ထားဝယ်မြို့ပေါ်ပစ်ခတ်မှု အရပ်သားတစ်ဦးနှင့် စစ်ကောင်စီတပ်သားအချို့သေဆုံး
Dawei Watch
November 19, 2024ထားဝယ်မြို့ပေါ်၌ နိုဝင်ဘာလ ၁၈ရက်က နှစ်ဖက်ပစ်ခတ်မှုတွင် အရပ်သားတစ်ဦးနှင့် စစ်ကောင်စီသားအချို့ သေဆုံးကြောင်း မြို့ခံများ၏ပြောဆိုချက်နှင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၏ ထုတ်ပြန်ချက်တို့အရ သိရသည်။ ဆင်ဆိပ်ရပ်ကွက်နှင့် အိမ်ရှေ့ပြင်ရပ်ကွက်ကြား နိုဝင်ဘာ ၁၈ရက် နံနက် ၉နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သုံးဘီးယာဉ်ဖြင့် လမ်းကင်းထွက်လာစဉ် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယင်းနောက် နှစ်ဖက်ပစ်ခတ်မှု ၁၅မိနစ်ခန့်ကြာ ဖြစ်ပွားကြောင်း YPPDF က ယနေ့ နိုဝင်ဘာလ ၁၉ရက်တွင် ထုတ်ပြန်သည်။ အဆိုပါ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရကာ သေနတ်ငါးလက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း ဖော်ပြသည်။ အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မြို့ခံများပြောဆိုချက်အရ အဆိုပါပစ်ခတ်မှုအတွင်း သေဆုံးရာတွင် […]


