နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ
Dawei Watch
February 12, 2025အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါအကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။
ထိုင်းနိုင်ငံ ဖတ်ချဘွန်ခရိုင်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာစဉ် လမ်းခရီး၌ စွန့်ပစ်ခံထားရသော မြန်မာနိုင်ငံသား ၆၀ ဦးကို ဖေဖော်ဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖတ်ချဘွန်ခရိုင် ရင်စီဒေသတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညက မြန်မာနိုင်ငံသားနှစ်ဦး အစားအသောက်များ လိုက်လံတောင်းနေသည်ဟု သတင်းပေးလာသဖြင့် နယ်မြေအုပ်ချုပ်ရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ သွားရောက်စစ်ဆေးစဉ် တောထဲတွင် အစာရေစာငတ်ပြတ်နေသော မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၅ ဦးနှင့် အသက် ၁၈ နှစ်အောက် လူငယ် ၃၅ ဦး စုစုပေါင်း ၅၇ ဦးကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့ထဲတွင် ရိုဟင်ဂျာများလည်း ပါဝင်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။ […]
ထိုင်းနိုင်ငံ၏ ခရီးသွားလာရေးကဏ္ဍ ပိုမိုမြှင့်တင်နိုင်ရေး အရက်ရောင်းချသောအချိန်များကို ပြန်သုံးသပ်ရန် ဝန်ကြီးချုပ် ပေထုပ်တန်ရှင်နာဝပ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ညွှန်ကြားလိုက်သည်။ ထိုင်းလုပ်ငန်းရှင်များက ခရီးသွားကဏ္ဍ တိုးတက်လာရေး စည်းမျဉ်းတစ်ချို့ကို ဖြေလျှော့ပေးရန် တောင်းဆိုလာရာမှ ဝန်ကြီးချုပ်က ပြန်လည်သုံးသပ်ပေးရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ပြောသည်။ ထိုင်းနိုင်ငံတွင် နံနက် ၁၁ နာရီမှ နေ့လယ် ၂ နာရီအထိ၊ ညနေ ၅ နာရီမှ ည ၁၂ နာရီအထိသာ အရက်ရောင်းချခွင့် ပေးထားခြင်းဖြစ်သည်။ ယင်းကြောင့် နေ့လယ်ပိုင်းအရက်ရောင်းခွင့် မရှိသောအချိန်ဖြစ်သည့် နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီကြားကို အရက်ရောင်းခွင့်ပြုရေး ပြန်လည်သုံးသပ်ပေးရန် ဝန်ကြီးချုပ်က ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံရှိ အရက်ရောင်းချချိန်များကို […]
အရပ်ဖက်ရေးရာကိစ္စများကို ကိုင်တွယ်ဆောင်ရွက်မှု လျှော့ချပြီး စစ်ရေးကိုသာ ဦးစားပေးဆောင်ရွက်တော့မည် ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။ အရပ်ဖက်တွင်ဖြစ်ပွားနေသည့် အရေးကိစ္စအားလုံးနီးပါးတွင် ပကဖအနေဖြင့် ပါဝင်ဆောင်ရွက်တော့မည်မဟုတ်ဘဲ စစ်ရေးကိစ္စတစ်ခုကိုသာ ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အထက်ပါကိစ္စကို လောင်းလုံး ပကဖ လက်အောက်ရှိ တပ်ဖွဲ့အသီးသီး၏ တာဝန်ခံများထံ အကြောင်းကြားအသိပေးထားပြီးဖြစ်ကြောင်း ရဲဘော်ရှဲဒိုးက ပြောဆိုသည်။ “အဓိက ကတော့ အရပ်ဖက်ကိစ္စတွေက ပြောစရာများတယ်။ အရပ်ဖက်ကိစ္စတွေဟာ ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) က လုပ်ရမယ့်ကိစ္စတွေမျိုး။ ကျွန်တော်တို့အနေနဲ့က ဝင်ထမ်းပေးတဲ့သဘောပဲရှိတာ။ ဖြစ်လာရင် ကျွန်တော်တို့ (ပကဖအဖွဲ့) ကိုပဲ ပြည်သူတွေက အထင်လွဲ၊ အမြင်လွဲဖြစ်ကြတယ်။ အဲဒါကြောင့် ဒီလို (အရပ်ဖက်ကိစ္စတွေကို) ကျွန်တော်တို့ရှောင်မယ်။ ကျွန်တော်တို့ စစ်ရေးကိစ္စတစ်ခုတည်းကိုပဲ ဆက်သွားတော့မယ်” […]
ဘုတ်ပြင်းနှင့် လောင်းလုံးမြို့နယ်အပါအဝင် တိုင်းအတွင်းရှိဒေသအချို့တွင် ဓနိဖက်ဈေး နှစ်ဆခန့်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ တိုက်ပွဲများနှင့် နယ်မြေမအေးချမ်းမှုကြောင့် ဓနိဖက် (ခုတ်သူ) လုပ်ငန်းလုပ်သူ မရှိသလောက်နည်းပါးလာသည့်အတွက် ဈေးတက်လာခြင်းဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ်ရှိ ဓနိဖက်လုပ်သူများက ပြောသည်။ ယမန်နှစ် နှစ်လယ်က ဓနိဖက် (အချပ်ရေ) တစ်ထောင်လျှင် ကျပ် ခုနစ်သောင်းဝန်းကျင်သာဈေးရှိရာက လက်ရှိအချိန်တွင် ကျပ်တစ်သိန်းခွဲဝန်းကျင်အထိ ဈေးမြောက်နေကြောင်း လေညာကျေးရွာရှိ ဓနိဖက်လုပ်သူများက ဆိုသည်။ “ဈေးကောင်းပေမယ့် ဓနိဖက်လုပ်တဲ့သူတွေတော့ နည်းလာတယ်။ ရောင်းအားကတော့ အရင်အတိုင်းပါပဲ၊ မကျဘူး” ဟု ဘုတ်ပြင်းမြို့နယ်မှ ဓနိဖက်လုပ်ငန်းလုပ်နေသည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ လောင်းလုံးမြို့နယ်တွင် ယမန်နှစ်က ဓနိဖက်တစ်ထောင်လျှင် တစ်သိန်းသုံးသောင်းကျပ်နှင့် တစ်သိန်းငါးသောင်းကြား ဈေးရှိသော်လည်း ယခုနှစ်တွင် ကျပ်နှစ်သိန်းအထိ ပေးဝယ်နေရကြောင်း ဒေသခံများက ပြောသည်။ ယခုနှစ်တွင် ဓနိဖက်တစ်ထောင်လျှင် ကျပ်ငါးသောင်းဝန်းကျင်ဈေးတက်ကြောင်း […]
ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တွင် စစ်ကောင်စီက ယခုရက်သတ္တပတ်အတွင်း အင်အားအများအပြားဖြင့် တပ်ဖြန့်လှုပ်ရှားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်ရှိ ကျေးရွာအုပ်စုများ၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် တည်ရှိ နေသည့် ဇာဒီကျေးရွာအုပ်စုဘက်သို့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဖေဖော်ဝါရီလ ၁၀ရက်တွင် ကံပေါက်နှင့် ဇာဒီကို ဆက်သွယ်ထားသည့် လမ်းဟောင်းရှိ ပယရွာ အနောက်ဘက် တောင်ကြောတွင် စစ်ကောင်စီ အင်အား နှစ်ရာခန့် တောနင်းရှာဖွေခဲ့ကြောင်း ဇာဒီဒေသခံများက ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၁ရက်တွင်မူ ပယရွာရှားကုန်းမှ စစ်ကောင်စီတပ်သားများ ဇာဒီရွာဘက်သို့ ဆင်းသွားပြီး ဇာဒီရွာ၊ သစ်လှတောရပ်ကွက်အထိရောက်ရှိပြီးနောက် ရွာအတွင်းသို့ ဝင်ရောက်လာခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း ရွာသားများက ပြောသည်။ “အခုထိတော့ ဘာမှ မဖြစ်သေးဘူး။ စစ်သားတွေ ဆင်းလာတော့ […]
ရေဖြူမြို့နယ်၊ တောင်ရင်းအင်းရွာက အသက် ၁၇ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး ဖမ်းဆီးခံရပြီး ငါးရက်ကြာအထိ ပြန်လည်မလွတ်မြောက်သေးကြောင်း ရွာသားများက ပြောသည်။ ကံပေါက်တိုက်နယ်၊ ဖားချောင်းကျေးရွာအုပ်စု တောင်ရင်းအင်းရွာသား အဆိုပါလူငယ်ကို စစ်ကောင်စီ၏ မောရဝတီ ရေတပ်က ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းတွင် ဖမ်းဆီးသွားကြောင်း ၎င်းတို့က ဆိုသည်။ ဂန့်ဂေါ်တောင်ရွာထိပ်ရှိ စက်သုံးဆီဆိုင်တွင် ဆီဖြည့်ပြီး ပြန်ထွက်လာစဥ် ကားဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီ တပ်သားများနှင့် တွေ့၍စစ်ဆေးခံရပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တောင်ရင်းအင်းရွာသားတစ်ဦးက ပြောဆိုသည်။ “ဖုန်းထဲမှာ ဘာတွေ့လဲတော့ မသိဘူး။ သူနဲ့ သူ့သူငယ်ချင်း နှစ်ယောက်အတူတူ အစစ်ခံရတာ သူ့ကိုပဲ ဖမ်းခေါ်သွားတယ်” ဟု ၎င်းက ပြောသည်။ ဖမ်းဆီးသွားပြီးကတည်းက မိသားစုက တွေ့ခွင့်ရရန် လိုက်လံဆက်သွယ်နေသော်လည်း တွေ့ခွင့်မရသေးဘဲ ယနေ့ […]
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားအချို့ နေရာပြောင်းရွှေ့နေကြကြောင်း မြို့ခံအချို့က ပြောသည်။ ဘုရားသုံးဆူမြို့အတွင်း တရားမဝင် ဝင်ရောက်ကာ စားသောက်ကုန်ရောင်းချခြင်း၊ ကာစီနိုလောင်းကစားရုံလုပ်ငန်းများနှင့် ဂိမ်းရုံများတွင် လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသားများသည် ဖေဖော်ဝါရီလ ၂၈ရက် မတိုင်မီ အမြန်ဆုံးထွက်ခွာပေးကြရန် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ အမှတ် ၂ နည်းဗျူဟာက ဖေဖော်ဝါရီလ ၉ ရက်တွင် ထုတ်ပြန်သည်။ ထိုသို့ ထုတ်ပြန်ပြီးနောက် တရုတ်နိုင်ငံသားအချို့သည် ဘုရားသုံးဆူမြို့ပြင်ရှိ DKBA က ဆောက်လုပ်ထားသည့် အဆောက်အအုံနေရာသို့ အဓိကပြောင်းရွှေ့နေကြောင်း မြို့ခံတို့က ဆိုသည်။ သို့သော် တရုတ်နိုင်ငံသားအများစုမှာ မြို့ပေါ်တွင် ကျန်နေသေးကြောင်း မြို့ခံတို့က ပြောဆိုသည်။ “စာထုတ်တဲ့နေ့ကတည်းက တရုတ်တချို့ကတော့ မြို့အပြင်ဘက် သူတို့ (DKBA) အဆောက်အအုံ ဆောက်ထားတဲ့ နေရာဘက်ပြောင်းရွှေ့သွားတာရှိတယ်။ […]