လုံခြုံရေး စိုးရိမ်ရသဖြင့် ရေဖြူ၊ ဇာဒီအုပ်စုမှ ရော်ဘာခြံများ ပစ်ထားရ
Dawei Watch
December 12, 2024ယခုနှစ်ပွင့်လင်းရာသီ ရော်ဘာလုပ်ငန်းစချိန်တွင် လုံခြုံရေးစိုးရိမ်ရ၍ ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ် ဇာဒီကျေးရွာအုပ်စုရှိ ရော်ဘာခြံအများစုကို မလုပ်ဘဲ ပစ်ထားရကြောင်း ရော်ဘာခြံရှင်များထံက သိရသည် ။ စစ်ကောင်စီတပ် တပ်စွဲထားသည့် ပယရွာ ရှားကုန်းနှင့် ဇာဒီရွာအကြားရှိ ရော်ဘာခြံများကို လုံခြုံရေးစိတ်မချသဖြင့် မလုပ်ကိုင်ရဲကြကြောင်း ဇာဒီရွာက ရော်ဘာတောင်သူတစ်ဦးကပြောသည် ။ “ဇာဒီရွာမှာ ရှိတဲ့ ခြံတွေရဲ့ သုံးပုံနှစ်ပုံ ဧက ၅၀ ကျော် လောက်ပစ်ထားရတယ်။ ကျန်တဲ့ရွာ အနောက်ကုန်းဘက်မှာ နည်းနည်းပါးပါး ပြန်လုပ်တဲ့သူတော့ရှိတယ်။ ခြံအကြီးတွေအကုန် ပစ်ထားရတယ်” ဟု ၎င်းကပြောသည်။ ယင်းရော်ဘာခြံနေရာများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှစ်ဘက်ပစ်ခတ်မှု ဖြစ်လေ့ရှိပြီး စစ်ကောင်စီတပ်သားများကလည်း မကြာခဏ လာရောက်ကင်းလှည့်နေသဖြင့် လုံခြုံရေး စိတ်မချရဟု ရော်ဘာတောင်သူများကဆိုသည် ။ ယင်းအပြင် ဇာဒီရွာမှ ကံပေါက်ရွာဘက်သို့ တက်လျှင် […]


