သရက်ချောင်းမြို့နယ် မင်းဒပ်ရွာက နေအိမ်များကို စစ်အာဏာရှင်တပ် မီးရှို့နေ
Dawei Watch
November 23, 2025သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်သွားကားလမ်းပေါ်က မင်းဒပ်ရွာရှိ အရပ်သားနေအိမ်များကို စစ်အာဏာရှင်တပ်က ယနေ့ နိုဝင်ဘာလ ၂၃ ရက် နံနက် ၈ နာရီခန့်တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံအချို့က ပြောသည်။ “အခုမိုးလင်း စရှို့တယ်။ အိမ်တွေဘယ်လောက် မီးလောင်လဲ မသိရသေးဘူး” ဟု မင်းဒပ်ရွာက စစ်ဘေးရှောင်နေရသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။ နိုဝင်ဘာလ ၂၂ ရက် နံနက် ၁၀ နာရီခန့်တွင် ဘုတ်တောင်မှတစ်ဆင့် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဝဲရစ်ရွာနှင့် ကမြိုင်ရွာကြားတွင် တစ်နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဝဲရစ်ရွာက အမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းနောက် ယနေ့ နံနက်ပိုင်းတွင် မင်းဒပ်ရွာက အရပ်သားနေအိမ်များကို စစ်အာဏာရှင်တပ်စစ်ကြောင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဦးလေးတို့လည်း မနေ့ကတည်းက တောထဲပြေးလားရတယ်။ မနေ့က […]


