BREAKING
November 11, 2025

သတင်း

ထိုင်းတောင်ပိုင်းတွင် ဆိုင်ကယ်ခိုးသည်ဟုဆိုကာ မြန်မာလူငယ်လေးဦးဖမ်းဆီးခံရ

Dawei Watch

December 4, 2023

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ နေအိမ်များသို့ ဝင်ရောက်ပြီး ဆိုင်ကယ်များကို ခိုးယူခဲ့သည်ဟုဆိုကာ မြန်မာလူငယ်လေးဦးကို ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာလူငယ်များသည် ခိုးယူခဲ့သော ဆိုင်ကယ်များကို စူရတ်ဌာနီခရိုင်မှတစ်ဆင့် ချွန်ဖော်မြို့သို့ ပို့ဆောင်ခဲ့ပြီး ယင်းမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ရောင်းချနေခြင်းဖြစ်ကြောင်း ဆိုသည်။  ဖမ်းဆီးခံရသူများသည် အသက် ၁၇ နှစ်မှ ၂၀ နှစ်အရွယ်များ ရှိကြပြီး ချွန်ဖော်မြို့တွင် နေထိုင်ကြသူများဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။   စူရတ်မြို့အတွင်း Honda wave ဆိုင်ကယ်များ ပျောက်နေကြောင်း အောက်တိုဘာလကတည်းက ရဲတပ်ဖွဲ့ထံသို့ တိုင်ကြားမှုရရှိခဲ့သဖြင့် CCTV များကို ခြေရာခံကာ မြန်မာလူငယ်များကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဖော်ပြသည်။ လူငယ်တစ်ဦးသည် အိမ်ရှေ့တွင် ရပ်ထားသော ဆိုင်ကယ်တစ်စီးကို ခြေထောက်ဖြင့် လက်ကိုင်ဇက်သော့ကို ချိုးကာ ခိုးယူခဲ့သည်ကို CCTV မှတ်တမ်းတွင် တွေ့ရှိရာမှ ခြေရာခံဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာလူငယ်များသည် အခြားလူတစ်ဦး၏ စေခိုင်းခဲ့မှုကြောင့် ဆိုင်ကယ်များကို ခိုးယူခဲ့ရခြင်းဖြစ်ပြီး […]

တနင်္သာရီ ထုံခါအကျဥ်းစခန်းကို တောင်ပိုင်းညီနောင်စစ်ကြောင်းမီးရှို့

Dawei Watch

December 4, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ထုံခါရွာရှိ စစ်ကောင်စီအကျဥ်းစခန်းကို တောင်ပိုင်းညီနောင် စစ်ကြောင်းက မီးရှို့လိုက်ကြောင်း ကော်သူးလေတပ်မတော် KTLA (tcjf) ထံမှသိရသည်။ ထုံခါရွာရှိ ဆင်ဖြူရှင် (၄) အကျဥ်းစခန်းကို ဒီဇင်ဘာ ၃ ရက်တွင် တောင်ပိုင်းညီနောင်စစ်ကြောင်းက သွားရောက်မီးရှို့ခြင်းဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၄ရက်တွင် ထုတ်ပြန်ထားသည်။ ပူးပေါင်းတပ်က ဝင်ရောက်မီးရှို့ရာ မီးလောင်ရန် မလွယ်သည့် အဆောက်အအုံ (အုတ်၊ တိုက်) နှစ်ခုသုံးခုမှ လွဲ၍ ကျန်အဆောက်အအုံ အားလုံးပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အကျဥ်းစခန်းမှာက ရဲရော အကျဥ်းသားတွေရော မရှိတော့ဘူး။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက စွန့်ခွာသွားကြပြီ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဝန်ထမ်းများ စခန်းကိုစွန့်ခွာသွားကြပြီးနောက် စစ်ကောင်စီတပ်များ မကြာခဏ […]

သံဖြူဇရပ်မြို့ခံများကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီး

Dawei Watch

December 4, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်ဇေယျာတိုးချဲ့ရပ်ကွက်တွင် အမျိုးသားတစ်ဦးကို လက်နက်ခဲယမ်းနှင့် အတူ ဖမ်းဆီးရမိပြီးနောက် မြို့ခံ စီးပွားရေးလုပ်ရှင်အပါအဝင် ၁၀ ဦးခန့်ကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးနေသည်ဟု မြို့ခံများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က အောင်ဇေယျာတိုးချဲ့ရပ်ကွက်နေ အသက် ၄၄ အရွယ် ဦးမြသန်းကို ပစ္စတိုသေနတ်တစ်လက်၊ ကျည်ဆံများနှင့်အတူ စစ်ကောင်စီတပ်တို့က ဖမ်းဆီးရမိခဲ့သည်။ ထိုနေ့ ညတွင်ပင် စစ်ကောင်စီတပ်က ဟေမဝန် ဆောက်လုပ်ရေးပစ္စည်းအရောင်းပိုင်ရှင်ကို အင်အားအလုံးအရင်းဖြင့် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ဒီဇင်ဘာ ၁ ရက်နေ့တွင် ဟေမဝန်ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်နှင့် နေအိမ်ကို စစ်ကောင်စီတပ်က လာရောက်ချိပ်ပိတ်သွားခဲ့သည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။ “ဆက်တိုက်ကို ဖမ်းသွားတာ။ ဘာကြောင့် ဖမ်းတာလဲဆိုတာကတော့ မသိနိုင်ပေမယ့်။ လက်နက်နဲ့ မိတဲ့လူနဲ့တော့ ဆက်စပ်နေလိမ့်မယ်လို့တော့ ထင်တယ်။ […]

မြန်မာစစ်ဘေးရှောင်များကို လက်ခံရန်အသင့်ဟု ထိုင်းပြော

Dawei Watch

December 4, 2023

မြန်မာနိုင်ငံအတွင်း လတ်တလော ပိုမိုပြင်းထန်လာသော စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာမည့် ဒုက္ခသည်များကို လက်ခံရန် အဆင်သင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ ဒုက္ခသည်များကို လက်ခံရန် နယ်စပ်တစ်လျှောက် ယာယီစစ်ဘေးရှောင်ခိုလှုံရေးစခန်းများ တည်ဆောက်ပေးရန် ထိုင်းဘက်က အသင့်ရှိကြောင်း ဝန်ကြီး Parnpree Bahiddha-Nukara က ဒီဇင်ဘာလ ၃ ရက်တွင် ပြောဆိုသည်။ မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကို စောင့်ကြည့်စစ်ဆေးနေကြောင်းလည်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ရန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက အမြန်ဆုံး ပြန်လည် တွေ့ဆုံ ညှိနှိုင်းကြရန်အတွက် တိုက်တွန်းကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆက်လက် ပြောဆိုသည်။  လတ်တလောတွင် ဒုက္ခသည်များ စုပြုံဝင်ရောက်မှု မရှိသေးဘဲ တိုက်ပွဲများ ပိုမိုပြင်းထန်လာပါက ဒုက္ခသည်များ ထိုင်းနိုင်ငံတစ်ခုတည်းကိုမဟုတ်ဘဲ နေရာပေါင်းစုံကို ထွက်ပြေးတိမ်းရှောင်လာနိုင်ကြောင်း ဝန်ကြီးက ဆိုသည်။ ဒီဇင်ဘာလ ၂ ရက်နေ့တွင် […]

မောရဝတီရေတပ်က ကင်းလှည့်သည့်ကား သစ်ပင်နှင့်တိုက်မိ

Dawei Watch

December 4, 2023

မောရဝတီရေတပ်က ကင်းလှည့်လာသည့်ကားမှာ ကံပေါက်ရွာ၊ သီရီမင်္ဂလာရပ်ကွက်ရှိ သစ်ပင်နှင့် တိုက်မိခဲ့ပြီး တပ်သားတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှသိရသည်။ မနေ့ (ဒီဇင်ဘာ ၃) မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာရသူကို ဆေးရုံပို့ရန် သယ်ဆောင်လာစဥ် ကံပေါက်စျေးအနီး လမ်းပိတ်နေ၍ စစ်ကောင်စီတပ်သားများက စျေးအနီးရှိ ယာဥ်မောင်းများကို ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်း ဒေသခံများကဆိုသည်။ “စျေးထိပ်မှာကားတွေပိတ်နေတာ။ သူတို့ကားကလည်းရောက်လာတယ်။ အရေးပေါ်ဖြစ်နေမှန်းလည်း ဘယ်သူမှမသိဘူးလေ။ ဟွန်းသံရှည်တွေလည်းတီးတယ်။ စစ်သားတွေ ဆင်းလာပြီးလမ်းပေါ်ကလူတွေ အစုံဆဲဆိုသွားတယ်။ သူတို့ကားပေါ်မှာက မှောက်နေတဲ့စစ်သားက တစ်ယောက်ပါလာတယ်” ဟု မျက်မြင်တွေ့ခဲ့ရသော ယင်းဖြစ်စဥ်အနီး ရောက်နေသည့် ဘေးတွဲယာဥ်မောင်းတစ်ဦးက ပြောပြသည်။ ယင်းဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်သားများက ကံပေါက်စျေးအနီးတစ်ဝိုက် ဓာတ်ပုံများလာရိုက်ခဲ့ပြီးနောက် ယနေ့နံနက်တွင်တော့ ရေဖြူမြို့နယ်၊ ကံပေါက်စျေးတွင်သို့ ရဲတပ်ဖွဲ့ဝင်များ လာရောက်ပြီး ယာဥ်ကြောရှင်းပေးနေကြောင်း စျေးသူစျေးသားများကပြောသည်။ “ ဒီနေ့ မနက်ကတော့ လာရှင်းပေးလို့ […]

ထားဝယ်-ထီးခီးလမ်းပိုင်း ညပိုင်းမသွားလာကြရန် ကော်သူးလေ ထုတ်ပြန်

Dawei Watch

December 3, 2023

ထားဝယ်-ထီးခီးလမ်းပိုင်းကို ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း အသုံးပြုသွားခြင်း မပြုလုပ်ကြရန် ကော်သူးလေတပ်မတော်က ယနေ့ ဒီဇင်ဘာလ ၃ ရက်တွင် သတိချက် ထုတ်ပြန်သည်။ အဆိုပါလမ်းပိုင်းကို ဒီဇင်ဘာ ၃ ရက်မှ ဒီဇင်ဘာလ ၉ ရက်နေ့အထိ ညပိုင်း မသွားလာ​ကြရန် ထုတ်ပြန်ထားသည်။ သို့သော်လည်း မည်သည့်အကြောင်းအရင်းကြောင့် ညပိုင်းမသွားလာရန် တားမြစ်သည်ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ သတ်မှတ်ထားသည့် အချိန်အတွင်း ဖြတ်သန်းသွားလာသည့် မသင်္ကာဖွယ်အားလုံးကို ပစ်ခတ်ရှင်းလင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သတ်မှတ်ထားသည့် ရက်အတွင်း ညပိုင်းဖြတ်သန်းသွားလာစဉ် စစ်ကောင်စီနှင့် ပက်သက်မှုတစ်စုံတစ်ရာရှိသည်ကိုတွေ့ရှိခြင်း၊  ကော်သူးလေအာမီ၏ စစ်ဆေးခြင်းနှင့် ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိခြင်းတို့ကိုတွေ့ရှိပါက ထိခိုက်မှုအတွက် တစ်စုံတစ်ရာတာဝန်ယူမည်မဟုတ်ဟုလည်း ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၂၃ ရက်က ကျောက်မဲတောင်ရဲစခန်းကို […]

ထိုင်းတွင် ကားတိမ်းမှောက်ပြီး မြန်မာလုပ်သားနှစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ

Dawei Watch

December 3, 2023

ထိုင်းနိုင်ငံ ဘန်ကောက်အနီး နခွန်ပထုံခရိုင်တွင် အလုပ်မှပြန်လာသော မြန်မာအလုပ်သမားများကို တင်ဆောင်လာသောကား တိမ်းမှောက်ပြီး မြန်မာအလုပ်သမား နှစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နခွန်ပထုံခရိုင် ကမ်ဖဲစဲဒေသရှိ PT ဆီဆိုင်အနီးတွင် ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၇နာရီဝန်းကျင်က တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ၆ ဘီးတပ်ကားပေါ်တွင် မြန်မာအလုပ်သမား ၁၀ ဦး လိုက်ပါလာခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြို့ထဲရှိ နေထိုင်ရာ အခန်းများသို့ ပြန်လာခဲ့ကြခြင်းဖြစ်ကြောင်း ရေးသားထားသည်။  ဆီဆိုင်အနီး အရောက်တွင် ဆိုင်ကယ်တစ်စီးက ဆီဆိုင်ထဲ ရုတ်တရက်ကွေ့ဝင်ရန် ဖြတ်မောင်းလာသည်ကို မြင်သဖြင့် ဘရိတ်အုပ်လိုက်ရာမှ မထိန်းချုပ်နိုင်တော့ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားမှောက်မှုကြောင့် အသက် ၂၀ နှစ်အရွယ် မြန်မာအလုပ်သမားနှစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန် ရှစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဖော်ပြသည်။ ဒဏ်ရာရရှိသူများအနက် လေးဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိပြီး ဒဏ်ရာရသူ အားလုံးကို ကယ်ဆယ်ရေးအဖွဲ့များက ကမ်ဖဲစဲဆေးရုံနှင့် နခွန်ပထုံဆေးရုံများသို့ […]

လောင်းလုံးတွင် သပိတ်လှုပ်ရှားမှု ပြုလုပ်

Dawei Watch

December 3, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မှ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ​လောင်းလုံးမြို့နယ်တွင် ယ​နေ့ပြုလုပ်ခဲ့သည်။ ‘အာဏာရှင်စနစ် အဆုံးသတ်က၊ လူထုသာလျှင် အဓိက’ စာသားပါဘန်နာကိုင်ကာ ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း ချီတက်ခဲ့ကြသည်။