ဘုရားလှည့်ပွဲညက ထားဝယ်မြို့တွင်း နေရာနှစ်ခုကို စစ်ကောင်စီတပ်စီးနင်းရှာဖွေ
Dawei Watch
November 27, 2023ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (PDF) များကို ရှာဖွေသည်ဟုဆိုကာ စစ်ကောင်စီတပ်က ထားဝယ်မြို့တွင်း နေရာနှစ်ခုကို စီးနင်းရှာဖွေခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ ဘုမ္မော်ရပ်ကွက် စောမိညိုလမ်းနှင့် ကြက်စားပြင်ရပ်ကွက်ရှိ ကာစတန်ဆိပ်ကမ်းအနီးတို့ကို တစ်ပြိုက်နက် စီးနင်းရှာဖွေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။ ထားဝယ်မြို့ထဲ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲအပြီး နိုဝင်ဘာလ ၂၆ ရက် ည ၁၀ နာရီခွဲကျော်တွင် စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ စောမိညိုလမ်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး နေအိမ်ရှိလူများကို အောက်သို့ခေါ်ချကာ မှောက်ခိုင်းထားသည်ဟု မြို့ခံအချို့က ဆိုသည်။ ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နေအိမ်ပေါ်သို့ တက်ရောက်ရှာဖွေပြီး ရွှေ၊ ငွေ အပါအဝင် အဖိုတန်ပစ္စည်းများ၊ လက်ကိုင်ဖုန်းများကို ယူဆောင်သွားခဲ့ကြောင်းလည်း ၎င်းတို့က ပြောဆိုသည်။ “အိမ်ပေါ်က လူတွေ အကုန်ခေါ်ချပြီးရင် မှောက်ခိုင်းထားပြီးပြီဆိုတော့ အိမ်ပေါ်မှာ လူမရှိတော့ဘူးလေ။ သူတို့စိတ်ကြိုက် ယူချင်တာယူလို့ ရသွားတာပေါ့” ဟု […]


