လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရန် လှုံဆော်
Dawei Watch
March 8, 2025ယနေ့ တိုက်ပွဲဖြစ်ပွားနေသည့် လောင်းလုံးမြို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရန် စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်တစ်ခုက လှုံဆော်ရေးသားလျက်ရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်တို့က လောင်းလုံးမြို့ကို ယနေ့ မတ်လ ၈ ရက် နံနက်ပိုင်းမှစပြီး ဝင်ရောက်တိုက်ခိုက်လျက်ရှိရာ နှစ်ဖက်ပစ်ခတ်သံများ ထွက်ပေါ်နေဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ထိုသို့ ဝင်ရောက်တိုက်ခိုက်နေချိန် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် အမဲလိုက်မုဆိုးကြီး သတင်းအမှန် ချယ်နယ်က လောင်းလုံးမြို့ပေါ်ကို လေကြောင်းဖြင့် ဗုံးကြဲရန် လှုံဆော်ရေးသားဖြန့်ချိနေသည်။ လောင်းလုံးမြို့ အထက်တန်းကျောင်း ခပ်လှမ်းလှမ်းရှိ ဝတ်တက်ကျောင်းနေရာ၊ ညောင်ပင်ကြီးလမ်းဆုံနေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရန် Google Maps တွင် တည်နေရာဖော်ပြပြီး လှုံဆော်ရေးသားနေခြင်းဖြစ်သည်။ ယင်းအပြင် လောင်းလုံးမြို့နှင့် ထိစပ်နေသည့် ဝေဒီ၊ စစ်ပြဲ၊ လေးသွန်းခံအပြင်၊ သပြေရှောင်ကျေးရွာများကိုလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရန် လှုံဆော်ဖြန့်ဝေလျက်ရှိနေသည်။ စစ်ကောင်စီတပ်က […]


