ရေဖြူတွင် မူးယစ်ဆေး ကျပ် ၈၇ ဘီလီယံကျော်ဖိုး ဖမ်းမိ
Dawei Watch
November 30, 2023တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတွင် မူးယစ်ဆေးဝါး ငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံ (သိန်းပေါင်း ရှစ်သိန်း ခုနစ်သောင်းကျော်) တန်ဖိုး ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးများ အလွဲသုံးမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDA Myanmar) က ထုတ်ပြန်သည်။ နိုဝင်ဘာလ ၂၂ ရက် နံနက် ၁၀ နာရီ ဝန်းကျင်တွင် ရေးမြို့မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် ကားကို စစ်ဆေးရာ ဆားအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ပြောင်းဆေး ကက်တမင်း ၂ဒသမ ၃တန်ကျော် ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။ ယာဉ်မောင်း ဦးခင်ဇော်နှင့် ဦးအောင်ကျော်ဦးတို့ကိုပါ ဖမ်းမိပြီး ၎င်းတို့ကို စစ်ဆေးရာ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မနီနီလှိုင်ကို နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ဘားအံ မော်လာမြိုင်ကားလမ်း ဇသပြင် တံတားအနီး၌ အိမ်စီးကားတစ်စီးနှင့်အတူ ထပ်မံဖမ်းမိကြောင်း နိုဝင်ဘာလ ၂၉ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဖမ်းဆီးရမိသူများအားလုံးကို စစ်ဆေးရာတွင် အထက်ပါမူးယစ်ဆေးများကို ရှမ်းပြည်နယ်မှ […]


