လောင်းလုံးတွင် သန်းခေါင်စာရင်းကောက်ရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Dawei Watch
October 13, 2024လောင်းလုံးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ရန်အတွက် လုံခြုံရေး ယူနေသည့် စစ်ကောင်စီတပ် အောင်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခံရကြောင်း ဒေသခံများကပြောသည်။ ထားဝယ်-လောင်းလုံလမ်းပိုင်းရှိ အင်းဇောက်ရွာနှင့် ပဉ္စသီမော်ရွာကြားရှိ လောင်းလုံးမြို့နယ် မီးသတ်တပ်စခန်းအနီး လုံခြုံရေးချထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မနက်စောစောပိုင်းမှာ ပေါက်ကွဲသံတစ်ချက် ကြားလိုက်တယ်”ဟု ဒေသခံတစ်ဦး ကပြောသည်။ ယင်းစစ်ကောင်စီတပ်ဖွဲ့ကို ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ(F.P.F)မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ကထုတ်ပြန်ထားသည်။ ထားဝယ်မှာဆင်းလာကာ လောင်းလုံးမီးသတ်ရုံးရှေ့တွင် လမ်းကင်းယူပေးနေသည့် စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာလ ၁၁ ရက် နံနက် ၅ နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ ကြောင်း ထုတ်ပြန်ထားသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရသည်ဟု ကြားရကြောင်း ဒေသခံများကပြောသည်။ ယင်းတိုက်ခိုက်ခံရမှုအပြီးတွင် စစ်ကောင်စီတပ်က မီးသတ်ရုံးအနီးတွင်ရှိသည့် နေအိမ်ဈေးဆိုင်တစ်ဆိုင်ကို မီးရှို့ခဲ့ကြောင်း […]


