ပစ်ကပ်ကားအနောက်တွင် လှဲအိပ်၍ ထိုင်းသို့ တရားမဝင် လာသော မြန်မာ ၆၀ ခန့် ဖမ်းဆီးခံရ
Dawei Watch
November 18, 2025ထိုင်းနိုင်ငံ၊ ကန်ဖမ်းဖက်ခရိုင်တွင် ပစ်ကပ်ကားအနောက် လှဲအိပ်၍ တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၆၀ နီးပါးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၁၇ ရက် ညနေက ကန်ဖမ်းဖက်ခရိုင် ကိုစဖီနခွန်ဒေသတွင် ကားများဖြင့် မြန်မာနိုင်ငံသားများကို အုပ်စုလိုက် တရားမဝင် ပို့ဆောင်နေကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင် အဖွဲ့ပေါင်းစုံက လမ်းတစ်နေရာတွင် စစ်ဆေးနေခဲ့ကြောင်း ဖော်ပြသည်။ ယင်းအချိန် ကားအနောက်ပိုင်းကို ဖုံး၍ အရှိန်ဖြင့်လာနေသော ပစ်ကပ်ကားလေးစီးကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က နောက်ကလိုက်၍ တားဆီးစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၅၈ ဦးကို တွေ့ရပြီး အားလုံးသည် ကားအနောက်တွင် မှောက်အိပ်၍ ကျောပိုးအိတ်များနှင့်အတူ […]


