ထားဝယ်မြို့သစ်တွင် ဒရုန်းရှာသည်ဟုဆိုပြီး စစ်ကောင်စီတပ်က နေအိမ်များကိုဝင်စစ်
Dawei Watch
September 30, 2024ထားဝယ်မြို့ သစ် (၃) လမ်းနှင့် (၈) လမ်းတို့တွင် စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့က စစ်ကောင်စီ တပ်သားများ နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၂၈ ရက်ည ၇ နာရီတွင် မြို့သစ် (၃) လမ်းရှိ လမ်းသွယ် ၂ ခုတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် DC ကား ဆယ်စီးရောက်ရှိကာ ရပ်ကွက်အတွင်း တစ်ညလုံး ကင်းလှည့်နေကြောင်း မျက်မြင်တွေ့ရှိရသူတစ်ဦးက ဆိုသည်။ “ရပ်ကွက်ထဲလှည့်သွားနေတယ်၊ ဟိုတစ်စု ဒီတစ်စုနဲ့။ လမ်းမှာလည်း လမ်းသွားလမ်းလာတွေကို (စစ်ကောင်စီ တပ်သားတွေက) မေးသေးတယ်။ ဒရုန်းပျံသွားတာမြင်လား၊ ဒရုန်းက ဒီ (၃) လမ်းနားမှာ ပျောက်သွားတာ၊ တွေ့ရင် ပြောပေးလို့ ပြောတယ်” ဟု […]


