ်ခွတံတားသည် စစ်ကောင်စီ၏ အဓိက ထောက်ပို့လမ်းကြောင်းဖြစ်နေသည့်အတွက် စစ်ရေးအရ ဖောက်ခွဲဖျက်ဆီးရခြင်းဖြစ်သည်ဟု မီဒီယာများကို ပြောဆိုသည်။ ချောင်းနှစ်ခွတံတားသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ဆက်သွယ်သွားလာနေသည့် တံတားများအနက် အဓိကကျသည့်တံတားတစ်စင်းဖြစ်ကြောင်း အထူးသဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ပြည်သူများ အဓိက သွားလာအသုံးပြုနေရသည့် တံတားဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ တံတား ပြိုကျပျက်စီးသွားသည့်အတွက် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ပြည်သူများ သွားလာရေးအတွက်  ခက်ခဲလာနိုင်ကြောင်း အခြားလမ်းကြောင်းအသုံးပြုရန်လည်း တိုက်ပွဲကြောင့် ပိတ်ထားသည့်လမ်းများလည်းရှိနေသည်ဟု ကြာအင်းဆိပ်ကြီး ဒေသခံတစ်ဦးက ပြောသည်။ “မုဒုံဘက်သွားမယ်ဆိုရင် အဓိက ချောင်းနှစ်ခွလမ်းပဲ အသုံးများတယ်။ ခလယ်-တခွန်တိုင်လမ်းလည်း သွားကြတယ်။ ခလယ်-တံခွန်တိုင်လမ်းကလည်း တိုက်ပွဲဖြစ်ပြီးတော့ မပေးဖြတ်ဘူး။ သွားလည်းမသွားရဲကြဘူး။ ချောင်းနှစ်ခွဘက်ကပဲ သွားကြတယ်။ အခု ချောင်းနှစ်ခွတံတား ပြိုသွားပြီးဆိုတော့ သွားလာရေး၊ နောက် စားနပ်ရိက္ခာ ဘာညာသယ်ဖို့ ခက်ခဲသွားပြီ” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ ချောင်းနှစ်ခွဒေသတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာလျက်ရှိနေသည့်အခြေအနေဖြစ်သည်။ တိုက်ပွဲကြောင့် ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့က ကျိုက်မရောမြို့နယ်၊ ပေါလောကုန်းကျေးရွာအတွင်း လက်နက်ကြီးကျည်ကျပြီး အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးသွားခဲ့သည့်အပြင် နိုဝင်ဘာလ ၁၆ […]

ထိုင်းတောင်ပိုင်းတွင် ပုလောသူတစ်ဦး ကားတိုက်ခံရပြီး အလောင်းစွန့်ပစ်ခံရ

Dawei Watch

November 18, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် တနင်္သာရီတိုင်းဒေသခံ ပုလောသူတစ်ဦး ဆိုင်ကယ်စီးလာစဉ် ကားတိုက်ခံရပြီးနောက် အလောင်းစွန့်ပစ်ခံရကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ သေဆုံးသူသည် အသက် ၃၈ နှစ်အရွယ် မသီသီညို အမည်ရှိသူဖြစ်ပြီး တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် မင်းထိန်ရွာဇာတိဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ယောက်ျားဖြစ်သူနှင့်အတူ အလုပ်မှအပြန် ဆိုင်ကယ်စီးလာစဉ် ဝမ်ဖိုင်ဒေသအရောက်တွင် တိုယိုတာ ဟိုင်းလတ်ကားတစ်စီးက အနောက်က ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ဟိုင်းလတ်ကားက အရှိန်ဖြင့် ဝင်တိုက်ခဲ့မှုကြောင့် ယောက်ျားဖြစ်သူနှင့်အတူ ဆိုင်ကယ်ပါ လွင့်ထွက်သွားခဲ့ပြီး ဇနီးဖြစ်သူက ကားအောက်ပိုင်းတွင် ငြိ၍ ကားနှင့်အတူ ပါသွားခဲ့ကြောင်း သိရသည်။ ကားသမားက ကားတိုက်မှုဖြစ်ခဲ့သော်လည်း လုံးဝ ဆင်းမကြည့်ခဲ့ဘဲ ဆက်တိုက်မောင်းပြေးခဲ့သဖြင့် ယောက်ျားဖြစ်သူနှင့် အနီးရှိ လူများက ညလုံးပေါက် […]