ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်မြို့တွင် လှည့်လည်မည့် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဘုရားငါးဆူကွင်း၌  အပူဇော်ခံ

Dawei Watch

November 13, 2024

မြိတ်မြို့တွင် တန်ဆောင်မုန်းလပြည့်(နိုဝင်ဘာ ၁၅)ညတွင် လှည့်လည်မည့် နှစ်ကျိပ်ရှစ်ဆူဘုရားများကို ဘုရားငါးဆူကွင်းအတွင်း အပူဇော်ခံထားရှိပြီး ယခုနှစ်တွင် မြို့တွင်းလှည့်လည်မည်ဟု ဦးဆောင်ကျင်းပသည့် မြိတ်မြို့ ၊ ဗုဒ္ဓဘာသာအသင်းကြီး ထံကသိရသည် ။ ဘုရားပူဇော်ခံထားသည့်နေရာတွင် ဇာတ်ပွဲ ၊ မုန့်စျေးတန်းများ စီစဥ်ထားပြီး ပွဲတော်ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နှင့် အရန်မီးသတ်များအပြင် ပျူစောထီးများလည်း နေရာယူထားသည်ကို တွေ့ရကြောင်း မြို့ခံဘုရားဖူးများကဆိုသည်။ စစ်ကောင်စီက မြိတ်မြို့တွင် ညမထွက်မရအမိန့်နှင့်ပတ်သက်၍ ရုပ်သိမ်းကြောင်း ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း ယခုနှစ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတွင် ဇာတ်ပွဲကို နံနက်အာရုဏ်တက်အထိ ကပြဖျော်ဖြေခွင့်ပြုထားသည်ဟု မြို့ခံများထံကသိရသည်။ နှစ်ကျိပ်ရှစ်ဆူ ဘူရားများကို မြို့တွင်းမလှည့်လည်မီ နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ ဘုရားငါးဆူကွင်း၌ အပူဖော်ခံထားမည်ဖြစ်သည်။ ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် ကျင်းပခြင်း မရှိသည့် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို […]

လုပ်သားရှားပါးမှုနှင့် ဆားအဝယ်နည်းလာသဖြင့် ထားဝယ်ခရိုင်က ဆားလုပ်ငန်းများ အခက်ကြုံ

Dawei Watch

November 13, 2024

အလုပ်သမားခေါ်ယူ၍ မရခြင်းနှင့် ဆားအရောင်းအဝယ်နည်းလာသဖြင့် ထားဝယ်ခရိုင်က ဆားလုပ်ငန်းများ အခက်အခဲ ကြုံနေရကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ စားဝတ်နေရေးကျပ်တည်းမှု၊ အဓမ္မစစ်မှုထမ်းခေါ်မှု စသည်တို့ကြောင့် လူငယ်များ ပြည်ပနိုင်ငံများသို့ ထွက်ခွာကြသဖြင့် ဆားလုပ်ငန်းအတွက် အလုပ်သမားရှားပါးလာကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူတို့က ဆိုသည်။ ဆားကွင်းဧက နှစ်ရာကျော်ကို အလုပ်သမား ၇၀ ဦးခန့်ဖြင့်လည်ပတ်နေသော်လည်း ယခုနှစ်တွင် အလုပ်သမား ၃၅ ဦးသာ ခေါ်ယူ၍ရကြောင်း ထားဝယ်မြို့မှ ရွှေပြည်သားဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။ “အဓိကတော့ ယိုးဒယားကို သွားကုန်တာပေါ့။ ဒီစစ်မှုထမ်းဥပဒေနဲ့ အကုန်လုံးက ရှောင်တာပေါ့။ ယိုးဒယားမှာ ပိုပြီးတော့လည်း အဆင်ပြေတယ်ဆိုတော့” ဟု ဦးသန်းဝင်းက ပြောသည်။ ယခင်က ဆားကွင်းဧက နှစ်ရာကျော်က ဆားပိဿာချိန် ၂၅ သိန်းမှ သိန်း ၃၀ ခန့်ထုတ်နိုင်ခဲ့ပြီး ယခုနှစ်တွင် […]

တရုတ်အပေါ် သဘောထားတင်းမာသည့် ဆီးနိတ်အမတ် ကန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာဖွယ်ရှိ

Dawei Watch

November 13, 2024

အမေရိကန် အရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်သည် ဆီးနိတ်အမတ် မာကိုရူဘီယိုအား ၎င်းအစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ််ဖို့ ရှိနေကြောင်း ထရမ့်နှင့် နီးစပ်သည့် ပုဂ္ဂိုလ်များကို ကိုးကား၍ The New York Times က  တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရတော့မည့် ဒေါ်နယ်ထရမ့်သည်၎င်း၏ နိုင်ငံခြားရေးမူဝါဒကို ပြင်ဆင်လျက်ရှိပြီး အမျိုးသားလုံခြုံရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး အလျှင်အမြန် ကြိုးပမ်းလျက်ရှိသည်။ ထရမ့်အနေဖြင့် ဆုံးဖြတ်ချက်ကို နောက်ဆုံးအချိန်အထိ ပြင်ဆင်နိုင်သေးသော်လည်း မာကိုရူဘီယိုအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်ပြီးဖြစ်ပုံပေါ်ကြောင်း အဆိုပါပုဂ္ဂိုလ်များက ပြောသည်။ မာကိုရူဘီယို နိုင်ငံခြားရေးဝန်ကြီးဖြစ်လာလျှင် အဓိကကြုံရမည့် မေးခွန်းမှာ အမေရိကန်အနေဖြင့် တရုတ်ကို ပိုဦးစားပေးကိုင်တွယ်နိုင်ရန်အတွက် အခြားနိုင်ငံများမှ ၎င်းတို့၏ ပါဝင်စွက်ဖက်မှုများကို စွန့်လွှတ်မည်လားဆိုသည့် မေးခွန်းဖြစ်သည်။ […]

ကျွန်းစုဒေသထွက် ပုစွန်ခြောက်ဈေးနှစ်ဆကျော်မြင့်တက်

Dawei Watch

November 13, 2024

ကျွန်းစုမြို့နယ်ထွက် ပုစွန်ခြောက်စျေး နှစ်ဆကျော် မြင့်တက်လာပြီး တစ်ပိဿာလျှင် ကျပ်တစ်သိန်းကျော်အထိ စျေးရှိနေကြောင်း ဒေသခံရေလုပ်သားများနှင့် ဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် လေးလခန့်က ပုစွန်ခြောက် (ရှယ်ကြီးသန့်) တစ်ပိဿာလျှင် လေးသောင်းခွဲကျပ်ဝန်းကျင် ပေါက်ဈေးရှိနေရာမှ လက်ရှိတွင် ကျပ်တစ်သိန်းကျော်အထိ ဈေးရှိလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ မြိတ်ကျွန်းစုက ထွက်သည့် ပုစွန်ခြောက်ကို ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများကို အဓိကရောင်းချနေရပြီး လက်ရှိတွင် ဝယ်လိုအားများလာသဖြင့် ဈေးတက်လာခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ်အတွင်း ပုစွန်ခြောက်ရောင်းဝယ်နေသည့် အမျိုးသမီးတစ်ဦး ဆိုသည်။ “ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အထိ ပို့ပေးတယ်။ မြိတ်ဘက်က ပုစွန်‌ခြောက်က ပိုကောင်းတယ်ဆိုပြီး မှာဖူးတဲ့သူတွေ ခဏခဏပြန်လာမှာကြတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ ပုစွန်ခြောက်ထုတ်လုပ်သည့် ဒေသများတွင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် […]

ထိုင်းတွင် မြန်မာ ၃၀ကျော် ဖမ်းဆီးခံရ

Dawei Watch

November 12, 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်နှင့် ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင်တွင် မြန်မာနိုင်ငံသား ၃၀ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများနှင့် ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တို့တွင် ဖော်ပြသည်။ ထိုင်းတွင် တရားမဝင်နေထိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အန်စာတုံးကားဖြင့် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ခုနစ်ဦးသည် ယနေ့ နိုဝင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းက ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခံရကြောင်း ဖော်ပြသည်။ ၎င်းတို့ထံမှ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်းများကို မတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း သတင်းများတွင် ရေးသားသည်။ ယနေ့တွင်ပင် ထိုင်း-မလေးရှားနယ်စပ်ဖြစ်သော စွန်ခရာခရိုင် ဟတ်ယိုင်ဒေသတွင် မြန်မာနိုင်ငံသား ၂၅ ဦးနှင့် ထိုင်းကားသမားတစ်ဦးတို့ ဖမ်းဆီးခံရကြောင်း ဆိုသည်။ ထိုင်းလဝကအဖွဲ့များက စူရတ်ဌာနီခရိုင်မှလာသော ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရာ ကားပေါ် လိုက်ပါလာသော […]

စစ်ကောင်စီတပ်စစ်ကြောင်း ထပ်ရောက်လာသဖြင့် ပုလောဒေသခံများ ထွက်ပြေးနေရ

Dawei Watch

November 12, 2024

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာကို အင်အားသုံးဆယ်ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်း ထပ်မံရောက်ရှိလာသည့် အတွက် ကျေးရွာနေပြည်သူများ ထပ်မံထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ်သည် ဇရပ်ဆိပ်ကျေးရွာအပါအဝင် ပုလောမြို့နယ် ပြည်ထောင်စုလမ်းတစ်လျှောက်ရှိ ကျေးရွာများကို နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးပြီးနောက် နိုဝင်ဘာလ ၆ ရက်နေ့တွင် ဆုတ်ခွာသွားခဲ့သည်။ ထိုသို့ ပြန်ဆုတ်သွားပြီး နိုဝင်ဘာလ ၁၁ ရက် နံနက်စောစောတွင် စစ်ကောင်စီတပ်သားများ ပလမြို့ဘက်မှ ကားဖြင့် ထပ်ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဇရပ်ဆိပ်ကျေးရွာအုပ်စုနေ ပြည်သူအများစုမှာ နိုဝင်ဘာလ ၆ ရက်တွင် စစ်ကောင်စီတပ်သားများ ဆုတ်ခွာသွားသည့် အတွက် ရွာအတွင်းပြန်လည်ဝင်ရောက်နေထိုင်ကြရာက ယခု နောက်တစ်ကြိမ်ထပ်မံထွက်ပြေးရ ခြင်းဖြစ်သည်။ “နည်းနည်းငြိမ်နေလို့ ပြန်ဝင်နေကြတာ။ (စစ်ကောင်စီတပ်) ဝင်လာတာကြိုမသိတော့ နီးရာထွက်ပြေးရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။ နိုဝင်ဘာလ ၆ […]

မိုးကြောင့် ဆားထုတ်လုပ်မှု မစတင်နိုင်သေး

Dawei Watch

November 12, 2024

မုတ်သုံဆုတ်ခွာသွားပြီဖြစ်သော်လည်း အခါလွန်မိုးကြောင့် ထားဝယ်ခရိုင်တွင် ဆားထုတ်လုပ်မှုနောက်ကျနိုင်ကြောင်း ဆားထုတ်လုပ်သည့်တောင်သူအချို့က ပြောသည်။ လက်ရှိအချိန်အထိ မိုးမပြတ်သေးသဖြင့် ဆားကွင်းပြင်ချိန်များ နောက်ကျနေကြောင်း ၎င်းတို့က ဆိုသည်။ သုံးနှစ်ဆက်တိုက် နိုဝင်ဘာလအထိ မိုးရွာနေသဖြင့် တနင်္သာရီတိုင်းက ဆားလုပ်ငန်းရှင်များ၊ လယ်သမားများ ရော်ဘာခြစ်တောင်သူများ ကုန်ထုတ်လုပ်မှုနှောင့်နှေးကြန့်ကြာပြီး ဝင်ငွေလျော့ကျကြောင်း တောင်သူများက ပြောဆိုသည်။ ဆားလုပ်ငန်းတွင် တာမံများမြေဖို့နေသည့်အဆင့်၊ ကွင်း ပြင်သည့်အဆင့်တွင်သာရှိနေသေးပြီး ဆားထုတ်လုပ်မှု ယမန်နှစ်ထက်ပင် ၁၅ ရက်ခန့် နောက်ကျနိုင်ကြောင်း ထားဝယ်မြို့ မှ နေလှန်းဆားလုပ်ငန်းရှင် ဦးသန်းဝင်းက ပြောသည်။ “အခုမှစလုပ်တာ တစ်ပတ်လောက်ပဲ ရှိသေးတယ်။ မိုးလာနေတာကြောင့်ပေါ့” ဟု ၎င်းက ပြောဆိုသည်။ သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာက မီးချက်ဆားလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကလည်း မိုးရွာနေသဖြင့် ကွင်းပြင်သည့်အဆင့်တွင်သာ ရှိနေသေးကြောင်း ဆိုသည်။ “ကွင်းပြင်နေတုန်း ရှိသေးတယ်။ အစက တာတွေမြေဖို့ […]

ထားဝယ်တွင် ကားထဲပိတ်မိနေသည့်ယာဉ်မောင်းကို ကယ်ရန်ကြိုးစားသူ ဓာတ်လိုက်

Dawei Watch

November 12, 2024

ထားဝယ်တွင် လျှပ်စစ်ဓာတ်ကြိုးဖြင့်ထိပြီး မီးလောင်နေသည့် ကားအတွင်းပိတ်မိနေသော ယာဉ်မောင်းကို ကယ်ရန်ကြိုးစားရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်ကာ ဒဏ်ရာရသွားကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ထားဝယ်မြို့နယ် သဗြေချောင်းကျေးရွာအုပ်စု၊ ပုလုကုန်းကျေးရွာတွင် ယနေ့ (နိုဝင်ဘာ ၁၂) နံနက် ၁၀ နာရီဝန်းကျင်က လက်ကွင်း၌ မြေဖို့နေသည့် မြေတင်ကားမှာ မြေသွန်ရန် ကားနောက်ပိုင်းကို မလိုက်စဉ်တွင် ဓာတ်ကြိုးဖြင့်ထိမိကာ ကားမှာလျှပ်စစ်ဓာတ်စီးနေကာ မီးလောင်နေခြင်းဖြစ်သည်။ အဆိုပါနေရာတွင် ရှိနေသော မြေတွန်းစက် မောင်းသူအမျိုးသားတစ်ဦးက ကားအတွင်းပိတ်မိနေသူကို ကယ်ဆယ်ရန်ကြိုးစားရာမှ ဓာတ်လိုက်ခဲ့ခြင်းဖြစ်ပြီး မီးလောင်ဒဏ်ရာများလည်း ရသွားကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်ကပြောသည်။ “ကားမီးလောင်နေတာကိုတွေတော့ သူကကားနောက်ဖုံးကို ပြန်ချဖို့ ကားကိုထိမိရာကနေ ဓာတ်လိုက်တယ်။ လူက လျှစ်စစ်တွန်းကန်လို့ ဆယ်ပေလောက် လွင့်ထွက်သွားတယ်သိရတယ်။ ယာဉ်မောင်းက ဖိနပ်စီးထားတာရယ်။ ကားလက်ကိုင်ကို […]