ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပင်လည်ဘူးမြို့ကို သိမ်းယူထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းပကဖ ထုတ်ပြန်

Dawei Watch

October 9, 2024

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချပြီး ထွက်ခွာသွားသဖြင့် မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ အောက်တိုဘာလ ၉ရက်တွင် ထုတ်ပြန်သည်။ ပင်လည်ဘူးမြို့ကို ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်တွင် ပဉ္စမအကြိမ်မြောက်အဖြစ် စတင်တိုက်ခိုက်ခဲ့ပြီး ၅၃ ရက်အကြာ အောက်တိုဘာလ ၈ရက်တွင် မြို့ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အောက်တိုဘာလ ၇ရက်ညတွင် ရဲစခန်းနှင့် ပင်လည်ဘူးသို့ စစ်ကူရောက်ရှိနေသည့် ဘဏ်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် ဒဏ်ရာရရှိသူများသလို မိသားစုဝင်များတွင်လည်း ရိက္ခာပြတ်လပ်ခြင်းတို့ကြောင့် လက်နက်ချထွက်ခွာခွင့် တောင်းခံခဲ့ကြောင်း စစ်ကိုင်းတိုင်း ပကဖက ထုတ်ပြန်သည်။ ယင်းသို့တောင်းခံမှုကို ခွင့်ပြုလိုက်သဖြင့် အောက်တိုဘာလ ၈ရက် နံနက်ပိုင်းတွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ဆိုသည်။ လက်နက်ချသူများကို ဝန်းသိုမြို့သို့ […]

ဘန်လောရွာကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သဖြင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Dawei Watch

October 9, 2024

စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ် ဘန်လောကျေးရွာကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သဖြင့် ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၈ ရက်‌ နေ့လယ် ၁၂နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က အနောက်ဘန်လောကို ဒရုန်းဖြင့်ဗုံး ၁၀လုံးကြဲချတိုက်ခိုက်ခဲ့သလို အရှေ့ဘန်လောရွာထဲကိုလည်း ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် အနောက်ဘန်လောဒေသခံ အသက် ၅၀အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “အဲဒီအဖွားက အိမ်မှာနေရင်း ဒရုန်းဗုံးသီးအစ လာထိသွားတာပါ။ ရှပ်ထိတာမျိုးဆိုတော့ ဒဏ်ရာက မစိုးရိမ်ရဘူး” ဟု ၎င်းက ပြောဆိုသည်။ ဗုံးချတိုက်ခိုက်မှုကြောင့် အခြားထိခိုက်ပျက်စီးမှုမရှိကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။ အဆိုပါဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်းကိုညောင်ပင်ကွင်းအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းနှင့် အရှေ့ဘန်လောရွာ ကြားရှိ ကျောက်ပုံတောင်စခန်းက […]

ကံပေါက်တိုက်နယ် ကျေးရွာအချို့တွင် ရော်ဘာခြစ်လုပ်သားများနှင့် စစ်ရှောင်များ ထောက်ခံစာလုပ်ရ

Dawei Watch

October 9, 2024

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖောင်းတောနှင့် သဲချောင်းကျေးရွာအုပ်စုများ၌ ယခုနှစ်ပွင့်လင်းရာသီတွင် အလုပ်လုပ်မည့် ရော်ဘာခြစ်လုပ်သားများ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများထံတွင် ထောက်ခံစာပြုလုပ်ရကြောင်း ဥယျာဥ်ခြံရှင်များထံမှ သိရသည်။ ဥယျာဥ်ခြံပိုင်ရှင်နှင့် အလုပ်လုပ်မည့် ရော်ဘာခြစ်လုပ်သားများ၏ အမည် ၊ မှတ်ပုံတင်အမှတ်နှင့် ဓာတ်ပုံ စသည့် အချက်အလက်များကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထံပေး၍ ထောက်ခံစာ တစ်ချပ်ပြုလုပ်လျှင် ကျပ်နှစ်သောင်း ပေးရကြောင်း ၎င်းတို့က ဆိုသည်။ “သူတို့လာစစ်တဲ့အခါ ပြလို့ရအောင် ထောက်ခံစာလုပ်ခိုင်းတယ်။ ပြီးတော့ ဂိတ်တွေဖြတ်တဲ့အခါ စစ်ဆေးရင်ပြလို့ရအောင် လုပ်ခိုင်းတယ်။ အရင်က ဘာထောက်ခံစာမှ လုပ်ရတာမရှိခဲ့ဘူး” ဟု ဖောင်းတောရွာက ရော်ဘာခြံရှင်တစ်ဦးက ပြောသည်။ ကံပေါက်တိုက်နယ်ရှိ ဥယျာဥ်ခြံအများစုသည် ရော်ဘာခြံများဖြစ်ကြပြီး ရော်ဘာခြစ်ရာတွင် ကိုယ်တိုင်ခြစ်သည့် ခြံများရှိသလို အခြားဒေသမှ အလုပ်သမားများကို ခြစ်ခိုင်းသည့် ခြံများလည်းရှိသည်။ ရော်ဘာခြစ်လုပ်သားများအပြင် ဇာဒီကျေးရွာအုပ်စုဘက်မှ ဖောင်းတောရွာဘက်သို့ စစ်ဘေးရှောင်လာသည့် […]

ထားဝယ်အရှေ့တောဒေသတွင် အမျိုးသားသုံးဦးကို KTLA သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်

Dawei Watch

October 9, 2024

ထားဝယ်အရှေ့တောဒေသတွင် ကော်သူးလေတပ် KTLA က သတ်ဖြတ်ထားသည့် အမျိုးသားသုံးဦး၏ ရုပ်အလောင်းကို အောက်တိုဘာလ ၈ ရက်က တွေ့ရှိကြောင်း ဒေသခံတို့က ပြောသည်။ အသတ်ခံရသူတို့မှာ ဦးဆန်နီ၊ ကိုသန်းကြွယ်၊ ဦးမြင့်လွင်တို့ဖြစ်ကြပြီး ထားဝယ်မြို့ဘက်မှ ပကာရီကျေးရွာဘက်သို့ ခဲဝယ်ယူရန် ရောက်ရှိလာကြသူများဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ‌အဆိုပါအမျိုးသားသုံးဦးသည် အောက်တိုဘာလ ၂ ရက်က ထားဝယ်အရှေ့တောဒေသ ပကာရီကျေးရွာသို့ ရောက်ရှိလာပြီး ထမင်းဆိုင်တစ်ဆိုင်တွင်ရှိနေချိန် KTLA ယူနီးဖောင်ဝတ်ဆင်ထားသူ နှစ်ဆယ်ခန့်က KTLA တံဆိပ်ပါသည့် ကားနှစ်စီးဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့က ပြောဆိုသည်။ “KTLA တပ်မတစ်ခုက တပ်ရင်း ၃ က ရဲဘော်အယောက် နှစ်ဆယ်ကျော်လောက်ရှိမယ်။ ကားနှစ်စီးနဲ့လာပြီး ရွာထဲက လက်ဖက်ရည်ဆိုင်ထဲလာပြီး ယောင်္ကျားသုံးယောက်ကို ဖမ်းခေါ်သွားတယ်။ ယူနီဖောင်းမှာရော၊ ကားမှာရော […]

နိုင်ငံခြားသားအလုပ်သမားများကို တောင်ကိုးရီးယား အပြိုင်ခေါ်

Dawei Watch

October 9, 2024

အတတ်ပညာလိုအပ်ချက်နိမ့်သော အလုပ်များမှအစ သင်္ဘောကျင်းလုပ်ငန်းများအဆုံး နိုင်ငံခြားသားအလုပ်သမားများကို ပိုမိုခေါ်ယူနိုင်ရေးတွက် တောင်ကိုရီးယားနိုင်ငံက တိုးမြှင့်ကြိုးစားလာနေသည်။ ဂျပန်နှင့် ထိုင်ဝမ်တို့ကလည်း နိုင်ငံခြားသားအလုပ်သမားများကို တိုးမြှင့်ခေါ်ယူနိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးစားကြလျက် ရှိသည်။ Mitsubishi RFJ Research and Consulting ၏ အချက်အလက်များအရ ၂၀၂၂ ခုနစ်တွင် တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံခြားသားအခြေခံအလုပ်သမားများ ရရှိသော လခနှုန်းထားသည် ဂျပန်နှင့် ထိုင်ဝမ်မှာ ရရှိသော နိုင်ငံခြားသားအခြေခံအလုပ်သမားလစာထက် ပိုမြင့်သည်။ တောင်ကိုရီးယားအစိုးရသည် နိုင်ငံတကာမှ အရည်အချင်းရှိသူများကို ဆွဲဆောင်သည့်အနေဖြင့် နိုင်ငံခြားကျောင်းသားများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ အဆင့်မြင့်ဘွဲ့လက်မှတ်ကိုင်ဆောင်ထားသူများအား ယခင်ကထက် ပိုမိုတံခါးဖွင့်ပေးလာနေသည်။ နိုင်ငံခြားသားအခြေခံအလုပ်သမားများကို ရည်ရွယ်သည့် တောင်ကိုရီးယားအစိုးရ၏ Employment Permit System (အလုပ်လုပ်ခွင့်ပြုသည့်စနစ်)အရ နှစ်စဉ်ခေါ်ယူနိုင်သည့် နိုင်ငံခြားသားအလုပ်သမားအရေအတွက်ကို တိုးမြှင့်လိုက်သည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံခြားသားအခြေခံအလုပ်သမား ၅၀,၀၀၀ […]

မဟာချိုင်တွင် မြန်မာထုတ်ပစ္စည်းများ တရားမဝင်တင်သွင်းရောင်းနေသော ဆိုင်နှစ်ဆိုင် ဖမ်းဆီးခံရ

Dawei Watch

October 9, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် မြန်မာနိုင်ငံထုတ် ပစ္စည်းများကို တရားမဝင်တင်သွင်းရောင်းချနေသော ဈေးဆိုင်နှစ်ဆိုင်ကို အောက်တိုဘာလ ၇ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်ထားပြီး ထိုင်းနိုင်ငံသို့ မှောင်ခိုတင်သွင်းထားသော ပစ္စည်းပေါင်း ၁၆၀၀၀ ကျော်ကို ဆိုင်နှစ်ဆိုင် ထဲက သိမ်းဆည်းရမိထားကြောင်း ထိုင်း FDA (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာန) ၏ ထုတ်ပြန်ထားသည်။ သိမ်းဆည်းရမိသော ပစ္စည်းများတွင် အစားအသောက်များ၊ ဆေးဝါးများ၊ အလှကုန်ပစ္စည်းများနှင့် အခြားပစ္စည်းများစွာ ပါဝင်နေပြီး အားလုံးသည် မှောင်ခိုတင်သွင်းထားပြီး တရားဝင် မှတ်ပုံတင်ခြင်း မရှိထားကြောင်း ဆိုသည်။ ဝင်ရောက်ဖမ်းဆီးခဲ့သော ဆိုင်များမှာ ဂျိမ်း အမည်ရ ဆိုင်နှင့် ပရာမူကန်ခ အမည်ရဆိုင်တို့ဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါဆိုင်နှစ်ဆိုင်မှာ မြန်မာနိုင်ငံသားများ ရောင်းချနေသည့်ဆိုင် […]

ကန်ချနဘူရီ ရွှေဆိုင်တွင် ဆွဲကြိုးလုယက်သူ မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

October 8, 2024

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ရွှေဆိုင်ထဲဝင်၍ ဆွဲကြိုးလုသွားသော မြန်မာနိုင်ငံသားတစ်ဦးကို ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖမ်းဆီးခံရသူသည် အသက် ၂၈ နှစ်အရွယ် စိုးနိုင်အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး စလဘူရီခရိုင်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ ယနေ့နံနက်က ကန်ချနဘူရီမြို့ ဥထောင်းလမ်းတွင် ဖွင့်လှစ်ထားသော ရွှေဆိုင်ထဲသို့ ဝင်လာပြီးနောက် ရွှေ ၁ ဘတ်သားအလေးချိန်ရှိ ရွှေဆွဲကြိုးနှစ်ကုံး (ဘတ် ၇ သောင်းခန့်တန်ဖိုးရှိ) ကို လုပြေးသွားခဲ့ခြင်းဖြစ်သည်။ ရွှေဆိုင်ဝန်ထမ်းများက လိုက်လံတားဆီးခဲ့သော်လည်း မြန်မာနိုင်ငံသားက အပြင်ထွက်ပြေးခဲ့ပြီး ပါလာသော ဆိုင်ကယ်ဖြင့် ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်း ဝန်ထမ်းများ၏ ဖြေကြားချက်ကို ဖော်ပြထားသည်။ ရွှေဆိုင်ပိုင်ရှင်က အပြင်ထွက်လာပြီးလိုက်ဖမ်းရာ ဆိုင်ကယ်မှောက်သွားသော်လည်း ဆိုင်ကယ်ကို ချန်ခဲ့၍ ထွက်ပြေးသွားခဲ့သည်။ ရွှေဆိုင်ပိုင်ရှင်က ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သဖြင့် […]

ထားဝယ်တွင် ဝက်သားတစ်ပိဿာ နှစ်သောင်းရှစ်ထောင်ကျပ်ဖြင့်ရောင်းရန် စည်ပင်နှင့် ဝက်သားဒိုင်သဘောတူ

Dawei Watch

October 8, 2024

ထားဝယ်တွင် ဝက်သားတစ်ပိဿာလျှင် နှစ်သောင်းရှစ်ထောင်ကျပ်ဖြင့် ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဝက်သားဒိုင်တို့ သဘောတူလိုက်ကြောင်း ထားဝယ်ခရိုင်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လွင်က ပြောသည်။ စက်တင်ဘာလတွင် ဝက်သားတစ်ပိဿာလျှင် ၃၂၀၀၀ ကျပ်ဖြစ်လာသဖြင့် ကုန်ဈေးနှုန်းကျဆင်းရေးကော်မတီနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဝက်ဒိုင်နှင့် ဝက်သားရောင်းသူများကို တစ်ပိဿာလျှင် နှစ်သောင်းခွဲကျပ်ဖြင့်သာ ရောင်းချရန် ပြောဆိုခဲ့သည်။ နှစ်သောင်းခွဲထက် ပိုမိုစျေးတင်ရောင်းချလျှင် ဖမ်းဆီးမည်ဆိုသဖြင့် လေလံအောင်ထားသည့် ဝက်ဒိုင်များက အောက်တိုဘာ ၂ ရက်မှ ၄ ရက်အထိ အရောင်းရပ်ဆိုင်းခဲ့ကြောင်း ဝက်သားဒိုင်လုပ်ငန်းလုပ်ကိုင်သူနှင့် ဝက်သားရောင်းချသူတို့က ဆိုသည်။ ယင်းကြောင့် ထားဝယ် ကမ်းနားဈေး၊ စည်ပင်သာယာဈေးကြီး အပါအဝင် ထားဝယ်ဈေးကွက်တွင် သုံးရက်တိတိ ဝက်သား ပြတ်လပ်သွားကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဝက်သားဒိုင်လုပ်ငန်း လုပ်ကိုင်သူတို့ကို အောက်တိုဘာ ၅ […]