ရေဖြူ ဖားချောင်းအုပ်စုမှ စစ်ဘေးရှောင် ၅၀၀ ခန့် အရေးပေါ် စားနပ်ရိက္ခာလိုအပ်
Dawei Watch
September 2, 2025ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖားချောင်းကျေးရွာအုပ်စုတွင် တိုက်ပွဲများကြောင့် သြဂုတ်လ နောက်ဆုံး အပတ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာသားများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း တိမ်းရှောင်နေသည့် ဒေသခံများထံမှသိရသည်။ ဖားချောင်းကျေးရွာအုပ်စုမှ ဆယ်အိမ်စု၊ တောင်ရင်းအင်း၊ ဖားချောင်း ကျေးရွာသုံးရွာမှ လူဦးရေ ငါးရာခန့်သည် နီးစပ်ရာ ဘေးကင်းသည့် ကျေးရွာများတွင် ရှောင်တိမ်းနေရကြောင်း ၎င်းတို့ကဆိုသည်။ “အဓိက ဆန်၊ဆီ၊ဆေး၊ဆား လိုအပ်နေတယ်။ ဒေသခံတွေက နေစရာကိစ္စမရှိဘူး။ နီးစပ်ရာ ဆွေမျိုးသားချင်းတွေ အိမ်တွေမှာ နေလို့ရတယ်။ အထက်ဘက်ကနေ ဒီမှာ လာလုပ်စားတဲ့ ဒေသခံမဟုတ်တဲ့သူတွေကတော့ နေစရာ နည်းနည်းခက်ခဲတယ်။ တိုက်ပွဲ ဖြစ်တော့လည်း သူတို့ပါ ရောပြေးနေရတာပေါ့” ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အမျိုးသားတစ်ဦး ကပြောပြသည်။ သြဂုတ်လ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ ကံပေါက် […]


