ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်မြို့ က တရုတ်ဘိုးဘိုး စောစီကုန်း လှည့်လည်ပွဲ

Dawei Watch

November 14, 2025

ထားဝယ်မြို့တွင် ယနေ့ (နိုဝင်ဘာ ၁၄) နံနက်ပိုင်းက တရုတ်ဘိုးဘိုး စောစီကုန်း မြို့တွင်းလှည့်လည်ပူဇော်ပွဲကို ကျင်းပခဲ့သည်။ ဝဲကျွန်းရပ်ကွက်ရှိ ဟုတ်ဂွမ်တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းမှ စတင်ထွက်ခွာပြီး ဥတ္တံတားကြီးလမ်းဆုံ၊ ရဲရိပ်သာလမ်းဆုံ၊ လမ်းဆုံကြီး၊ ကမ်းနားစျေးလမ်းဆုံများ အတိုင်းလှည့်လည်၍ ဇရစ်ရပ်ကွက် ရှိ ကျမ်းတိတ်တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းတွင် နိုဝင်ဘာလ ၁၅ ရက်အထိ အပူဇော်ခံမည်ဖြစ်သည်။ နိုဝင်ဘာလ ၁၆ ရက်တွင် ကျမ်းတိတ်ဘုရားကျောင်း မှ ပြန်ထွက်ခွာ၍ ညောင်ပင်ကြီးလမ်းဆုံ၊ တောင်ခွလမ်းဆုံ၊ လမ်းဆုံကြီး၊ မြိတ်တန်းလမ်းဆုံ၊ ဥတ္တံတားကြီးလမ်းဆုံ၊ ကညနလမ်းဆုံများအတိုင်း ပြန်လှည့်လည်၍ ဟုတ်ဂွမ်ဘုရားကျောင်းသို့ ပြန်ပင့်ဆောင်မည်ဖြစ်သည်။ စောစီကုန်း လှည့်လည်ပူဇော်ခံပွဲကို နှစ်စဥ်လှည့်လည်ကျင်းပခြင်းမျိုးမဟုတ်ဘဲ အလျဥ်းသင့်သလို ကျင်းပခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် နောက်ဆုံး ကျင်းပခဲ့ကာ ခုနစ်နှစ်ကြာမှ ယခုတဖန်ပြန်ကျင်းပခြင်းဖြစ်သည်။ ထားဝယ်ဒေသတွင် စောစီကုန်း တရုတ် ဘိုးဘိုး ကို […]

ထိုင်းတွင် ပြည်ဝင်ခွင့်ဗီဇာများ ပိုမိုတင်းကျပ်မည်ဟုထုတ်ပြန်

Dawei Watch

November 14, 2025

ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားသားခရီးသွားများကို ပိုမိုတင်းကျပ်မည့် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ စည်းမျဉ်းများကို အသစ်ချမှတ်လိုက်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ယင်းစည်းမျဉ်းအသစ်တွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားသား ခရီးသွားများအား အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ခရီးသွားဗီဇာ နှစ်ကြိမ်အထက် အသုံးပြုပြီး ဝင်ရောက်လာပါက ပြည်ဝင်ခွင့် ပိတ်ပင်သွားမည့် အစီအစဉ်လည်းပါဝင်သည်။ ပြည်ဝင်ခွင့်ဗီဇာများကို အကြိမ်ကြိမ် အလွဲသုံးစားလုပ်ပြီး ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်နေသော အွန်လိုင်းရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ လိုင်စင်မဲ့ စီးပွားရေးလုပ်ကိုင်မှုများကဲ့သို့သော တရားမဝင် လုပ်ငန်းများကို နိုင်ငံအတွင်း လာရောက်လုပ်ကိုင်နေကြသဖြင့် နေထိုင်ခွင့်ဗီဇာများကို တင်းကျပ်လိုက်ခြင်းဖြစ်ကြောင်း လဝကရဲမှူးကြီးက ပြောသည်။ ပြီးခဲ့သော နိုဝင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့သည့် လဝကဆိုင်ရာ အရေးပေါ်အစည်းအဝေးတွင် ခရီးသွားဗီဇာများကို အလွဲသုံးစားပြုလုပ်၍ နိုင်ငံခြားသားများ တရားမဝင် လုပ်ငန်းလုပ်ကိုင်နေမှုကို ကာကွယ်နိုင်ရန် စည်းမျဉ်းအသစ် […]

အစ္စလာမာဘတ်က အသေခံဗုံးခွဲမှုအတွက် အာဖဂန်ကို ပါကစ္စတန် စွပ်စွဲအပြစ်တင်

Dawei Watch

November 14, 2025

ပါကစ္စတန်နိုင်ငံ ၊ မြို့တော်အစ္စလာမာဘတ်၌ ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲတိုက်ခိုက်မှုအတွက် အာဖဂန်နစ္စတန်နိုင်ငံသားများကို ပါကစ္စတန်အစိုးရက နိုဝင်ဘာလ ၁၃ ရက်တွင် စွပ်စွဲအပြစ်တင်လိုက်သည်။ အင်္ဂါနေ့က အစ္စလာမာဘတ်မြို့ ၊ ခရိုင်တရားရုံးအပြင်ဘက်၌ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့သူမှာ အာဖဂန်နစ္စတန်နိုင်ငံမှဖြစ်ကြောင်း ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးက အထက်လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။ “အစ္စလာမာဘတ်က ဖောက်ခွဲတိုက်ခိုက်မှုမှာ ကျူးလွန်သူတွေကို ကျွန်တော်တို့ ခြေရာခံမိပါပြီ။ အသေခံ ဗုံးခွဲသမားဟာ အာဖဂန်နစ္စတန်ကပါ” ဟု ၎င်းက သက်သေအထောက်အထား တစ်စုံတစ်ရာ မပေးဘဲ ပြောကြားခဲ့သည်။ ပါကစ္စတန်အစိုးရအနေဖြင့် အာဖဂန်နစ္စတန်နှင့် ပတ်သက်၍ မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို မေးမြန်းသောအခါ “ဘာလုပ်ရမယ်ဆိုတာကို အစိုးရအဆင့်မှာ ဆုံးဖြတ်သွားမှာပါ” ဟု အဆိုပါ ဝန်ကြီးက သတင်းထောက်များကို ပြောကြားခဲ့သည်။ အင်္ဂါနေ့က တိုက်ခိုက်မှုသည် အစ္စလာမာဘတ်မြို့၌ သုံးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ပြန်လည်ပေါ်ပေါက်လာသည့် […]

မောတောင်နယ်စပ်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်၊ စစ်အာဏာရှင် ဘက်တော်သားများ ထိုင်းထွက်ပြေး

Dawei Watch

November 14, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ကို တော်လှန်ရေးတပ်များက ယနေ့(နိုဝင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်အချို့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်၊ မောတောင်မြို့အဝင်ရှိ စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှစကာ စတင်တိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုအချိန်မှစကာ တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး ၄ ရက်မြောက်နေ့တွင် မောတောင်မြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူးရဲဘော်စတားကလည်း မောတောင်မြို့ရှိ စစ်အာဏာရှင်တပ်စခန်းအားလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အတည်ပြုသည်။ “ရပြီလို့ ပြောနိုင်တယ်။နယ်မြေရှင်းလင်းနေတုန်းပါ”ဟု ရဲဘော်စတားက ပြောသည်။ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်က လေကြောင်းက အပြင်းအထန်ဗုံးကြဲ တိုက်ခိုက်သည့်အပြင် လက်နက်ကြီးဖြင့်လည်း မကြာခဏပစ်ခတ်ခဲ့သည်။ နိုဝင်ဘာလ ၁၂ရက်နှင့် ၁၄ ရက်နေ့အထိ စစ်အာဏာရှင်တပ်ဘက်က နေ့ဘက်ရော […]

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို BBC တောင်းပန်

Dawei Watch

November 14, 2025

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မိန့်ခွန်းအား အကြမ်းဖက်ရန် လှုံ့ဆော်သည့်ပုံဖြစ်စေသည့် တည်းဖြတ်ပေါင်းစပ်ခဲ့မှုအတွက် BBC သတင်းဌာနဘက်က ထရမ့်အား နိုဝင်ဘာလ ၁၃ ရက်တွင် တောင်းပန်လိုက်သည်။ BBC သတင်းဌာနအား တရားစွဲမည်ဟု ထရမ့်၏ ခြိမ်းခြောက်မှုကို ရှောင်ရှားနိုင်ရန် ယင်းသို့ တောင်းပန်လိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။ BBC က ၎င်းအား အသရေဖျက်ရန် ကြိုးစားခဲ့သည်ဆိုသည့် ထရမ့်၏ ပြောဆိုမှုများကိုမူ BBC သတင်းဌာနက ပယ်ချခဲ့သည်။ မိန့်ခွန်းတည်းဖြတ်မှု အမှားအယွင်းအတွက် ဝမ်းနည်းကြောင်း ဖော်ပြသည့် ပုဂ္ဂိုလ်ရေးပေးစာတစ်စောင်ကို BBC ဥက္ကဋ္ဌ Samir Shah က အိမ်ဖြူတော်သို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ Panorama အစီအစဥ်ကို BBC ၏ ပလက်ဖောင်းတစ်ခုခုမှ ပြန်လည်ထုတ်လွှင့်ပြသရန် အစီအစဥ်မရှိကြောင်းလည်း BBC […]

မောတောင်မှ စစ်အာဏာရှင်တပ်သားများ ထိုင်းဘက်ထွက်ပြေး၊ တော်လှန်ရေးတပ်ထံ အညံ့ခံသူများလည်းရှိ

Dawei Watch

November 14, 2025

တိုက်ပွဲပြင်းထန်နေသည့် ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့မှ စစ်အာဏာရှင်တပ်သား နှစ်ဆယ် ဝန်းကျင် လက်နက်နှင့်အတူ ပြည်ပသို့ထွက်ပြေးခဲ့ကြပြီး အချို့မှာ တော်လှန်ရေးတပ်ထံ အညံ့ခံလာကြောင်း သိရသည်။ နိုဝင်ဘာလ ၁၄ ရက် နံနက် ၃ နာရီ ဝန်းကျင်တွင် စစ်အာဏာရှင်တပ်သား ၂၀ ဝန်းကျင် လက်နက်နှင့်အတူ ထွက်ပြေးလာပြီး ထိုင်းစစ်သားများထံ လက်နက်အပ်နေသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိခဲ့သော စစ်ရှောင်တစ်ဦးကဆိုသည်။ “ကြက်တွန်ကြီး(နံနက် ၄ နာရီခန့်က) ကားနဲ့လက်နက်တိုက်လာပြီး ထိုင်းစစ်သားနားကို လက်နက်တွေ လာအပ်နေတာ တွေ့ရတယ်။ အင်အားကတော့ ၂၀ ဝန်းကျင်လောက်ရှိတယ်။ နယ်စပ်မှာ ရှောင်နေတဲ့ စစ်ရှောင်တွေနားလာပြီး အပ်နေတာတွေ့ရတယ်”ဟု အထက်ပါ စစ်ရှောင်က ပြောသည်။ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး တော်လှန်ရေးတပ်များ အားသာနေသဖြင့် စစ်အာဏာရှင်တပ်က လက်နက်ကြီးနှင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း၊ ယနေ့ […]

ထိုင်းတွင် မွန်းလွဲပိုင်း အရက်ရောင်းချခွင့် ပြန်ခွင့်ပြုမည်

Dawei Watch

November 13, 2025

ထိုင်းနိုင်ငံတွင် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီကြား အရက်ရောင်းချခွင့်ကို ကန့်သတ်ထားသည်ကို ပြန်လည် ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံတွင် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအတွင်း အရက်ရောင်းချမှုကို ပိတ်ပင်ထားသော ဥပ‌ဒေကို ဖျက်သိမ်းမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၃ ရက်က ပြုလုပ်သော အရက်နှင့် အဖျော်ယာမကာ ကိစ္စနှင့် သက်ဆိုင်သည့် အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ် Mr. Sophon Sarum က ပြောသည်။ လာမည့် ပွဲတော်လများအတွက် ခရီးသွားကဏ္ဍကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ အရက်ရောင်းချခွင့်ကို အချိန်ထပ်တိုးခွင့်ပြုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယခင်က အရက်ရောင်းချခွင့်ကို နံနက် ၁၁ နာရီမှ မွန်းလွဲ […]

သရက်ချောင်းမြို့နယ် သိမ်ကုန်းနှင့် ကတွဲရွာက အရပ်သားနေအိမ်များ မီးရှို့ခံရ

Dawei Watch

November 13, 2025

သရက်ချောင်းမြို့နယ် အောက်ဘက်ကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်က သိမ်ကုန်းရွာနှင့် ကတွဲရွာတို့မှ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ နိုဝင်ဘာလ ၁၂ နေ့တွင် သိမ်ကုန်းရွာနှင့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကတွဲရွာတို့မှ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ပြီး နေအိမ်ပျက်စီးမှု အသေးစိတ်ကိုမူ မသိရသေးပေ။ “ကတွဲမှတော့ အိမ်တစ်လုံးပဲသိတယ်၊ သိမ်ကုန်းမှာတော့ အတိအကျမသိဘူး၊ သုံးဆောင်လောက်တော့ မှန်းတယ်” ဟု သရက်ချောင်းမြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။ အောက်တိုဘာ ၂၃ ရက်ကလည်း သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်က လဘရွာက အရပ်သားနေအိမ် ၃၉ လုံးကို စစ်အာဏာရှင်တပ်စစ်ကြောင်း မီးရှို့ဖျက်ဆီးခဲ့ပြီး နိုဝင်ဘာ ၉ ရက်နေ့တွင်လည်း ချောက်ချောင်းရွာက အရပ်သားနေအိမ် ၄၀ ကျော်(ခန့်မှန်း) ကို မီးရှို့ဖျက်ဆီးခဲ့သည်။ မီးရှို့ခံရသည့် […]