တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
Dawei Watch
October 11, 2024ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ နယ်သာလန်က ယူကရိန်းကို ဒေါ်လာ သန်း ၄၄၀ ကူညီမယ် နယ်သာလန်နိုင်ငံကာကွယ်ရေးဝန်ကြီး Ruben Brekelmans က ယူကရိန်းနိုင်ငံမြို့တော် ကိတ်ဗ်မြို့ကို လာရောက်ခဲ့ပြီး ဒေါ်လာ သန်း ၄၄၀ တန်ဖိုးရှိ ဒရုန်းယာဉ်ထုတ်လုပ်ရာမှာ ကူညီပေးမယ်လို့ ဆိုလိုက်ပါတယ်။ ဒရုန်းစီမံကိန်းက စစ်မြေပြင်မှာ အသုံးချဖို့ နှစ်နိုင်ငံနည်းပညာတွေ ပူးပေါင်းလုပ်ဆောင်ကြမှာပါ။ ရင်းနှီးမြှုပ်နှံငွေတစ်ဝက်ကို နယ်သာလန်နိုင်ငံကသုံးစွဲပြီး ကျန်တစ်ဝက်ကိုတော့ ယူကရိန်းနဲ့ ကျန်နိုင်ငံတွေမှာ ခွဲဝေသုံးစွဲသွားမယ်လို့ ဆိုပါတယ်။ ရုရှားကျူးကျော်မှုစတင်ချိန်က နယ်သာလန်နိုင်ငံကနေ ယူကရိန်းကို ဒေါ်လာ ၁၁ ဘီလီယံ စစ်ရေးအထောက်အပံ့ပေးဖို့ ကတိပေးထားပြီး အခုချိန်ထိ ၄ […]


