ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို AA သိမ်းယူ
Dawei Watch
February 23, 2024ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မိုင် ၂၀ကျော်သာဝေးသည့် ပုဏ္ဏားကျွန်းမြို့ ရှိ မြို့မရဲစခန်းကို ဖေဖော်ဝါရီလ ၂၂ ရက်တွင် သိမ်းယူနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ပုဏ္ဏားကျွန်းမြို့သည် ရန်ကုန်- စစ်တွေ ကားလမ်းမပေါ်တွင် တည်ရှိပြီး စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၅၀ တပ်ရင်း တစ်ခုရှိသည့် မြို့ဖြစ်သည်။ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များရှိ လက်နက်မချသည့် စစ်ကောင်စီတပ်၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဖော်ပြသည်။ ဖေဖော်ဝါရီလ ၂၂ ရက်တွင် မင်းပြားမြို့ ကမ်းနီးရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်း ဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ငါးရက်မြောက်အဖြစ် ဆက်လက်တိုက်ခိုက်နေကြောင်းလည်း AA […]


