ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ငွေလိမ်ခံရမှုများလာ၍ အလုပ်မရခင် ငွေကြိုမပေးရန် ထိုင်းရောက် မြန်မာများကိုတိုက်တွန်း

Dawei Watch

November 25, 2024

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများသည် ဘတ်ငွေသန်းချီအထိ အလိမ်ခံရမှုများ ရှိလာရသဖြင့် အလုပ်မရခင် အလုပ်လျှောက်ထားခများကို ကြိုမပေးကြရန် အလုပ်သမားအဖွဲ့အစည်းများက တိုက်တွန်းလိုက်သည်။ ပြီးခဲ့သော နိုဝင်ဘာလ ၂၀ ရက်နေ့က မဟာချိုင်ရှိ စက်ရုံတစ်ခုတွင် အလုပ်ရရန် မြန်မာအလုပ်သမားများသည် အလုပ်လျှောက်ထားခနှင့် စာရွက်စာတမ်းကြေးများအတွက် ဘတ်ငွေ သိန်းဆယ်ချီ ကြိုတင်ပေးဆောင်ခဲ့သော်လည်း ထိုင်းအမျိုးသမီးနှစ်ဦးက လိမ်လည်ယူဆောင်၍ ထွက်ပြေးသွားခဲ့သည်။ ယင်းသတင်းကို Dawei Watch ကလည်း နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖော်ပြထားပြီးဖြစ်သည်။ အလုပ်လက်မဲ့ဖြစ်နေသော မြန်မာအလုပ်သမားအများစုက အလုပ်ရရေး ရှိစုမဲ့စု ငွေကြေးများကို ရှာဖွေချေးငှား၍ ပေးလိုက်ခြင်းဖြစ်သော်လည်း လိမ်လည်ခံလိုက်ရသဖြင့် ထပ်ဆင့် ဒုက္ခရောက်နေကြကြောင်း AAC မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။ ထို့ကြောင့် အလုပ်ရှာဖွေချိန် အလုပ်ရရန် မသေချာပါက မြန်မာအလုပ်သမားများအနေဖြင့် ပွဲစားများကို […]

ရေဖြူအခြေစိုက် စစ်ကောင်စီတပ်ရင်း ဒရုန်းဖြင့်ဗုံးချခံရ

Dawei Watch

November 24, 2024

ရေဖြူမြို့ နှင့် ကလိန်အောင်မြို့အကြားရှိ ရေး-ထားဝယ် ကားလမ်းပေါ်က စစ်ကောင်စီ ရေဖြူတပ်နယ်၏ ခြေမြန်တပ်ရင်း နှစ်ခု နိုဝင်ဘာလ ၂၃ ရက် နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးချခံရကြောင်း ဒေသခံများနှင့် ခရီးသွားများက ပြောသည်။ ခမရ ၄၀၆ နှင့် ၄၀၇ တပ်ရင်းတို့ ဗုံးချတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ခမရ ၄၀၇ တပ်ရင်းတွင် ကျရောက်ပေါက်ကွဲသည်ဟု သိရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ယင်းသို့ဗုံးချခံရပြီးနောက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်ရင်းများဘက်က လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ရေး-ထားဝယ်လမ်းကို ဖြတ်သန်းခွင့်မပြုတော့ဘဲ လမ်းပိတ်ခဲ့ကြောင်း ကားသမားများက ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၂၄ ရက် နံနက် ၇ နာရီမှသာ လမ်းဖွင့်ပေး၍ ကားများကို ပြန်လည်ဖြတ်သန်းခွင့်ရကြောင်း ၎င်းတို့က ဆိုသည်။ “တစ်ညအိပ်လိုက်ရတယ်။ ကားတွေအတော်များများပဲ။ […]

ပုလော ဇရပ်ဆိပ်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်ပြီးမြေမြှုပ်

Dawei Watch

November 24, 2024

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာသားတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး မြေမြှုပ်ထားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့်‌ ဒေသခံအချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၂၃ရက် နေ့‌လယ်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ဇရပ်ဆိပ်‌ကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် လည်လှီးသတ်ဖြတ်ထားသည့် အ‌လောင်းအား မြေမြှုပ်ထားသည်ကို တွေ့ရကြောင်း ၎င်းတို့က ပြောသည်။ လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရသည့်အလောင်းမှာ လူလတ်ပိုင်းအရွယ်အမျိုးသားဖြစ်ပြီး ဇရပ်ဆိပ်ရွာ အနောက် ပိုင်းရှိ ဘုန်းကြီးကျောင်းအနီး မြေမြှုပ်ထားသည်ကိုတွေ့ရကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “အသတ်ခံရတဲ့လူ ဘယ်သူဆိုတာကို စုံစမ်းနေတယ်။ (စစ်‌ကောင်စီတပ်) ဖမ်းဆီးထားတဲ့ အရပ်သား‌တွေရဲ့ မိသားစုဝင် တွေကို ဆက်သွယ်‌ထားတယ်။ မိသားစုဝင်တွေက စစ်ရှောင်နေကြလို့ အတည်ပြုရခက်နေတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်သားများသည် ဇရပ်ဆိပ်ရွာဘုန်းကြီး‌ကျောင်းတွင် ရက်ပေါင်းများစွာ တပ်စွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့မရှိသည့်အချိန် ဝင်ရောက်ရှင်းလင်းရာက အဆိုပါရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက […]

စပါးပေါ်ချိန် ဈေးကျ

Dawei Watch

November 24, 2024

ထားဝယ်ခရိုင်အတွင်း စပါးပေါ်ချိန် စပါးဈေးကျဆင်းနေကြောင်း လယ်သမားအချို့နှင့် စပါးအဝယ်ဒိုင်အချို့ထံမှ သိရသည်။ ပြီးခဲ့သည့်ဇွန်လ မိုးစပါးစတင်စိုက်ပျိုးချိန်က စပါးကြမ်းတစ်တင်းလျှင် ၂၃၀၀၀ ကျပ်ဝန်းကျင်၊ စပါးချော ကမာကြည် တစ်တင်းလျှင် ၃၀၀၀၀ ကျပ်ဝန်းကျင်၊ ထားဝယ်ပေါ်ဆန်းအမျိုးအစားတစ်တင်းလျှင် ၃၄၀၀၀ ကျပ်ဝန်းကျင် ဈေးပေါက်ခဲ့ကြောင်း စပါးအဝယ်ဒိုင်တို့ထံမှ သိရသည်။ ယခုလက်ရှိ စပါးပေါ်ချိန် နိုဝင်ဘာလကုန်ပိုင်းတွင်မူ စပါးကြမ်းတစ်တင်းလျှင် ၁၆၀၀၀ ကျပ်ဝန်းကျင်၊ စပါးချော ကမာကြည် တစ်တင်းလျှင် ၁၉၀၀၀ နှင့် ၂၀၀၀၀ ကြား၊ ထားဝယ်ပေါ်ဆန်းအမျိုးအစားဆိုပါက ၂၈၀၀၀ ကျပ်ဝန်းကျင်သာ ဈေးပေး ကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့က ပြောသည်။ ‌“စပါးကြမ်းနဲ့ ကမာကြည်ကတော့ ဈေးတော်တော်ကျသွားတယ်။ (ထားဝယ်) ပေါ်ဆန်းကျတော့ သူ့ဟာနဲ့သူ ဈေးရှိသေးတယ်” ဟု ထားဝယ်မြို့နယ်ရှိ လယ်သူမ ဒေါ်လွင်ခိုင်က ဆိုသည်။ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

November 23, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ မြန်မာဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် လူထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၃ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် လူတစ်ထောင်ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်း သုံးစွဲမှုတားမြစ်လှုပ်ရှားရေးအဖွဲ့က နိုဝင်ဘာလ ၂၀ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။ မြေမြှုပ်မိုင်းကြောင့် သေဆုံးမှု အများဆုံးနေရာမှာ သုံးနှစ်ဆက်ရှိနေတဲ့ ဆီးရီးယားကို ကျော်ပြီး မြန်မာက ထိပ်ဆုံးနေရာကို ပထမဆုံးအကြိမ် ရောက်ရှိလာတာပါ။ ၂၀၂၃ အတွင်းမှာ ကမ္ဘာတစ်ဝန်း မြေမြှုပ်နိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ ငါးထောင်ခုနစ်ရာကျော်ရှိတယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် […]

ရေးတွင် အာယုတောင်ရွာပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီး သုံးဦးထက်မနည်းဒဏ်ရာရ

Dawei Watch

November 23, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာပြည်သူ့စစ်အဖွဲ့ ယနေ့ နိုဝင်ဘာလ ၂၃ ရက် နံနက်ပိုင်းက တိုက်ခိုက်ခံရပြီး ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်ရှိသည့် ဦးလင်းဦးခေါင်းဆောင်သည့် ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးအဖွဲ့က ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးလင်းဦးနှင့် အဖွဲ့ဝင်နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။ “ဟိုက လာပစ်တဲ့ချိန်မှာ အုပ်ချုပ်ရေးမှူးရုံးထဲကနေလည်း ပြန်ပစ်တယ်။ လင်းဦးကတော့ ထိသွားတယ်။ တခြားထိသွားတာလည်း ရှိတယ်။ အလှူခံလာတဲ့လူတစ်ယောက်လည်း ထိသွားတယ်။ လာပစ်တဲ့အဖွဲ့က ကားနဲ့လာပြီး ပစ်သွားတာ” ဟု အာယုတောင်ရွာ ဒေသခံတစ်ဦးက ပြောဆိုသည်။ ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးလင်းဦးသည် လည်ပင်း၊ ဝမ်းဗိုက်နှင့် လက်တို့တွင် ပြင်းထန်ဒဏ်ရာရရှိပြီး […]

တပိုရွာကို စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချ၊ ထိတွေ့ပစ်ခတ်မှု တစ်ရက်လုံးဖြစ်

Dawei Watch

November 23, 2024

ပုလောမြို့နယ်၊ တပို‌ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ပြီးနောက် ဝင်ရောက်တပ်စွဲလာပြီး ယနေ့ နံနက်ပိုင်းမှ ညပိုင်းအချိန်အထိ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
‌
 ယနေ့ နိုဝင်ဘာလ ၂၃ရက် နံနက်တွင် စစ်‌ကောင်စီတပ်က တပိုရွာအတွင်းသို့ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးချသွားတယ်။ ရွာအနောက်ပိုင်းက ဦးစိုးမြင့်အိမ်နားမှာ ပေါက်ကွဲသွားတာပါ။ အရပ်သား ထိခိုက်မှုတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။ ဒရုန်းဖြင့် တိုက်ခိုက်မှုမတိုင်မီ စစ်ကောင်စီတပ်သည် ကြဲကျေးရွာနှင့် ဇရပ်ဆိပ်ကျေးရွာအနောက်ပိုင်းရှိ ဘုန်းကြီးကျောင်းတို့ တွင် တပ်စွဲထားကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။ တပိုကျေးရွာသည် ကြဲနှင့် ဇရပ်ဆိပ်ကျေးရွာတို့ အကြားတွင် တည်ရှိသည်။ ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် ကြဲ‌ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် ယနေ့ နံနက် […]

စစ်ကောင်စီတပ်က ဆင်ဒင်ရွာရှိ နေအိမ်ခြောက်လုံးကိုမီးရှို့ပြီး အရပ်သားနှစ်ဦးကိုဖမ်းဆီး

Dawei Watch

November 23, 2024

တနင်္သာရီမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းက ဆင်ဒင်ရွာသားနှစ်ဦးကို ဖမ်းဆီးပြီး နေအိမ် ၆ လုံးမီးရှို့ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ယနေ့ (နိုဝင်ဘာ ၂၃) နံနက် ၆ နာရီအချိန်တွင် တနင်္သာရီမြို့နယ်ထဲက ဇဝဲနှင့်ရမ်းဖိုကျေးရွာအကြားရှိ ကျောက်ချောင်းတောင်အနီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အရပ်သားများကို ဖမ်းဆီးကာ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ ဆင်ဒင်ရွာနေ အသက် ၆၀အရွယ် ဦးမောင်အေးနှင့် အသက် ၃၀အရွယ် ဦးချစ်ဆန်းမောင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ၎င်းတို့က ဆိုသည်။ “ရွာနားမှာ မိုင်းဆွဲခံရပြီး သူတို့ဘက်ကအထိနာလို့ ရမ်းပြီးဖမ်းဆောင်သွားတာမျိုးပါ။ ဖမ်းခေါ်သွားတဲ့ အရပ်သားနှစ်ဦးကို ခမရ ၅၅၆ ဇဝဲတပ်ရင်းထဲကိုပဲဖမ်းခေါ်သွားတာ” ဟု တနင်္သာရီရိုးမ၊ ဇုန်(၃) အဖွဲ့၏ ဇုန်တာဝန်ခံရဲဘော်အိုတူးက ပြောသည်။ မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်က ဆင်ဒင်ရွာအတွင်းဝင်ရောက်လာပြီး နေအိမ်များကို […]