တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
Dawei Watch
October 18, 2024ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ သီရိလင်္ကာတွင် အွန်လိုင်းရာဇဝတ်မှုနှင့် ပက်သက်၍ တရုတ် ၂၃၀ ကျော် ဖမ်းဆီးခံရ သီရိလင်္ကာနိုင်ငံမှာ အွန်လိုင်း ရာဇဝတ်မှုတွေနဲ့ ပက်သက်လို့ တရုတ်နိုင်ငံသား ၂၃၀ ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ထဲကနေ နေရာ လေးနေရာကို ဝင်ရောက် စီးနင်းရှာဖွေပြီး ဖမ်းဆီးခဲ့တာပါ။ တစ်နေရာတည်းမှာတင် ၁၂၉ ဦး ဖမ်းဆီးခံရတာပါ။ နောက်ထပ် နေရာမှာ တွေ့ရှိခဲ့တဲ့ မိုဘိုင်းဖုန်း ၅၀၀ လုံးနဲ့ ကွန်ပြူတာ ၂၅၀ ကျော်ကိုလည်း သိမ်းဆည်းခဲ့ပါသေးတယ်။ သူတို့တွေက […]


