ကျွန်းစုတွင် သန်းခေါင်စာရင်းကောက်နေသည့် ပျူစောထီးအဖွဲ့များကို ပကဖ တိုက်ခိုက်
Dawei Watch
October 16, 2024ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ရွာတွင် သန်းခေါင်စာရင်းကောက်ရန်လာသည့်အဖွဲ့အား လုံခြုံရေးယူပေးသည့် ပျူစောထီးအဖွဲ့ ၏ စခန်းကုန်းကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ ကြောင်း အောက်တိုဘာလ ၁၅ ရက်က သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၁၄ရက်နှင့် ၁၅ရက်တို့တွင် နှစ်ရက်ကြာ သန်းခေါင်စာရင်းကောက်ရန်လာသည့် အဖွဲ့ရှိနေစဉ် အောက်တိုဘာလ ၁၄ ရက် (ပထမရက် သန်းခေါင်စာရင်းကောက်ယူပြီးည) ည ၉ နာရီတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းစုပကဖထံမှ သိရသည်။ “ပျူတွေကတော့ လုံခြုံရေးလည်း ယူပေးတယ်။ သန်းခေါင်စာရင်းကောက်နေတာလည်းရှိတယ်။ တိုက်တာကတော့ ကျွန်တော်တို့ ဝင်တိုက်တာပါ” ဟု ကျွန်းစု ပကဖ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ငမန်းက ပြောသည်။ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ပျူစောထီးစခန်းကုန်းဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၅ […]


