ကလေးငယ်ကို အဓမ္မပြုကျင့်မှုဖြင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို လောင်းလုံးပကဖ ဖမ်းဆီး
Dawei Watch
January 24, 2025လောင်းလုံးမြို့နယ်၊ ကျေးရွာကျေးရွာတွင် အသက် ၇နှစ်အရွယ် မိန်းကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည် ဆိုသည့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။ ယခုရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဓမ္မပြုကျင့်ခဲ့သူမှာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိသည့် ဦးအောင်မိုးဆိုသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ မိခင်ဖြစ်သူ အလုပ်ထွက်လုပ်ချိန် တစ်ယောက်တည်းရှိနေသည့် ကလေးငယ်ကို သုံးကြိမ်ထက်မနည်း အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အကြိမ်ကြိမ် မျက်မြင်တွေ့ရှိသည့် ကလေးများ၏ ပြောဆိုချက်ကို ကိုးကားကာ ဒေသခံများက ပြောဆိုသည်။ “သူ့အမေက ပလုံကောက် အဝတ်လျှော်သွားနေတုန်း ကလေးက ဟိုသွားဒီသွားသွားနေတာပေါ့။ အဲဒါကို (အဓမ္မပြုကျင့် တာကို) ကစားဖော်ကလေးတွေကတွေလို့ ပြန်ပြောရာကနေ သိရတယ်။ ကလေးကို ချော့ပြီးမေးတော့ ဖိုးအောင်မိုး လုပ်လို့ နာတယ်ဆိုပြီး ဖြေတယ်။ […]


